Looking for something?

Explore the website

Looking for something?

Thursday, May 29, 2025

ထရမ့်က ကနေဒါအနေဖြင့် Golden Dome...

အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က သူအဆိုပြုထားသော Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်တွင် ပါဝင်လိုပါက "သီးခြားဖြစ်သော်လည်း တန်းတူညီမျှမှုမရှိသော နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ဆိုလျှင်" ကနေဒါအနေဖြင့်...

လမ်းဖြတ်ကူးသည့် အိုင်ယာလန်နိုင်ငံသား ကားတို-က်ခံရပြီး‌ေ-သဆုံးခဲ့မှု မဟာအောင်မြေမြို့နယ်တွင်ဖြစ်ပွား

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် ကားလမ်းဖြတ်ကူးသည့် အိုင်ယာလန်နိုင်ငံသားတစ်ဦး ကားတို-က်ခံရပြီး‌ေ-သဆုံးခဲ့မှု မေ ၂၈ ရက်ည ၆ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊...

မုန်တိုင်းငယ် အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြား မိုးဆက်ရွာနိုင်

ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် အစပြုဖြစ်ပေါ်လာသော လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိခဲ့ပြီး အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးဆက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက...

တီမောလက်စ်တီးကို အဖွဲ့ဝင်ခွင့်ပြုရန် အာဆီယံ သဘောတူပြီ

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ခေါင်းဆောင်များသည် လာမည့်အောက်တိုဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး၌ တီမောလက်စ်တီးကို အဖွဲ့၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရန် သဘောတူလိုက်ကြသည်ဟု ထိုင်းအကြီးတန်း သံတမန်တစ်ဦးက...
HomeNewsLocal Newsဖားကန့် ရေကန်အတွင်း မိသားစုလိုက်ပြုတ်ကျခဲ့သည့်...

ဖားကန့် ရေကန်အတွင်း မိသားစုလိုက်ပြုတ်ကျခဲ့သည့် ပါဂျဲရိုးကား‌ပေါ်ပါ အမျိုးသမီးဖြစ်သူ ရုပ်အလောင်းကို (၈) လအကြာတွင် ပြန်လည်တွေ့ရှိ

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက ကချင်ပြည်နယ် ဖားကန့်ရှိ ပေ၂၀၀ ကျော် နက်သည့် ရေကန်အတွင်း ပြုတ်ကျသွားသည့် ပါကျဲရိုးကားပေါ်ပါ မိသားစုသုံးဦးအနက် အမျိုးသမီးဖြစ်သူ၏ ရုပ်အ လောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ရေကန်အတွင်း ပြုတ်ကျမှုဖြစ်စဉ်သည် (၈) လခန့်ကြာမြင့်ခဲ့ပြီဖြစ်ကာ ယနေ့နံနက်ပိုင်းတွင် ရုပ်အလောင်း ပြန်လည်ပေါ်လာသောကြောင့် ဒေသတွင်း ပရဟိတအဖွဲ့က သွားရောက်ဆယ်ယူခဲ့ရကြောင်း ဆိုသည်။

“အမျိုးသမီးရုပ်အလောင်းပါ။ တော်တော်ရုပ်ပျက်နေပါပြီ။ ဒေသခံပရဟိတအဖွဲ့တွေဆယ်ယူသွားတယ်။ အမျိုးသားရုပ်အလောင်းနဲ့ ကလေးအလောင်းကိုတော့ သူတို့ထပ်ရှာမယ်လို့လည်း သိရတယ်” ဟု ဆိုသည်။

ယင်းဖြစ်စဉ်သည် ၂၀၂၂ ခုနှစ် ဇွန်လ (၉) ရက်နေ့ နံနက် (၉) နာရီကျော်အချိန့်က ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်၊ အေးမြသာယာရပ်ကွက် မှော်မောင်းလျှံအနီးရေကန်ထဲသို့ ကလေးငယ် (၁) ဦး အပါအဝင် မိသားစုဝင် (၃) ဦး လိုက်ပါသော ပါဂျဲရိုးအိမ်စီးကားတစ်စီး ရေကန်ထဲ ပြုတ်ကျ နစ်မြုပ်သွားခဲ့ပြီး ကားပေါ် လိုက်ပါသူ အားလုံးပျောက်ဆုံးနေသည့်ဖြစ်စဉ်တစ်ခုဖြစ်သည်။

အဆိုပါ ကားပြုတ်ကျခဲ့သည့် ရေကန်သည် အနက် ပေ ၂၀၀ ကျော်နက်သည့် ကျောက်စိမ်းလုပ်ကွက်ဟောင်း တစ်ခုဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်များကဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်က ကနေဒါအနေဖြင့် Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် ဒေါ်လာ ၆၁ ဘီလီယံ ပေးရမည် သို့မဟုတ် ၅၁ ခုမြောက်ပြည်နယ်ဖြစ်လာလျှင်မူ တစ်ပြားမှ‌ပေးစရာမလိုဟုဆို

အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က သူအဆိုပြုထားသော Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်တွင် ပါဝင်လိုပါက "သီးခြားဖြစ်သော်လည်း တန်းတူညီမျှမှုမရှိသော နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ဆိုလျှင်" ကနေဒါအနေဖြင့် ဒေါ်လာ ၆၁ ဘီလီယံ ပေးချေရမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ သူ၏ TruthSocial လူမှုကွန်ရက်စာမျက်နှာတွင် ထရမ့်က ကနေဒါသည် "ကနေဒါသည် ကျွန်ုပ်တို့၏ ထူးခြားလှသော Golden Dome စနစ်တွင် အလွန်ပါဝင်လိုနေပြီး" အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းပါက အခမဲ့ ရရှိမည်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ အဆိုပြုထားသော ကာကွယ်ရေးစနစ်တွင် ပါဝင်ခြင်းသည် ကနေဒါအတွက် "ကျွန်ုပ်တို့၏...

လမ်းဖြတ်ကူးသည့် အိုင်ယာလန်နိုင်ငံသား ကားတို-က်ခံရပြီး‌ေ-သဆုံးခဲ့မှု မဟာအောင်မြေမြို့နယ်တွင်ဖြစ်ပွား

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် ကားလမ်းဖြတ်ကူးသည့် အိုင်ယာလန်နိုင်ငံသားတစ်ဦး ကားတို-က်ခံရပြီး‌ေ-သဆုံးခဲ့မှု မေ ၂၈ ရက်ည ၆ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၅ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားတွင် ကားလမ်း ဖြတ်ကူးသည့် အိုင်ယာလန်နိုင်ငံသားတစ်ဦးကားတို-က်ခံခဲ့ရသဖြင့် ဦးခေါင်း၌ထိခို-က်ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင်‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ‌ေ-သဆုံးသူအိုင်ယာလန်နိုင်ငံသား၏ ရုပ်အလေ-ာင်းအား အဖြူရောင်မေတ္တာရှင်လူမှုကူ‌ညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေရုံးကြီးသို့ပို့ဆောင်ပေးခဲ့ပြီး ၎င်းအားကားဖြင့်တို-က်မိခဲ့သော ကားမောင်းသူအား အမှတ်(၉)မြို့မရဲစခန်းက ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မုန်တိုင်းငယ် အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြား မိုးဆက်ရွာနိုင်

ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် အစပြုဖြစ်ပေါ်လာသော လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိခဲ့ပြီး အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးဆက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့တွင်အသိပေးထားသည်။ အဆိုပါ မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့မေ (၂၉)ရက်မှစ၍ ဇွန် (၂)ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071