Thursday, May 29, 2025

ကမ္ဘောဒီးယားတွင်အွန်လိုင်းငွေလိမ်ဂိုဏ်းနှိမ်နင်း၊ဂျပန် ၂၀ ကျော် အဖမ်းခံရ

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် အာဏာပိုင်များက နိုင်ငံခြားသား ၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယင်းတို့ထဲမှ ၂၀ ကျော်သည် ဂျပန်နိုင်ငံသားများဟု ယူဆရကြောင်း အဆိုပါကိစ္စနှင့်...

ယာယီအပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအနေဖြင့် ယာယီအပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ ယခုအချိန်တွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေကျပ်(၃၈၀၄)ဘီလီယံကျော်ရှိခဲ့

ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက နေပြည် တော်၌ကျင်းပသည့် မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် စေတနာရှင်၊ အလှူရှင်များ၏ ဒုတိယအကြိမ်မြောက်အလှူငွေများပေးအပ်လှူဒါန်းပွဲတွင်...

ငလျင်ဘေးအလှူငွေ ဒုတိယအကြိမ်တွင် ငွေကျပ်(၁၃၁)ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ(၂)သန်းကျော်ရရှိ

ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် မန္တ လေးငလျင်ကြီးဒဏ်သင့်ဒေသများနှင့် ငလျင်ဒဏ်သင့်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက...
HomeNewsLocal Newsငါးမွေးမြူရေးနှင့်ပတ်သက်၍ လိုအပ်သည်များကိုအစိုးရအဖွဲ့နှင့်သက်ဆိုင်ရာ ဝန်ကြီးဌာနများချိတ်ဆက်ဆောင်ရွက်ပေးမည်

ငါးမွေးမြူရေးနှင့်ပတ်သက်၍ လိုအပ်သည်များကိုအစိုးရအဖွဲ့နှင့်သက်ဆိုင်ရာ ဝန်ကြီးဌာနများချိတ်ဆက်ဆောင်ရွက်ပေးမည်

ဖေဖော်ဝါရီ ၅ ရက်နံနက်ပိုင်းက တွံတေးမြို့နယ်ရှိ ရွှေမုယင်းဒေသအတွင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့်မြန်မာ့စီးပွားရေးဦးပိုင်၊အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့မှ ငါးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအား နစက ဥက္ကဋ္ဌမှ ကြည့်ရှုစစ်ဆေးခဲ့သည်။

ရွှေမုယင်းဒေသအတွင်း ငါးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်စေခြင်းသည် ရန်ကုန်တိုင်းအတွင်း ငါးလိုအပ်ချက်ပြည့်မီစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကာ ရန်ကုန်တိုင်းတွင် လူဦးရေ ၉ သန်းခန့်ရှိပြီး လူတစ်ဦး တစ်ရက် ငါးအသား ၅ ကျပ်သားခန့်စားသုံးလျင်ပင် လိုအပ်ချက်များစွာရှိနေမည်ဟု ဆိုသည်။

“နေ့စဉ် ငါးလိုအပ်ချက်အတွက် ဧရာဝတီတိုင်းနဲ့တခြားတိုင်းနဲ့ပြည်နယ်တွေက တင်သွင်းနေရတာထက် မိမိတို့ဒေသအတွင်းမှာ ပြည့်မှီအောင် ထုတ်လုပ်နိုင်မယ်ဆိုရင် ပိုပြီးကောင်းမွန်လာမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ဒေသခံများအနေဖြင့်လည်း ဈေးနှုန်းသက်သာစွာ ပြည့်ပြည့်ဝဝ ဝယ်ယူစားသုံးနိုင်မည်ဖြစ်၍ ငါးမွေးမြူရေးလုပ်ငန်းအား ထုတ်လုပ်မှုကုန်ကျစရိတ်နည်းစွာ အရေအတွက်များများရရှိစေရန်ဆောင်ရွက်ရမည်ဖြစ်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာပါက ပြည်သူလူထု အကျိုးရှိမည်ဖြစ်ကာ အာဟာရပြည့်မီအောင်စားသုံးနိုင်မည်ဖြစ်၍ ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်သည့် ဒေသ၏အကျိုးကိုလည်း ဖြစ်ထွန်းစေမည်ဟု ဆိုသည်။

“အဲဒီလိုဆောင်ရွက်နိုင်ဖို့ မွေးမြူရေးမြေဧရိယာတွေကို အကျိုးရှိရှိအသုံးချဖို့လိုပါတယ်၊ အထွက်နှုန်းတိုးစေဖို့အတွက် အစာပြည့်၀အောင်ကျွေးမွေးဖို့ အကောင်ရေပြည့်မီအောင်ထည့်သွင်းဖို့လို အပ်ပါတယ်၊ ငါးမျိုးတွေမှန်ကန်စွာ ရရှိဖို့အတွက် တိုင်းအစိုးရအဖွဲ့က တာဝန်ရှိသူတွေဟာ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ချိတ်ဆက်ဆောင်ရွက်ကြရပါမယ် တခြားလိုအပ်တာတွေကိုလည်း အစိုးရကကူညီဆောင်ရွက်ပေးသွားပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေး (MSME) လုပ်ငန်းတစ်ခုဖြစ်သည့် တိရိစ္ဆာန် အစာထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသတွင်းရရှိသည့် ကုန်ကြမ်းများဖြင့် ထုတ်လုပ်နိုင်ရမည်ဖြစ်ကာ အခြားလိုအပ်သည့် တိရိစ္ဆာန်ဆေးဝါးများရရှိရန် ဆေးဝါးစက်ရုံများနှင့်ချိတ်ဆက်ဆောင်ရွက်ရမည်ဟု ဆိုသည်။

ထို့အတူ မွေးမြူရေးထုတ်ကုန်များ ဈေးကွက်သို့ လျင်မြန်စွာရောက်ရှိစေရန်နှင့်ဈေးနှုန်းသက်သာစေရန် သယ်ယူပို့ဆောင်ရေးလည်း အရေးကြီးကာ ထုတ်ကုန်အား ဈေးနှုန်းသက်သာစွာထုတ် လုပ်နိုင်သော်လည်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းရှည်လျားခြင်း၊ခက်ခဲခြင်းတို့ကြောင့် စရိတ်ကြီးမြင့်လာနိုင်၍ ကုန်ထုတ်လုပ်မှုလမ်းကြောင်းဆောင်ရွက်ရာတွင် စနစ်တကျကွင်းဆင်းစစ်ဆေးဆောင်ရွက်ရမည်ဟု ဆိုသည်။

“ရွှေမုယင်းဒေသကထွက်တဲ့ ငါးတွေကို ကနဦး ပထမအဆင့်သန့်စင်ပြီး အအေးခန်းပို့ဆောင်ရေးကားတွေသုံးပြီး ဈေးကွက်ကိုဖြန့်ချိနိုင်ဖို့ဆောင်ရွက်နိုင်ရပါမယ် စနစ်ကျနတဲ့ မွေးမြူရေးလုပ်ငန်းဖြစ်ဖို့လိုပြီး ဒေသနဲ့ဒေသခံတွေကို အကျိုးဖြစ်စေရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘောဒီးယားတွင်အွန်လိုင်းငွေလိမ်ဂိုဏ်းနှိမ်နင်း၊ဂျပန် ၂၀ ကျော် အဖမ်းခံရ

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် အာဏာပိုင်များက နိုင်ငံခြားသား ၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယင်းတို့ထဲမှ ၂၀ ကျော်သည် ဂျပန်နိုင်ငံသားများဟု ယူဆရကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။       နယ်စပ်မြို့ဖြစ်သော ပွိုင်ပက်တွင် အွန်လိုင်းလောင်းကစားနှင့် ခေတ်မီဆန်းပြားသော ငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသော အဆောက်အအုံကို ပစ်မှတ်ထား၍ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။           ငွေလိမ်လုပ်ငန်းများတွင် ဂျပန်နိုင်ငံသားများ ပါဝင်ပတ်သက်နေသည်ဟူသော သတင်းပေးချက်အရ ကမ္ဘောဒီးယား စုံစမ်းစစ်ဆေးရေးအာဏာပိုင်များက အင်္ဂါနေ့တွင် စီးနင်းရှာဖွေခဲ့ကြခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောဆိုသည်။ အဆိုပါဖြစ်စဉ်ကို ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက အတည်ပြုခဲ့ပြီး လက်ရှိတွင်...

ယာယီအပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအနေဖြင့် ယာယီအပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ ယခုအချိန်တွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တစိုက်မတ်မတ်ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုပြောသည်။ ငလျင်ဒဏ်ကြောင့် တစ်နိုင်ငံလုံးရှိပြည်သူများ စိတ်ထိခိုက်ခံစားနေရသည့်အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေသည့်ကာလဖြစ်၍ တည်ငြိမ်အေးချမ်းမှုလိုအပ်၍ တပ်မတော်အနေဖြင့် ဧပြီ ၂ ရက်မှစတင်ကာ ယခုမေလကုန်အထိကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ်သတ်မှတ်ထုတ်ပြန်ထားသည်ဟုလည်း ပြောသည်။ " ဒါ့ကြောင့် နိုင်ငံတော်နဲ့ပြည်သူတွေရဲ့ အကျိုးစီးပွားကိုရှေးရှုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ သက်ဆိုင်သူတွေအနေနဲ့ ယာယီအားဖြင့် အပစ်အခတ်ရပ်စဲထားတဲ့အပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ပေးကြဖို့တိုက်တွန်းလိုပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။ ထို့ပြင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် နိုင်ငံတော်အနေဖြင့်...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေကျပ်(၃၈၀၄)ဘီလီယံကျော်ရှိခဲ့

ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက နေပြည် တော်၌ကျင်းပသည့် မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် စေတနာရှင်၊ အလှူရှင်များ၏ ဒုတိယအကြိမ်မြောက်အလှူငွေများပေးအပ်လှူဒါန်းပွဲတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။ မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခုတွင်ထိခိုက်မှုရှိခဲ့ပြီး (၆)ခုမှာပြင်းထန်စွာခံစားခဲ့ရပြီး နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်(၁၀)ခုရှိ ရပ်ကွက်(၃၇၄) ခု၊ ကျေးရွာအုပ်စု(၉၄၄)စု၊ ကျေးရွာ(၂၀၈၁)ရွာ၊ အိမ်ထောင်စု(၁၆၂၁၆၇)စု၊ လူဦးရေ(၅၀၆၀၆၉)ဦးဘေးသင့်ခဲ့သည်ဟု ပြောသည်။ " ‌ေ-သဆုံးသူ(၃၇၃၉)ယောက်၊ ပျောက်ဆုံးသူ(၆၈) ယောက်နဲ့၊ ဒဏ်ရာရသူ(၅၁၀၄)ယောက်ရှိပါတယ်။ ဒါ့အပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071