Tuesday, June 10, 2025

မြန်မာနှင့် ပါကစ္စတန်ခြေစစ်ပွဲ ပွဲစဉ်တွင် ပရိသတ်များ...

ယနေ့ ဇွန်လ (၁၀) ရက် ညနေ (၅)နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းအတွင်း၌ မြန်မာအသင်းနှင့် ၂၀၂၇ အာရှဖလား ခြေစစ်ပွဲကန်မည့် ပါကစ္စတန်...

ရုရှားနှင့် ယူကရိန်း စစ်အကျဉ်းသားလဲလှယ်မှုအသစ် စတင်

ယူကရိန်းနှင့် ရုရှားအကြား အကျဉ်းသားလဲလှယ်မှုအသစ်ကို စတင်လိုက်ပြီဟု နှစ်နိုင်ငံတာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး နေရပ်ပြန်ကြရသူများတွင် စစ်ပွဲကာလတလျှောက်လုံးနီးပါး ဖမ်းဆီးခံထားရသည့် ယူကရိန်းစစ်သားများလည်း ပါဝင်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က...

တစ်ပတ်အတွင်း ကိုဗစ်အတည်ပြု လူနာသစ် (၃၁)...

ဇွန်လ ပထမ ရက်သတ္တပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် (၃၁)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇွန်လ (၁)ရက်ကမှ (၈)ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း...

ထိုင်းနှင့် ကမ္ဘောဒီးယားအစိုးရများက ဗီဇာသက်တမ်းကိုအပြန်အလှန် လျှော့ချ

ကမ္ဘောဒီးယားအစိုးရက ထိုင်းခရီးသွားများအတွက် ဗီဇာသက်တမ်းကို ခုနစ်ရက်သို့ လျှော့ချခဲ့သကဲ့သို့ ထိုင်းဘက်ကလည်း အလားတူတုန့်ပြန်ခဲ့ကာ အိမ်နီးချင်းနိုင်ငံသို့ လျှပ်စစ်နှင့် အင်တာနက်ဝန်ဆောင်မှုများဖြ-တ်တောက်ရန် စီစဉ်နေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။ ကမ္ဘောဒီးယားအစိုးရက...
HomeNewsLocal Newsတွံတေးမြို့နယ် ပရဟိတဘုန်းတော်ကြီးကျောင်းတစ်ကျောင်း မီးလောင်မှုဖြစ်ပွား

တွံတေးမြို့နယ် ပရဟိတဘုန်းတော်ကြီးကျောင်းတစ်ကျောင်း မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးမြို့နယ်၊ ဘုရားကြီးနယ်မြေအတွင်းရှိ ပရဟိတဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းမှာ ယနေ့ဖေဖော်ဝါရီ ၉ရက် နံနက် ၆နာရီခွဲ ဝန်းကျင်အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

“တွံ့တေးမြို့နယ်၊ ဘုရားကြီးနယ်မြေက မင်္ဂလာပရဟိတဘုန်းတော်ကြီးကျောင်းပါ။ မီးကတော့ငြိမ်းသွားပါပြီ။ ဘာ့ကြောင့်လောင်တယ်ဆိုကို မီးသတ်တပ်ဖွဲ့က စစ်ချက်ယူနေကြတယ်။ လောင်တာကတော့ခဏဘဲကြာပါတယ် အများဆုံး ၁၅မိနစ်လောက်ပါဘဲ။ မီးကောင်းတော့ ကျောင်းဆောင်အပေါ်ပိုင်းတစ်ခုလုံးပျက်ဆီးသွားတယ်။” ဟု ဆိုသည်။

အဆိုပါ မီးလောင်မှုအား တွံ့တေးနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ တွံ့တေးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး နှင့်အတူ စိတ္တသုခကုသိုလ်ပြုအသင်းမှ ရေသယ်ယာဉ်(၂)စီး၊စိတ္တသုခအရန်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့နံနက်ပိုင်းတစ်ချိန်တည်းတွင်ပင် လက်ရှိအချိန်အထိ လှိုင်သာယာမြို့နယ်၊ တွံတေးမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် မီးလောင်ကျွမ်းမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနှင့် ပါကစ္စတန်ခြေစစ်ပွဲ ပွဲစဉ်တွင် ပရိသတ်များ တခဲနက်အားပေး

ယနေ့ ဇွန်လ (၁၀) ရက် ညနေ (၅)နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းအတွင်း၌ မြန်မာအသင်းနှင့် ၂၀၂၇ အာရှဖလား ခြေစစ်ပွဲကန်မည့် ပါကစ္စတန် လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားလျက်ရှိသည့်ပွဲစဉ်တွင် နှစ်ဖက်အသင်းကို လာရောက်အားပေးသော ပရိသတ်များတခဲနက်တွေ့ရသည်။

ရုရှားနှင့် ယူကရိန်း စစ်အကျဉ်းသားလဲလှယ်မှုအသစ် စတင်

ယူကရိန်းနှင့် ရုရှားအကြား အကျဉ်းသားလဲလှယ်မှုအသစ်ကို စတင်လိုက်ပြီဟု နှစ်နိုင်ငံတာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး နေရပ်ပြန်ကြရသူများတွင် စစ်ပွဲကာလတလျှောက်လုံးနီးပါး ဖမ်းဆီးခံထားရသည့် ယူကရိန်းစစ်သားများလည်း ပါဝင်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က တူကီယေးနိုင်ငံဆွေးနွေးခဲ့မှု၌ ရရှိခဲ့သော သဘောတူညီချက်အရ အလဲအလှယ်လုပ်ရာတွင် အသက် ၂၅ နှစ်အောက် ဖမ်းဆီးခံထားရသူများအပြင် ပြင်းထန်‌သောဒဏ်ရာရရှိထားသူများလည်း ပါဝင်သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက တယ်လီဂရမ်တွင် အတည်ပြုရေးသားခဲ့သည်။ ယူကရိန်းသည် အကျဉ်းသား အလဲအလှယ်ခြင်းကိစ္စကို ဆိုင်းထားသည်ဟု မော်စကိုက စွပ်စွဲခဲ့ပြီး ကိဗ်က ငြင်းဆိုခဲ့သော သီတင်းပတ်ကုန်ပိုင်းက အငြင်းပွားမှုအပြီးတွင် ယခုအစီအစဉ်ကို အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်။ ရုရှားတွင်...

တစ်ပတ်အတွင်း ကိုဗစ်အတည်ပြု လူနာသစ် (၃၁) ဦးတွေ့

ဇွန်လ ပထမ ရက်သတ္တပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် (၃၁)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇွန်လ (၁)ရက်ကမှ (၈)ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၁၅၄) ခုကို စစ်ဆေးခဲ့ရာမှ ကိုဗစ် (၁၉) ရောဂါ အတည်ပြုလူနာအသစ် (၃၁) ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အခုထိ ပြင်းထန်လူနာ အထူးကြပ်မတ် ကုသမှုပေးရသည်လူနာနှင့် ကိုဗစ်ရောဂါဖြင့် ​ေ-သဆုံးလူနာမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အသိပေးချက်အရ သိရသည်။ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါးကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ ဆီးချိုရောဂါ နာတာရှည်အဆုတ်ရောဂါ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071