Looking for something?

Explore the website

Looking for something?

Tuesday, June 10, 2025

ရုရှားရေတပ်ကိုအကြီးစားပြင်ဆင်မွမ်းမံမည့်အစီအစဉ်ပူတင် အတည်ပြု

ရုရှားကို ကမ္ဘာ့ထိပ်တန်းရေကြောင်း အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ရန် ရည်ရွယ်သော ရေရှည် ရေတပ်မဟာဗျူဟာအစီအစဉ်သစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အတည်ပြုလိုက်ကြောင်း ခရမ္မလင် လက်ထောက်အရာရှိ တစ်ဦးဖြစ်သည့်...

မြန်မာ့ ငလျင်ပြန်လည်ထူထောင်ရေးအပိုင်းများတွင် ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းက...

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး အပိုင်းများတွင် ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းက...

ပဲခူးမြစ်ရေကြီးနိုင်ချေရှိခြင်းကြောင့် သတိပြုနေထိုင်ရန် အသိပေးနှိုးဆော်

ပဲခူးမြစ်ရေကြီးနိုင်ချေရှိခြင်းကြောင့် အနိမ့်ပိုင်းနေရပ်ကွက်များ သတိပြုနေ ထိုင်ကြရန် ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က မိုး/ဇလ၏ အသိပေးချက်အပေါ် ကိုးကား၍ ယနေ့ နံနက်ပိုင်းတွင် အသိပေးနှိုးဆော်ထားသည်။ ယနေ့ ဇွန်လ...

ရခိုင်တိုင်းရင်းသားများပါတီ၏ ပါတီတည်ထောင်ခွင့်လျောက်ထားချက်ကို UEC ခွင့်ပြု

ရွေးကောက်ပွဲဝင်ပြိုင်ရန် ပါတီတည်ထောင်ခွင့်လျောက်ထားလာသည့် ရခိုင်တိုင်းရင်းသားများပါတီ(Rakhine Nationalities Party) ကို နိုင်ငံရေးပါတီတည်ခွင့်လျောက်ထားချက်ကို ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်...
HomeNewsLocal News၁၀ လအတွင်း တွင်းထွက်သယံဇာတ...

၁၀ လအတွင်း တွင်းထွက်သယံဇာတ တင်ပို့မှုမှ ဒေါ်လာသန်း ၂၃၀ ကျော် ရရှိထား

လက်ရှိဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ တွင်းထွက်သယံဇာတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၄၇၇ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဧပြီလမှ ဇန်နဝါရီလအတွင်း အစိုးရကဏ္ဍမှ တွင်းထွက်သယံဇာတင်ပို့မှု ကန်ဒေါ်လာ ၂၃ ဒသမ ၄၃ သန်းရှိပြီး ပုဂ္ဂလိကကဏ္ဍမှ ကန်ဒေါ်လာ ၂၁၂ ဒသမ ၀၄ သန်းဖိုးရှိကြောင်း သိရသည်။ အဆိုပါ ပို့ကုန်ရငွေသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူတွင် ရရှိခဲ့သည့် တွင်းထွက်သယံဇာတ ရောင်းချရမှုတန်ဖိုး ကန်ဒေါ်လာ (၅၆၄) သန်းနှင့် နှိင်းယှဉ်ပါက အဆိုပါ တင်ပို့မှုပမာဏသည် ဒေါ်လာသန်း (၃၃၀) သန်းခန့် လျော့နည်းသွားခြင်း ဖြစ်သည်။

ပြည်ပသို့ တင်ပို့ရောင်းချသည့် တွင်းထွက်အမယ်များထဲတွင် ကျောက်မျက်ရတနာ၊ ရွှေ၊ ကျောက်စိမ်း၊ ပုလဲ၊ စိန်၊ အဖြိုက်နက်၊ သံဖြူ၊ ငွေ၊ ကြေးနီ၊ သွပ်၊ မီးသွေးနှင့် အခြားသော တွင်းထွက်သယံဇာတများ ပါဝင်ကြောင်း သိရသည်။

ယင်းအပြင် အမျိုးသားစီမံကိန်းဥပဒေ၏ ရည်မှန်းချက်အရ မြန်မာနိုင်ငံသည် ယခုနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံနှင့် သွင်းကုန်ဝင်ငွေ ကန်ဒေါ်လာ ၁၄ ဘီလီယံ ရရှိရန် ရည်မှန်ထားကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားရေတပ်ကိုအကြီးစားပြင်ဆင်မွမ်းမံမည့်အစီအစဉ်ပူတင် အတည်ပြု

ရုရှားကို ကမ္ဘာ့ထိပ်တန်းရေကြောင်း အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ရန် ရည်ရွယ်သော ရေရှည် ရေတပ်မဟာဗျူဟာအစီအစဉ်သစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အတည်ပြုလိုက်ကြောင်း ခရမ္မလင် လက်ထောက်အရာရှိ တစ်ဦးဖြစ်သည့် နီကိုလိုင် ပါထရူရှက်ဗ်က ပြောကြားခဲ့သည်။ “၂၀၅၀ ပြည်နှစ်အထိ ရုရှားရေတပ် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ” ဟု အမည်ပေးထားသည့် အဆိုပါ မဟာဗျူဟာအစီအစဉ်ကို မေလနှောင်းပိုင်းတွင် ပူတင်က လက်မှတ်ရေးထိုးခဲ့သည်ဟု တနင်္လာနေ့က ထုတ်လွှင့်ခဲ့သော ArgumentiI Fakti သတင်းစာနှင့် အင်တာဗျူးတွင် ပါထရူရှက်ဗ်က ထုတ်ဖော်ပြောဆိုခဲ့သည်။ “ကမ္ဘာ့အကြီးကျယ်ဆုံး ရေကြောင်းအင်အားကြီးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံရဲ့ အနေအထားက...

မြန်မာ့ ငလျင်ပြန်လည်ထူထောင်ရေးအပိုင်းများတွင် ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းက နည်းပညာပိုင်းပူးပေါင်းပါင်ရေး ဆွေးနွေး

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး အပိုင်းများတွင် ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းက နည်းပညာပိုင်းပူးပေါင်းပါဝင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးမှုကို ယမန်နေ့ ဇွန် (၉) ရက်က ပြုလုပ်ခဲ့ကြခြင်းဖြစ်ကာ မန္တလေးနှင့် စစ်ကိုင်းတို့တွင် ဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို သွားရောက်ကွင်းဆင်း လေ့လာခဲ့သော ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းမှ ကိုယ်စားလှယ် (၃)ဦးတို့၏ လေ့လာတွေ့ရှိချက်များ ပြန်လည်ရှင်းလင်းပြီးနောက် ပူးပေါင်းပါဝင်မည့် အစီအစဉ်များကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ...

ပဲခူးမြစ်ရေကြီးနိုင်ချေရှိခြင်းကြောင့် သတိပြုနေထိုင်ရန် အသိပေးနှိုးဆော်

ပဲခူးမြစ်ရေကြီးနိုင်ချေရှိခြင်းကြောင့် အနိမ့်ပိုင်းနေရပ်ကွက်များ သတိပြုနေ ထိုင်ကြရန် ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က မိုး/ဇလ၏ အသိပေးချက်အပေါ် ကိုးကား၍ ယနေ့ နံနက်ပိုင်းတွင် အသိပေးနှိုးဆော်ထားသည်။ ယနေ့ ဇွန်လ (၁၀)ရက်၌ ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် (၆) ပေခန့်သာလိုပြီး ယနေ့ မြစ်ရေတက်နှုန်းမှာ ၂၄ နာရီအတွင်း (၅) ပေကျော် ရှိကြောင်းတွေ့ရသည်ဟုဆို သည်။ နောက် (၂၄)နာရီအတွင်း ပဲခူးမြစ်အထက်ပိုင်း(ဇောင်းတူ)နှင့် ပဲခူးမြို့ပေါ်တွင် မိုးသည်းထန်စွာ ရွာနိုင်သည့်အတွက် နောက် (၄၈) နာရီအတွင်း ပဲခူးမြစ်၏ စိုးရိမ်ရေမှတ် (၂၈ဒဿမ ၈၇...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071