Thursday, May 29, 2025

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေကျပ်(၃၈၀၄)ဘီလီယံကျော်ရှိခဲ့

ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက နေပြည် တော်၌ကျင်းပသည့် မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် စေတနာရှင်၊ အလှူရှင်များ၏ ဒုတိယအကြိမ်မြောက်အလှူငွေများပေးအပ်လှူဒါန်းပွဲတွင်...

ငလျင်ဘေးအလှူငွေ ဒုတိယအကြိမ်တွင် ငွေကျပ်(၁၃၁)ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ(၂)သန်းကျော်ရရှိ

ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် မန္တ လေးငလျင်ကြီးဒဏ်သင့်ဒေသများနှင့် ငလျင်ဒဏ်သင့်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက...

ထရမ့်က ကနေဒါအနေဖြင့် Golden Dome...

အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က သူအဆိုပြုထားသော Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်တွင် ပါဝင်လိုပါက "သီးခြားဖြစ်သော်လည်း တန်းတူညီမျှမှုမရှိသော နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ဆိုလျှင်" ကနေဒါအနေဖြင့်...

လမ်းဖြတ်ကူးသည့် အိုင်ယာလန်နိုင်ငံသား ကားတို-က်ခံရပြီး‌ေ-သဆုံးခဲ့မှု မဟာအောင်မြေမြို့နယ်တွင်ဖြစ်ပွား

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် ကားလမ်းဖြတ်ကူးသည့် အိုင်ယာလန်နိုင်ငံသားတစ်ဦး ကားတို-က်ခံရပြီး‌ေ-သဆုံးခဲ့မှု မေ ၂၈ ရက်ည ၆ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊...
HomeNewsLocal Newsအဂတိလိုက်စားမှု လျော့နည်းကျဆင်းသွားလျှင် ပြည်သူ့ဘဏ္ဍာကို...

အဂတိလိုက်စားမှု လျော့နည်းကျဆင်းသွားလျှင် ပြည်သူ့ဘဏ္ဍာကို နိုင်ငံတော်နှင့်ပြည်သူ၏အကျိုးစီးပွားဖြစ်ထွန်းမည့် နေရာတွင် မှန်ကန်စွာသုံးစွဲနိုင်မည်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ ဖေဖော်ဝါရီ ၆ ရက်နံနက်ပိုင်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲအား ထားဝယ်မြို့၌ပြုလုပ်ခဲ့သည်။

“အဂတိလိုက်စားမှုတွေ လျော့နည်းကျဆင်းသွားရင် ပြည်သူ့ဘဏ္ဍာတွေကို နိုင်ငံတော်နဲ့ပြည်သူတွေရဲ့ အကျိုးစီးပွားဖြစ်ထွန်းစေမယ့် နေရာတွေမှာ မှန်မှန်ကန်ကန်သုံးစွဲနိုင်မှာပါ”ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုကပြောသည်။

ထို့ပြင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုနှင့်ပွင့်လင်းမြင်သာမှုရှိရန်လိုပြီး အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးမှ ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည် ဖော်ရာ၌ အဟန့်အတားတစ်ခုဖြစ်၍ သန့်ရှင်းသောအစိုးရ၊ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်တစ်ခုကို အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့်သာ အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဟုလည်းပြောကြားခဲ့သည်။

ထို့အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်ဦးကျော်ဝင်းသိန်းမှလည်း မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအရ အဂတိလိုက်စားမှုမှာ လာဘ်ပေးလာဘ်ယူခြင်းအပြင် တည်ဆဲဥပဒေ၊စည်းမျဉ်း၊စည်းကမ်း၊လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေခြင်းသည်လည်း အဂတိလိုက်စားမှုပင်ဖြစ်၍ နိုင်ငံတော်၏ အကျိုးစီးပွားများ၊တန်ဖိုးထားမှုများနှင့်ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိခိုက်စေနိုင်သည့် အဂတိလိုက်စားမှုပုံသဏ္ဌာန်များကို ထိရောက်စွာတိုက်ဖျက်သွားရန်လိုသည်ဟု ပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းတရားလွှတ်တော်တရားသူကြီးချုပ်၊တိုင်းဝန်ကြီးများ၊ဥပဒေချုပ်၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်းအဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေကျပ်(၃၈၀၄)ဘီလီယံကျော်ရှိခဲ့

ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက နေပြည် တော်၌ကျင်းပသည့် မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် စေတနာရှင်၊ အလှူရှင်များ၏ ဒုတိယအကြိမ်မြောက်အလှူငွေများပေးအပ်လှူဒါန်းပွဲတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။ မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခုတွင်ထိခိုက်မှုရှိခဲ့ပြီး (၆)ခုမှာပြင်းထန်စွာခံစားခဲ့ရပြီး နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်(၁၀)ခုရှိ ရပ်ကွက်(၃၇၄) ခု၊ ကျေးရွာအုပ်စု(၉၄၄)စု၊ ကျေးရွာ(၂၀၈၁)ရွာ၊ အိမ်ထောင်စု(၁၆၂၁၆၇)စု၊ လူဦးရေ(၅၀၆၀၆၉)ဦးဘေးသင့်ခဲ့သည်ဟု ပြောသည်။ " ‌ေ-သဆုံးသူ(၃၇၃၉)ယောက်၊ ပျောက်ဆုံးသူ(၆၈) ယောက်နဲ့၊ ဒဏ်ရာရသူ(၅၁၀၄)ယောက်ရှိပါတယ်။ ဒါ့အပြင်...

ငလျင်ဘေးအလှူငွေ ဒုတိယအကြိမ်တွင် ငွေကျပ်(၁၃၁)ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ(၂)သန်းကျော်ရရှိ

ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် မန္တ လေးငလျင်ကြီးဒဏ်သင့်ဒေသများနှင့် ငလျင်ဒဏ်သင့်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ပြုလုပ်သည့် ဒုတိယအကြိမ်မြောက်အလှူငွေပေးအပ်ပွဲတွင် လက်ခံရရှိခဲ့ခြင်းဖြစ်သည်။ အလှူငွေပေးအပ်ပွဲသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ အလှူရှင်များမှပေးအပ်လှူဒါန်းသည့် အလှူငွေများကိုလက်ခံရယူခဲ့သည်။ ဒုတိယအကြိမ်မြောက်အလှူငွေပေးအပ်ပွဲတွင် ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်၊ အလှူရှင်များက အိမ်ခန်း(၁၆)ခန်းပါ (၄)ခန်းတွဲ (၄)ထပ်တိုက်အဆောက်အဦတစ်လုံးလျင် ငွေကျပ်သိန်း(၂၀၀၀၀)နှုန်းဖြင့် အလုံးပေါင်း(၅၁)လုံးအပါအဝင် စုစုပေါင်းတန်ဖိုးငွေကျပ်(၁၃၁ ဒသမ ၅၃)ဘီလီယံနှင့် အမေရိကန်ဒေါ်လာ(၂၃၁၄၉၀၀)သန်းကို လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။ အခမ်းအနားတွင် နစကဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားခဲ့ရာတွင် "...

ထရမ့်က ကနေဒါအနေဖြင့် Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် ဒေါ်လာ ၆၁ ဘီလီယံ ပေးရမည် သို့မဟုတ် ၅၁ ခုမြောက်ပြည်နယ်ဖြစ်လာလျှင်မူ တစ်ပြားမှ‌ပေးစရာမလိုဟုဆို

အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က သူအဆိုပြုထားသော Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်တွင် ပါဝင်လိုပါက "သီးခြားဖြစ်သော်လည်း တန်းတူညီမျှမှုမရှိသော နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ဆိုလျှင်" ကနေဒါအနေဖြင့် ဒေါ်လာ ၆၁ ဘီလီယံ ပေးချေရမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ သူ၏ TruthSocial လူမှုကွန်ရက်စာမျက်နှာတွင် ထရမ့်က ကနေဒါသည် "ကနေဒါသည် ကျွန်ုပ်တို့၏ ထူးခြားလှသော Golden Dome စနစ်တွင် အလွန်ပါဝင်လိုနေပြီး" အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းပါက အခမဲ့ ရရှိမည်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ အဆိုပြုထားသော ကာကွယ်ရေးစနစ်တွင် ပါဝင်ခြင်းသည် ကနေဒါအတွက် "ကျွန်ုပ်တို့၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071