Tuesday, June 10, 2025

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု...

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ...

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ်...

ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများအနေဖြင့် လိုအပ်သည့်လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့်...

ပြည်တွင်းရှိ ဘိလပ်မြေထုတ်လုပ်သည့်စက်ရုံများအနေဖြင့် လိုအပ်သောလျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ကြရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက မှာကြားသည်။ ၎င်းမှ ဇွန် ၈ ရက်နံနက်ပိုင်းက ရုမ်းရိုးမဘိလပ်မြေစက်ရုံ၌ ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်...
HomeNewsLocal Newsသီပေါစော်ဘွား စဝ်ကြာဆိုင်၏ မဟာဒေဝီ...

သီပေါစော်ဘွား စဝ်ကြာဆိုင်၏ မဟာဒေဝီ စဝ်သုစန္ဒီ(ခ) အင်ဂအယ်ဘာဟာ့ အသက် (၉၁) နှစ်အရွယ်တွင် ကံတော်ကုန်

သီပေါ မဟာဒေဝီဟောင်းတစ်ဦးဖြစ်သည့် ဩစတေးလျနိုင်ငံသူ အင်ဂ အယ်ဘာဟာ့ (ခေါ်) စဝ်သုစန္ဒီဟာ ယမန်နေ့ ဖေဖေါ်ဝါရီ (၆) ရက်က အမေရိကန်မှာ နတ်ရွာစံ ကံတော်ကုန်သွားပြီဖြစ်ကြောင်း သိရသည်။

သူမဟာ နောက်ဆုံး ကွယ်လွန်အနိစ္စရောက်တဲ့ မဟာဒေဝီဖြစ်ပြီး ကွယ်လွန်ချိန်မှာ သက်တော် (၉၁) နှစ်အရွယ်ရှိပြီဖြစ်သည်။

သူမသည် အမေရိကန်နိုင်ငံ ကော်လိုရာဒို အမျိုးသမီးကောလိပ်တွင် ပညာဆည်းပူးနေစဉ်အတွင်း သီပေါစော်ဘွား စဝ်ကြာဆိုင်နှင့် တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့ရာ ၁၉၅၃ ခုနှစ်တွင် အမေရိကန်၌ပင် နှစ်ဦးလက်ထပ်ခဲ့ကြခြင်း ဖြစ်သည်။

သူမသည့် သီပေါစော်ဘွား စဝ်ကြာဆိုင်နှင့်အတူ ရှမ်းပြည်နယ် သီပေါမြို့သို့ လိုက်လာကာ သီပေါဒေသအပါအဝင် ရှမ်းပြည်ဖွံ့ဖြိုးတိုးတက်ရေးများကို ခင်ပွန်းဖြစ်သူနှင့်အတူတကွ ကြိုးပမ်းခဲ့သူဖြစ်သည်။

စဝ်ကြာဆိုင်နှင့် စဝ်သုစန္ဒီတို့တွင် မာယာရီ နှင့် ကိန္နရီ အမည်ရှိ သမီးနှစ်ဦး ထွန်းကားခဲ့သည်။

၁၉၆၂ ခုနှစ် အစိုးရအ​ပြောင်းအလဲတွင် သီပေါပြည်နယ် လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင် နေသော စဝ်ကြာဆိုင် ဖမ်းဆီးခံရပြီး ဇနီးဖြစ်သူ စဝ်သုစန္ဒီကို အကျယ်ချုပ် (၂) နှစ်ချထားခဲ့ကြောင်း သမိုင်းအကိုးအကားများအရ သိရသည်။

၁၉၆၄ ခုတွင် မြန်မာပြည်မှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက် မိဘများနှင့်အတူ ဩစတြီးယား နိုင်ငံတွင် (၂)နှစ်ကြာ နေထိုင်ခဲ့ပြီး အမေရိကန်တွင် ကွယ်လွန်ချိန်အထိ အခြေချနေထိုင်ကာ ကျောင်းဆရာ အသိအမှတ်ပြု လက်မှတ် ရယူနိုင်ခဲ့ပြီးနောက် Boulder junior အထက်တန်းကျောင်းနှင့် Fairview အထက်တန်းကျောင်းများတွင် ဂျာမန်ဘာသာသင် ဆရာမအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၁၉၆၈ ခုနှစ်တွင် Boulder မြို့သား Tad Sarg ent နှင့် ဒုတိယအိမ်ထောင် ထူထောင်ခဲ့ပြီး အသက် (၆၅) နှစ်အရွယ် ၁၉၉၃- ခုတွင် အငြိမ်းစားယူခဲ့ကြောင်း သိရသည်။

သီပေါ မာဟာဒေဝီ စဝ်သုစန္ဒီသည် မြန်မာ ဒုက္ခသည်များကို ကူညီရန်အတွက် Burma Lifeline အဖွဲ့ကို ဒုတိယ ခင်ပွန်းဖြစ်သူ Tad နှင့် အတူ ၁၉၉၅ခုနှစ်တွင် ဖွဲ့စည်းထူ ထောင်ခဲ့ပြီး ကုလသမဂ္ဂမှ ပေးအပ်သည့် United Nations Association International Human Rights ဆုကို ၂၀၀၀ ပြည့် နှစ်တွင်ရရှိခဲ့သည်။

သီပေါမဟာဒေဝီ စဝ်သုစန္ဒီသည် သူမ၏ မဟာဒေဝီဘဝ နေ့ရက်များကို Twilight over Burma: My Life as a Sha n Princess (မှုန်ရီဆိုင်း တိုင်းမြန်မာ) အမည်ဖြင့် ၁၉၉၄ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့ပြီးထိုဇာတ်လမ်းကို The Last Mahadevi အမည်ရှိ မှတ်တမ်းရုပ်ရှင်ကားအဖြစ် ၂၀၀၀ ပြည့်နှစ်တွင် ရိုက်ကူးခဲ့‌ကြောင်း သိရသ ည်။

ကိုးကား – wikipedia
Photo -Internet

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်ပြော

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့် မြန်မာ-ပါကစ္စတန် အာရှခြေစစ်ပွဲစဉ်အ တွက် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ မိမိတို့အနေဖြင့် ဇွန် ၉ ရက်(မနက်ဖြန်)ပွဲအတွက်် နည်းပြများညွှန်ကြားသည့်အတိုင်း အကောင်းဆုံး ကြိုးစားပြင်ဆင်ထားကာ အိမ်ကွင်းတွင်ကစားရမည်ဖြစ်၍ ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အသင်းအားအနိုင်ရရန်ကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်က ပြောသည်။ ထို့ပြင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းမှလည်း "ဒီပွဲကိုအဝေးကွင်း အရင်ကစားရမှာဖြစ်ပေမဲ့ အခုတော့ အိမ်ကွင်းမှာ က စားရမှာဖြစ်လို့ အားသာချက်ရှိသွားပါတယ်။ မနက်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ (Quick Win Plan)ဖြင့်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်မှ မှာကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်း သောက်သုံးရေဖူလုံစွာရရှိရေးအတွက် လုပ်ငန်းဖြစ်နိုင်ချေများအနက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ(Quick Win Plan)ဖြင့် အောင်မြင်စွာဆောင် ရွက်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ရေလှောင်တမံများအား အဆင့်မြှင့်တင်ရာတွင် တမံများ၏သက်တမ်းနှင့်ကြံ့ခိုင်မှုတို့ကို စနစ်တကျစစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကာ ရေလှောင်တမံများနှင့် ရေလွှဲဆည်များတည်ဆောက်ရန်လျာထားရာ၌ အကျိုးပြုဧရိယာနှင့် ရေသုံးစွဲမည့် လူဦးရေပမာဏ၊...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရန်ကုန်မှပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရသည်။ ကျိုက်ထိုမြို့ ရပ်ကွက်တစ်ခုတွင် အိမ်ငှားနေထိုင်ပြီးနောက် အလုပ်လုပ်ကိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးချိန်တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူသည် ကိုဗစ်ကာကွယ် ဆေးတစ်ကြိမ်မျှထိုးထားခြင်း မရှိသူဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်းမာရေး အခြေအနေကောင်းမွန်သည့် အခြေအနေ၌ရှိပြီး ဆေးရုံ၌ စောင့်ကြည့်ကုသမှုပေးနေကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌လည်း ပြီးခဲ့သည် မေလ (၂၅)ရက်မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071