Sunday, May 25, 2025

မယ်ဆိုင်ချောင်းရေ ပြန်လည်ကျဆင်း၊ စောင့်ကြည့်နေရသည့် အခြေအနေတွင်...

ယနေ့ မေ (၂၅)ရက် နံနက်ပိုင်းအချိန်တွင် မယ်ဆိုင်ချောင်းရေမှာ (၂၄၀) စင်တီမီတာတွင် ရောက်ရှိနေကာ ပြန်လည်ကျဆင်းနေသည်ဆိုသော်လည်း ချောင်းရေ အတက်အကျကို စောင့်ကြည့်နေရသည့် အခြေအနေတွင်ရှိဆဲဖြစ်ကြောင်း...

ရန်ကုန်ပြည်သူ့‌ဆေးရုံ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်း‌ရေး အထူးကုဌာနအား...

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်း‌ရေး အထူးကုဌာနတွင် ပြင်ပလူနာများအား တစ်ရက်လျှင် အချိန်(၂)ချိန်ခွဲ၍ ကြည့်ရှု့ကုသပေးနေပြီဖြစ်ကြောင်း အသိပေးထားသည်။ ပြင်ပလူနာများအနေဖြင့် နေ့စဉ် ရုံးဖွင့်ရက်များ၌ နံနက် (၈)...

China – ASEAN ပိုက်ကျော်ခြင်း...

တရုတ်နိုငံတွင် ဇွန်(၁)ရက်မှ ဇွန်(၄)ရင်အထိ ကျင်းပမည့် China - ASEAN ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့အား Glory...

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူ များတက်ရောက်နိုင်ရေးအတွက် Polytechnic Institute...

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူများတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊...
HomeNewsLocal Newsဘုရားမီးပူဇော်ရာမှ ယာယီကျောင်းဆောင်မီးလောင်ကျွမ်း၊ အသက်(၁၀)နှစ်အရွယ်ကိုရင်တစ်ပါးပျံလွန်တော်မူခဲ့မှု...

ဘုရားမီးပူဇော်ရာမှ ယာယီကျောင်းဆောင်မီးလောင်ကျွမ်း၊ အသက်(၁၀)နှစ်အရွယ်ကိုရင်တစ်ပါးပျံလွန်တော်မူခဲ့မှု သီပေါမြို့နယ်တွင်ဖြစ်ပွား

ရှမ်းပြည်နယ်၊သီပေါမြို့၊စံဖိတ်ကျေးရွာရှိ မဏိရတနာစံဖိတ်ဘုန်းတော်ကြီးကျောင်းရှိ ယာယီကျောင်းဆောင်တွင် ဖေဖော်ဝါရီ ၁၃ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့ည ၉ နာရီ ၄၅ မိနစ်ခန့်က သီပေါမြို့၊စံဖိတ်ကျေးရွာရှိ မဏိရတနာစံဖိတ်ဘုန်းတော်ကြီးကျောင်းရှိ ယာယီကျောင်းဆောင်တွင် မီးလောင်မှုဖြစ်ပွား၍ သီပေါမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်မှုကြောင့် ည ၁၀ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးလောင်မှုကြောင့် ယာယီကျောင်းဆောင်ပေါ်၌ အိပ်ပျော်နေသည့် အသက်(၁၀)နှစ်အရွယ်ခန့်ရှိ ကိုရင်တစ်ပါးပျံလွန်တော်မူခဲ့ပြီး ယာယီကျောင်းဆောင်မှာလည်း ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု လူမှုကူညီရေးအသင်းများမှ သိရသည်။

“ယာယီအဆောင်ပေါ့ အခုမီးလောင်တဲ့ကျောင်းဆောင်က အောက်ခံခွက်မပါဘဲဘုရားမီးပူဇော်ရာကနေ ဘုရားကျောင်းဆောင်ကိုမီးစွဲပြီး အဲဒီကနေတဆင့်လောင်သွားတာ ၄၅ မိနစ်ပျော်လောက်ကြတယ် မီးငြှိမ်းရတာ ကိုရင်လေးတစ်ပါးပျံလွန်တော်မူသွားတယ် တခြားထိခိုက်တဲ့သူတော့မရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ပျံလွန်တော်မူသွားသည့် ကိုရင်၏ရုပ်အလောင်းအား လူမှုကူညီရေးအသင်းဝင်များက ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မယ်ဆိုင်ချောင်းရေ ပြန်လည်ကျဆင်း၊ စောင့်ကြည့်နေရသည့် အခြေအနေတွင် ရှိဆဲဟုဆို

ယနေ့ မေ (၂၅)ရက် နံနက်ပိုင်းအချိန်တွင် မယ်ဆိုင်ချောင်းရေမှာ (၂၄၀) စင်တီမီတာတွင် ရောက်ရှိနေကာ ပြန်လည်ကျဆင်းနေသည်ဆိုသော်လည်း ချောင်းရေ အတက်အကျကို စောင့်ကြည့်နေရသည့် အခြေအနေတွင်ရှိဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယမန်နေ့ မေလ (၂၄)ရက် ညပိုင်းက မယ်ဆိုင်ချောင်းရေမှတ်မှာ(၃၁၆) စင်တီမီတာသို့ ရောက်ရှိနေရာမှ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ "ရေကတော့ ကျသွားပြီး၊ မိုးလာပြီဆိုတော့ ချောင်းရေကအမြဲ စောင့်ကြည့်ရမယ့်အခြေအနေပါ။ နောက်ပိုင်း မိုးရက်ဆက်ရွာရင်ချောင်းရေက ဒီလိုပဲတက်နေမှာပဲ။ ဒါကလည်း နှစ်စဉ်ကြုံ တွေ့နေရတဲ့ဟာပေါ့။ နှစ်နိုင်ငံတာဝန်ရှိသူတွေလည်း ကြိုတင်ဆောင်ရွက်သင့်တာတွေ ဆောင်ရွက်နေကြပါတယ်။ အဓိက အမှိုက်ပြဿနာပေါ့။ ချောင်းရေကလည်း...

ရန်ကုန်ပြည်သူ့‌ဆေးရုံ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်း‌ရေး အထူးကုဌာနအား တစ်ရက်လျှင် (၂)ချိန်ခွဲ၍ ကုသပေးနေ

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်း‌ရေး အထူးကုဌာနတွင် ပြင်ပလူနာများအား တစ်ရက်လျှင် အချိန်(၂)ချိန်ခွဲ၍ ကြည့်ရှု့ကုသပေးနေပြီဖြစ်ကြောင်း အသိပေးထားသည်။ ပြင်ပလူနာများအနေဖြင့် နေ့စဉ် ရုံးဖွင့်ရက်များ၌ နံနက် (၈) နာရီမှ(၁၂)နာရီအထိတစ်ကြိမ်၊ မွန်းလွှဲ (၂)နာရီမှ (၄)နာရီအထိ တစ်ကြိမ် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၊ လေးထပ်ဆောင်သစ် မြေညီထပ်တွင် ကြည့်ရှု ကုသပေးလျက်ရှိသည်ဟု ဆိုသည်။ အဆိုပါ ပြင်ပလူနာဌာနအား ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး (New YGH)လေးထပ်ဆောင်သစ်သို့ ဧပြီ (၁၀) ရက်မှစတင်ကာ ပြောင်းရွှေ့ဖွင့်လှစ်ထားခြင်းဖြစ်ပြီး လေ့ကျင့်ခန်များဖြင့် ကုသခြင်း၊ စက်များဖြင့် ကုသခြင်းများ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

China – ASEAN ပိုက်ကျော်ခြင်း ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ့အား Glory Sport က အားကစားဝတ်စုံများ ပံ့ပိုး

တရုတ်နိုငံတွင် ဇွန်(၁)ရက်မှ ဇွန်(၄)ရင်အထိ ကျင်းပမည့် China - ASEAN ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့အား Glory Sport က အားကစားဝတ်စုံများ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲအတွက် လိုအပ်သည့် ပြိုင်ပွဲဝင်ဂျာစီ၊ ပိုလိုရှပ်များ၊ Tracksuit များအပြင် အခြားအသုံးအဆောင်များအားပေးအပ်ခဲ့ပြီး 2025 SEA Games ပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်နေသည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့အတွက်လည်း လိုအပ်သည့် Training Jersey များကိုလည်း ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။ Glory Sport...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071