Looking for something?

Explore the website

Looking for something?

Wednesday, June 11, 2025

အယ်လ်အေမြို့လယ်‌ခေါင်မှာ နေဝင်မီးငြီမ်းအမိန့် ပြဌာန်း

လော့ဆန်းဂျလိစ်သို့ တပ်များ စုစည်းချထားစေကာ အခြားပြည်နယ်များကိုလည်း အလားတူ မငြိမ်သက်မှုများအတွက် ပြင်ဆင်ထားရန် သတိပေးခဲ့သည့် သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို အာဏာအလွဲသုံးစားလုပ်နေသည်ဟု ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး...

ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာတွင် အရေးပေါ်ကယ်ဆယ်ရေး ရေပြင်၊...

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ၊ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေးကော်မတီနှင့် Emergency Medical Services Myanmar အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့်...

ယနေ့မှ ဇွန်(၁၆) ရက်အထိ မိုးသည်းထန်ပြီး...

မုတ်သုံ‌လေနှင့် လေပွေလှိုင်းအရှိန်များကြောင့် ဒေသအများစုတွင် မိုးသည်းထန်ပြီး လေပြင်းတို-က်ခြင်း၊ သဘာဝဘေးတွေ့ခြင်းမျိုးဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။ ယနေ့မှစ၍ ဇွန်(၁၆)ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊...

ငလျင်သင့် ပြည်သူများအတွက် KBZ Center...

အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် အခက်အခဲကြုံတွေ့ခဲ့ရသည့် ငလျင်သင့် ပြည်သူများအတွက် KBZ Center Mandalay တွင် အထူးချေးငွေဌာနများဖွင့်လှစ်၍ အမြန်ဆုံးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ အထူးချေငွေဌာနများ...
HomeNewsLocal Newsမြန်မာသို့ နှစ်လအတွင်း ထိုင်းခရီးသွားအများဆုံးဝင်ရောက်လာဟု...

မြန်မာသို့ နှစ်လအတွင်း ထိုင်းခရီးသွားအများဆုံးဝင်ရောက်လာဟု UMTA ဥက္ကဋ္ဌပြော

၂၀၂၃ ခုနှစ်၏ နှစ်လအတွင်း ပြည်တွင်းသို့ ထိုင်းနိုင်ငံမှ ခရီးသွားဧည့်သည်အများဆုံး လာရောက်လည်ပတ်မှုရှိကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ခရီးသွားရာသီအစတွင် အစကောင်းခဲ့သော်လည်း ဒေသတွင်းမငြိမ်းချမ်းမှုများကြောင့် ပြည်ပခရီးသွားဧည့်သည်အချို့ ခရီးစဉ်ဖျက်သိမ်းမှုများလည်းရှိခဲ့သည်။

“ ပြည်ပခရီးသွားတွေအနေနဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီလထဲမှာ အများကြီးတိုးတက်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံတွေက နည်းနေတုန်းပဲ။ ဝင်ရောက်မှုတွေရှိပေမယ့် အနောက်နိုင်ငံတွေနည်းတယ်။ ထိုင်းနိုင်ငံကအများအပြားဝင်ရောက်လာတာ တွေ့ရတယ်။ ထိုင်းခရီးသွားတွေအနေနဲ့ကတော့ ရန်ကုန်မြို့တွင်းနဲ့ ကျိုက်ထီးရိုးခရီးစဉ်တွေကိုပဲ သွားကြတာများတယ်။ တခြားခရီးစဉ်တွေကို သွားရောက်မှုက ရှိတော့ရှိတယ်။ နည်းတယ်။ တော်တော်လေးနည်းနေသေးတယ်။ ကမ်းခြေဒေသတွေကိုလည်း သွားရောက်ကြတာနည်းတယ်။ မြန်မာနိုင်ငံထဲကို ထိုင်းခရီးသွားတွေက အများဆုံးဝင်ရောက်တာဖြစ်ပါတယ်။ အပန်းဖြေခရီးအနေနဲ့လာကြတာများပါတယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

ကိုဗစ်ကာလကတည်းက ၂ နှစ်ကျော်ကြာ ရပ်နားထားရသည့် ခရီးသွားလုပ်ငန်းသည် ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလကစပြီး ပြည်တွင်း၊ ပြည်ပခရီးသွား အနည်းငယ် တက်လာခဲ့ပြီး ပြည်တွင်းခရီးသွားတွေအနေဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလ ပိတ်ရက်ကာလတွင် ပုဂံ၊ ချောင်းသာ၊ ငွေဆောင်၊ ပြင်ဦးလွင် စသည့်နေရာတွေနှင့် ရှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး-အင်းလေး-ကလော ဒေသတွေကိုလည်း သွားရောက် လည်ပတ်မှုတွေ ရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်သို့ ပြည်ပခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်ခွင့်ကို တားမြစ်ထားပြီး ပြည်တွင်းသို့ လာရောက်မည့် ပြည်ပခရီးသွားများ၏ ခရီးစဉ်ကိုလည်း ၁၀ ရက်ကြိုတင် တင်ပြရမည်ဖြစ်ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အယ်လ်အေမြို့လယ်‌ခေါင်မှာ နေဝင်မီးငြီမ်းအမိန့် ပြဌာန်း

လော့ဆန်းဂျလိစ်သို့ တပ်များ စုစည်းချထားစေကာ အခြားပြည်နယ်များကိုလည်း အလားတူ မငြိမ်သက်မှုများအတွက် ပြင်ဆင်ထားရန် သတိပေးခဲ့သည့် သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို အာဏာအလွဲသုံးစားလုပ်နေသည်ဟု ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နူးဆမ်းက စွပ်စွဲလိုက်သည်။ အယ်လ်အေ မြို့တွင်ဖြစ်ပွားနေသော လဝကစီမံချက်ဆိုင်ရာ စီးနင်းမှုများရို ဆန္ဒပြမှုများသည် ငါးညတိုင်ရောက်ရှိလာပြီး မြို့လယ်အစိတ်အပိုင်းအချို့ကို ညမထွက်အရအမိန့် ထုတ်ထားရပြီဖြစ်သည်။           လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဆိုင်ရာ ကြပ်မတ်ရေးတာဝန်ရှိသူများ၏ မညှာမတာစီးနင်းဖမ်းဆီးမှုများကို တုန့်ပြန်သည့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုများကြောင့် သီတင်းပတ်ကုန်ပိုင်းမှစကာ လော့ဆန်းဂျလိစ်မြို့ဧရိယာတွင် ဖမ်းဆီးခံထားရသူအရေအတွက်သည် ၃၈၀ နီးပါး ရှိနေပြီဖြစ်သည်။          မြို့တော်ဝန် ကာရန်ဘတ်စ်က ဆန္ဒပြပွဲများတွင်...

ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာတွင် အရေးပေါ်ကယ်ဆယ်ရေး ရေပြင်၊ မြေပြင် အသက်ကယ်သင်တန်း ဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ၊ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေးကော်မတီနှင့် Emergency Medical Services Myanmar အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အရေးပေါ်ကယ်ဆယ်ရေးရေပြင်၊ မြေပြင်အသက်ကယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅ ) - သင်တန်းဆင်းပွဲးကို ဇွန် (၉) ရက် ညနေပိုင်းတွင် သာကေတမြို့နယ်ရှိ လူငယ်စင်တာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အစီအစဉ်အရ သင်တန်းဖွင့်လှစ်ခဲ့မှု မှတ်တမ်းဗီဒီယိုအားပြသခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အမှာစကားပြောကြားခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာကော်မတီမှ ပံ့ပိုးငွေကျပ် ဆယ်သိန်းလှူဒါန်း...

ယနေ့မှ ဇွန်(၁၆) ရက်အထိ မိုးသည်းထန်ပြီး လေပြင်းတို-က်နိုင်

မုတ်သုံ‌လေနှင့် လေပွေလှိုင်းအရှိန်များကြောင့် ဒေသအများစုတွင် မိုးသည်းထန်ပြီး လေပြင်းတို-က်ခြင်း၊ သဘာဝဘေးတွေ့ခြင်းမျိုးဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။ ယနေ့မှစ၍ ဇွန်(၁၆)ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း သိရသည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071