Friday, May 30, 2025

China-Asean Cup 2025 ပြိုင်ပွဲအတွက်...

China-Asean Cup 2025 ပိုက်ကျော်ခြင်းပြိုင်ပွဲဝင်‌ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့သည်ယနေ့ မေလ(၃၀)ရက် နံနက်ပိုင်းအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ထံကသိရသည်။ အဆိုပါ ပြိုင်ပွဲအား...

MSME ကုန်ထုတ်စွမ်းအားများ ပြန်လည်ရှင်သန်လာရန် ဆောင်ရွက်ပါက...

မန္တလေးငလျင်ကြီးဒဏ်ကြောင့်ထိခိုက်ခဲ့ရသည့် မြန်မာ့စီးပွားရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၃၀ ရက်နေပြည်တော်၌ပြုလုပ်သည့် “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့်...

ငြိမ်းချမ်းရေးဆွေးနွေးပွဲအရှိန်အဟုန်ကိုထိန်းထားရန်ရုရှားနှင့်ယူကရိန်းကိုတရုတ်တောင်းဆို

ကုလသမဂ္ဂ၊မေ ၂၉ ငြိမ်းချမ်းရေးဆွေးနွေးပွဲအရှိန်အဟုန်ကိုထိန်းထားရန်ရုရှားနှင့်ယူကရိန်းတို့ကိုတရုတ်သံတမန်က ကြာသပတေးနေ့ကတောင်းဆိုခဲ့သည်ဟုသိရသည်။ ရုရှားနှင့်ယူကရိန်းတို့သည် မကြာသေးမီကအစ္စတန်ဘူလ်တွင်တိုက်ရို-က်ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြပြီး အကျဉ်းသားများလဲလှယ်ရေးသဘောတူညီခဲ့ကာမကြာမီတွင်ဒုတိယအကြိမ်မြောက်တိုက်ရို-က်ဆွေးနွေးပွဲကိုကျင်းပတော့မည်ဖြစ်သည်။ တရုတ်နိုင်ငံသည်ယင်းကဲ့သို့ အပြုသဘောဆောင်သည့်တိုးတက်မှုများကိုကြိုဆိုပြီး ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းမှုအားလုံးကိုထောက်ခံကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏အမြဲတမ်းကိုယ်စားလှယ်ကပြောကြားခဲ့သည်။ သို့သော်လည်း တိုက်ပွဲများသည် ရပ်တန့်သွားမည့် အရိပ်အယောင်မပြဘဲ အရပ်သားသေဆုံးမှု...

ထိုင်းနှင့်ကမ္ဘောဒီးယားကနယ်စပ်မှတပ်ဖွဲ့များရုပ်သိမ်းဖို့သဘောတူ

ဘန်ကောက်၊မေ ၂၉ ထိုင်းနှင့်ကမ္ဘောဒီးယား တို့သည် ဗုဒ္ဓဟူးနေ့ကခဏတညအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အငြင်းပွားနယ်စပ်ဒေသမှတပ်ဖွဲ့ဝင်များကိုရုပ်သိမ်းရန် ကြာသပတေးနေ့က သဘောတူညီခဲ့ကြကြောင်း ထိုင်းစစ်တပ်ကသတင်းထုတ်ပြန်ခဲ့သည်။ ထိုင်းအရှေ့မြောက်ပိုင်း ဆူရင်ပြည်နယ် နယ်ခြားဂိတ်တစ်ခုဖြစ်သည့် Chong Chom နယ်စပ်ဂိတ်၌...
HomeCelebrities' NewsPrivacy ထိန်းချုပ်ခံရတဲ့ Application...

Privacy ထိန်းချုပ်ခံရတဲ့ Application မှ တဆင့် ငွေချေးပြီး အရှက်ကွဲခဲ့ရကြောင်း ပြန်လည်ဖြေရှင်းလာတဲ့ ဒါရိုက်တာရာဇဝင်ကို 

ဒါရိုက်တာ ရာဇဝင်ကို ရဲ့ ငွေချေးယူမှုနဲ့ပတ်သက်ပြီး တခြားသော အနုပညာရှင် များ ကို ဖုန်းဆက်ဆဲဆို ခြင်းနဲ့ပတ်သက်ပြီး ဒါရိုက်တာရာဇဝင်ကို က တစ်ပါးသူဆီက ချေးယူခြင်းမပြုလုပ်ချင်တဲ့ အတွက် စကားမပြောရတဲ့ Application ကနေ ချေးဌားမိခဲ့ကြောင်း ရင်ဖွင့်ပြောပြလာပါတယ်။

“ကျွန်တော်ကသူတို့ကိုအတိုးပေးရတာ ၄၅ရာခိုင်နှုန်းလောက်ပေးရတာ။ငါးသောင်းချေးရင် သူတို့ကသုံးသောင်းပတ်ဝန်းကျင်လောက်ပဲပေးပြီး အတိုးကိုတစ်ခါတည်းနှုတ်ထားတာ။သူတစ်ပါးဆီကပိုက်ဆံချေးရတာအရမ်းရှက်တယ်။ကိုယ်ရှိရင်သာပေးလိုက်ချင်တာ။ဒီတော့ကျွန်တော်ကစကားတွေအများကြီး မပြောရတဲ့ Application ကနေတဆင့် ငွေချေး လိုက်တာလို့”ဒါရိုက်တာ ရာဇဝင်ကို က ငွေချေးယူဖြစ်ခဲ့တဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်။

အရေပြားမှိုစွဲတဲ့ တပည့်တစ်ယောက်ကို ဆေးကုပေးချင်တဲ့ ဆန္ဒနဲ့ ငွေချေးယူမိခဲ့ပြီး အဆိုပါချေးငွေ လုပ်ငန်း မှာ ငွေချေးပါက ကိုယ်တိုင် အသုံးပြုနေတဲ့ဖုန်း ရဲ့ Privacy ကို ထိန်းချုပ်ခံနိုင်မှသာချေးယူလို့ရတယ်လို့ ဒါရိုက်တာရာဇဝင်ကို က “ ကင်မရာ Access လုပ်ပေးရတယ်။ဖုန်းရဲ့ Location ကို Access လုပ်ပေးရတယ်။ဖုန်း နံပတ်တွေ ပုံတွေ SMS တွေကအစ အကုန်ထိန်းချုပ်ထားခဲ့တာပါ။ဒီအတွက် ကျွန်တော်နဲ့ အလုပ်လုပ်ဖူးတဲ့ဖုန်းနံပတ်တွေကိုလိုက်ဆက်ပြီးပြောတာပါ။”လို့ ရှင်းပြလာပါတယ်။

ဒါရိုက်တာ ရာဇဝင်ကို က ဆိုရှယ်မီဒီယာကို မသုံးဖြစ်တာ တစ်နှစ်ကျော် ပြီဖြစ်တဲ့အတွက် ယခုလို အနုပညာရှင်များထံလိုက်လံဖုန်းဆက်တဲ့အကြောင်းများကိုမသိရှိဘဲ သရုပ်ဆောင် ဝါဝါအောင် မှ ဖုန်းဆက်ပြောပြမှသာ သိခဲ့ရတာလို့ပြောပါတယ်။

အလှမယ် သရုပ်ဆောင် ထက်ထက်ထွန်း က သူမလူမှုကွန်ယက် စာမျက်နှာ မှာ ဒါရိုက်တာ ရာဇဝင်ကို ရဲ့ငွေချေးယူမှုကြောင့် ဆဲဆို ခံရကြောင်းတင်ခဲ့ပြီး သူမရဲ့ စာအောက်မှာလည်း အနုပညာရှင်များစွာ ကလည်း ယခုလိုထပ်တူပြောဆိုခံရတယ်လို့ရေးသားထားလာတာတွေ့ရပါတယ်။

ဒါရိုက်တာ ရာဇဝင်ကို က ဟာသရုပ်ရှင်ဇာတ်ကားကြီး များ နဲ့ ပရိသတ်အားပေးမှုရရှိတဲ့သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ အနုပညာအလုပ်ကို မလုပ်ဖြစ်သေးဘူးလို့သိရပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

China-Asean Cup 2025 ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ့ တရုတ်နိုင်ငံသို့ထွက်ခွာ

China-Asean Cup 2025 ပိုက်ကျော်ခြင်းပြိုင်ပွဲဝင်‌ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့သည်ယနေ့ မေလ(၃၀)ရက် နံနက်ပိုင်းအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ထံကသိရသည်။ အဆိုပါ ပြိုင်ပွဲအား ဇွန်လ (၁)ရက်နေ့မှ(၄)ရက်နေ့အထိ တရုတ်နိုင်ငံ Huishui မြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ အမျိုး သားအသင်းနှင့် အမျိုးသမီးအသင်း (၂) သင်း ပါဝင်ယှဥ်ပြိုင်မည်ဖြစ်ကာပြိုင်ပွဲအမျိုးအစားအနေဖြင့်(၃)ယောက်တွဲနှင့်(၄)ယောက်တွဲပြိုင်ပွဲ နှစ်ရပ်ကိုယှဥ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် တရုတ်နိုင်ငံ စသည့် နိုင်ငံ(၈)နိုင်ငံရှိလက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်သည်။ အမျိုးသား...

MSME ကုန်ထုတ်စွမ်းအားများ ပြန်လည်ရှင်သန်လာရန် ဆောင်ရွက်ပါက စီးပွားရေးပြန်လည်ဦးမော့လာမည်ဟု နစက ဥက္ကဋ္ဌပြော

မန္တလေးငလျင်ကြီးဒဏ်ကြောင့်ထိခိုက်ခဲ့ရသည့် မြန်မာ့စီးပွားရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၃၀ ရက်နေပြည်တော်၌ပြုလုပ်သည့် “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း”သုံးသပ်ဆွေးနွေးပွဲတွင် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " ငလျင်ဒဏ်ကြောင့်ဖြစ်ပေါ်လာခဲ့တဲ့ စီးပွားရေးကဏ္ဍထိခိုက်ဆုံးရှုံးမှုတွေဟာ အံအားသင့်လောက်အောင်ကြီးမားခဲ့ပါတယ်။ လမ်းတွေဆိုးဆိုးရွားရွားပျက်စီးပြီး တံတားတွေပြိုကျခဲ့သလို MSME လုပ်ငန်းတွေကအစ စက်ရုံအလုပ်ရုံတွေ စီးပွားရေးလုပ်ငန်းကြီးတွေအထိ ထိခိုက်ပျက်စီးခဲ့ရပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။ ထို့ကြောင့် အခြေခံအဆောက်အအုံများအားပြန်လည်တည်ဆောက်ခြင်းနှင့်အတူ မြန်မာ့စီးပွားရေး ၏ အဓိကကျသော အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME)လုပ်ငန်းများ ပြန်လည်ရှင်သန်လာစေရန် အာရုံစိုက်၍လုပ်ဆောင်ကြရမည်ဟု...

ငြိမ်းချမ်းရေးဆွေးနွေးပွဲအရှိန်အဟုန်ကိုထိန်းထားရန်ရုရှားနှင့်ယူကရိန်းကိုတရုတ်တောင်းဆို

ကုလသမဂ္ဂ၊မေ ၂၉ ငြိမ်းချမ်းရေးဆွေးနွေးပွဲအရှိန်အဟုန်ကိုထိန်းထားရန်ရုရှားနှင့်ယူကရိန်းတို့ကိုတရုတ်သံတမန်က ကြာသပတေးနေ့ကတောင်းဆိုခဲ့သည်ဟုသိရသည်။ ရုရှားနှင့်ယူကရိန်းတို့သည် မကြာသေးမီကအစ္စတန်ဘူလ်တွင်တိုက်ရို-က်ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြပြီး အကျဉ်းသားများလဲလှယ်ရေးသဘောတူညီခဲ့ကာမကြာမီတွင်ဒုတိယအကြိမ်မြောက်တိုက်ရို-က်ဆွေးနွေးပွဲကိုကျင်းပတော့မည်ဖြစ်သည်။ တရုတ်နိုင်ငံသည်ယင်းကဲ့သို့ အပြုသဘောဆောင်သည့်တိုးတက်မှုများကိုကြိုဆိုပြီး ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းမှုအားလုံးကိုထောက်ခံကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏အမြဲတမ်းကိုယ်စားလှယ်ကပြောကြားခဲ့သည်။ သို့သော်လည်း တိုက်ပွဲများသည် ရပ်တန့်သွားမည့် အရိပ်အယောင်မပြဘဲ အရပ်သားသေဆုံးမှု အရေအတွက်လည်း ဆက်လက်မြင့်တက်လျက်ရှိနေသဖြင့်နေ့ချင်းညချင်း ဖြေရှင်း၍မရနိုင်ကြောင်းလည်း ၎င်းကလုံခြုံ‌ရေးကောင်စီကိုပြောကြားခဲ့သည်။ နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် အဓိကသက်ဆိုင်သူများသည် အကျပ်အတည်းကို နိုင်ငံရေးအရဖြေရှင်းရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အရှိန်မြှင့်တင်သင့်သည်ဟုလည်း ၎င်းကဆိုသည်။ ယူကရိန်းအရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ရပ်တည်ချက်သည် တသမတ်တည်းဖြစ်ကာရိုးရှင်းကြောင်းလည်း၎င်းကဆိုသည်။အကျပ်အတည်းစတင်ကတည်းက တရုတ်သည် တွေ့ဆုံဆွေးနွေးရေး၊စေ့စပ်ညှိနှိုင်းရေးနှင့် နိုင်ငံရေးအရအဖြေရှာရန်သာတောင်းဆိုခဲ့သည်ဟုလည်းသူကပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည်ရုရှားနှင့်ယူကရိန်းနှစ်နိုင်ငံလုံးနှင့် အဆက်အသွယ်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အရှိန် မြှင့်တင်ရန် တစိုက်မတ်မတ်လုပ်ဆောင်နေသည်ဟု လည်း၄င်းက ပြောကြားခဲ့သည်။ Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071