Tuesday, May 20, 2025

နိုင်ငံတစ်ခုတိုးတက်ရေးအတွက် စီးပွားရေးအား ကောင်းရန်လို

နိုင်ငံတစ်ခုတိုးတက်ရေးအတွက် စီးပွားရေးအား ကောင်းရန်လိအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မေ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "...

လားရှိုးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းအချို့ မေ (၂၂)...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းအချို့တွင် ကျောင်းအပ်လက်ခံမှုများကို ယခုလ မေ (၂၂)ရက်မှ စတင်၍ လုပ်ဆောင်ပေးသွားမည်ဖြစ်သည်ဟု ဒေသအခြေစိုက် ကိုယ်ပိုင်အထက်တန်းကျောင်း တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို...

ပင်းပက် သံမဏိစက်ရုံလည်ပတ်ရေး အပြီးသတ်လုပ်ငန်းဆောင်ရွက်နေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) လည်ပတ်နိုင်ရေးအတွက် အပြီးသတ်စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း သိရသည်။ လက်ရှိတွင် စက်များတပ်ဆင်ရေးလုပ်နိုင်ရန်အတွက် ရုရှားနိုင်ငံ...

ပဋိပက္ခဖြေရှင်းရေးသဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ကြောင်း ဇယ်လင်စကီးအတည်ပြု

ယူကရိန်းသည် ရုရှားနှင့်ဖြစ်ပွားနေသော ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ကြောင်းနှင့် ၎င်း၏အမြင်ကို တင်ပြရန် ရုရှားဖက်မှ အဆိုပြုချက်များကို စောင့်မျှော်နေကြောင်း သမ္မတဗလာဒီမီဇယ်လင်စကီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်...
HomeNewsLocal Newsဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်...

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လွှတ်တော်လမ်းကြောင်းသို့ မဖြစ်မနေသွားရမည်ဟု နစက ဥက္ကဋ္ဌပြော

ဖွဲ့စည်းပုံပြင်ဆင်‌ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လက်ခံထားပြီး လိုအပ်သည့် ပြင်ဆင်မှုများ လုပ်ဆောင်ရန် လွှတ်တော်လမ်းကြောင်းသို့ မဖြစ်မနေသွားရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ဖေဖေါ်ဝါရီ (၉) ရက်က ပြုလုပ်သည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်ပတ်သက်သည့် လမ်းညွှန်မှာကြားသည့် အစည်းအ‌ဝေးတွင် ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

” ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ရှိအခြေအနေနှင့် သင့်လျော်သည့် လိုအပ်သောပြင်ဆင်မှုများ ဆောင်ရွက်ရမည်ကို မိမိတို့အနေဖြင့် လက်ခံပြီးဖြစ်ပါတယ်။ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ပြီးတော့ မိမိတို့နိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို သွားရမှာဖြစ်တဲ့အတွက် လွှတ်တော်လမ်းကြောင်းကို မဖြစ်မနေသွားရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

နိုင်ငံတော် အာဏာကို ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်မှ စတင်တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကိုချမှတ်ကာ အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် တတိယအချက်ဖြစ်သည့်  စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကိုလည်း  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၀၈ ခုနှစ်က ပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မဲပေးခွင့်ရှိသူများအနက် ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း ထောက်ခံမဲပေးပြီး အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ရန် နားလည်လက်ခံထားကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်၍ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် လွတ်တော်တွင်းမှ ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း တပ်မတော်၏ ထောက်ခံမှု လိုအပ်သည့် အရေးကြီး ပုဒ်မများ ပြင်ဆင်နိုင်ခဲ့ခြင်းမရှိဘဲ အချက်အနည်းငယ်သာ ပြင်ဆင်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံသည် တပ်မတော်၏ အာဏာတည်မြဲရေးအတွက် ရည်ရွယ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံဖြစ်သည့်အတွက် ယင်းဥပဒေအား ဖျက်သိမ်းပစ်ကာ ဖွဲ့စည်းပုံ အသစ်တရပ် ပြန်လည်ရေးဆွဲ ပြဌာန်းသင့်ကြောင်း ထောက်ပြပြောဆိုမှုများလည်းရှိနေပြီး တပ်မတော်အနေဖြင့်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို စောင့်ရှောက်ရန် တာဝန်ရှိကြောင်း အခိုင်အမာ ပြောဆိုထားပြီးလည်း ဖြစ်သည်။

ယင်းသို့ ပြောဆိုထားသော်လည်း ယခုနောက်ပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လက်ခံထားကြောင်း မကြာခဏ ထုတ်ဖော်ပြောကြားလျက်ရှိနေခြင်းလည်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတစ်ခုတိုးတက်ရေးအတွက် စီးပွားရေးအား ကောင်းရန်လို

နိုင်ငံတစ်ခုတိုးတက်ရေးအတွက် စီးပွားရေးအား ကောင်းရန်လိအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မေ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံတစ်ခုတိုးတက်ဖို့အတွက် စီးပွားရေးအရအားကောင်းဖို့လိုအပ်ပါတယ်။ အဲ့လို စီးပွားရေးအားကောင်းအောင်ဆောင်ရွက်ဖို့အတွက် အစိုးရတစ်ရပ်အနေနဲ့ တာဝန်ရှိပါတယ်။ နိုင်ငံရဲ့ GDP ဟာ အိမ်နီးချင်းနိုင်ငံတွေထက်လျော့နည်းနေတာကြောင့် မိမိတို့အနေနဲ့ အခုထက်ပိုမိုကြိုးပမ်း ဆောင်ရွက်သွားရဦးမှာဖြစ်ပါတယ်"ဟု နစကဥက္ကဋ္ဌကပြောသည်။ ထို့ကြောင့် အစိုးရအနေဖြင့် မူဝါဒကိုသာချမှတ်ပေးမည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်များမှအောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကာ အလုပ်လုပ်နိုင်အောင်ဖန်တီးပေးရန်နှင့် တို-က်တွန်းပေးရန်မှာ အစိုးရတွင်တာဝန်ရှိပြီး မိမိတို့အနေဖြင့် ချေးငွေများထုတ်ပေးခြင်း၊ လိုအပ်သည်များ ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။ "...

လားရှိုးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းအချို့ မေ (၂၂) ရက်တွင် ကျောင်းအပ်လက်ခံမည်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းအချို့တွင် ကျောင်းအပ်လက်ခံမှုများကို ယခုလ မေ (၂၂)ရက်မှ စတင်၍ လုပ်ဆောင်ပေးသွားမည်ဖြစ်သည်ဟု ဒေသအခြေစိုက် ကိုယ်ပိုင်အထက်တန်းကျောင်း တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။ ယခု ပညာသင်နှစ်အတွက် ကိုယ်ပိုင်အထက်တန်းကျောင်းအချို့တွင် KG တန်းမှ G 12 အထိ အတန်းအားလုံးကို မေလ (၂၂) ရက်မှစတင်လက်ခံမည်ဖြစ်ပြီး ဘော်ဒါဆောင်နေထိုင်လိုသည့် ကျောင်းသား/သူများကိုလည်း G 3 မှ G 12 အထိ ဖွင့်လှစ်သွားမည်ဖြစ်သည့်အပြင် နေ့တက်ကျောင်းကားများကိုလည်း စီစဉ်ပေးမှုများလည်းရှိကြောင်း ဆိုသည်။ " ကျွန်တော်တို့ အစိုးရကျောင်းတွေ...

ပင်းပက် သံမဏိစက်ရုံလည်ပတ်ရေး အပြီးသတ်လုပ်ငန်းဆောင်ရွက်နေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) လည်ပတ်နိုင်ရေးအတွက် အပြီးသတ်စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း သိရသည်။ လက်ရှိတွင် စက်များတပ်ဆင်ရေးလုပ်နိုင်ရန်အတွက် ရုရှားနိုင်ငံ TPE CO., Ltd မှ ကျွမ်းကျင်ပညာရှင်များ ရောက်ရှိနေပြီဖြစ်‌သည်။ အဆိုပါ ရုရှားပညာရှင်အဖွဲ့သည် စက်ရုံရှိ Air Separation Unit ၌ တပ်ဆင်ထားရှိသည့် စက်ပစ္စည်း ကိရိယာများကို စစ်ဆေးရန်နှင့် အပြီးသတ်လုပ်ငန်းများဆောင်ရွက်ရန်ရောက် ရှိနေခြင်းလည်း ဖြစ်သည်။ ပင်းပက်သံမဏိစက်ရုံစီမံကိန်းသည် ပင်းပက်ဒေသမှထွက်ရှိမည့် စက်မှုတွင်းထွက်ကုန်ကြမ်းဖြစ်သည့် အရည်အသွေးနိမ့် သတ္တုရိုင်းကို အခြေခံပြီး သံစိမ်းအဖြစ် ထုတ်လုပ်နိုင်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071