Wednesday, June 4, 2025

Art Hong Kong Expo...

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် မေ ၃၀ ရက်မှ ဇွန် ၂ ရက်အထိ ပြခန်းပေါင်း(၃၀၀)ကျော်ပါဝင်သည့် Art Hong Kong Expo 2025...

မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲများပြန်လည်ဖြေဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ ယာယီရပ်နားထားခဲ့ရသော သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၏ ပထမနေ့အား ယနေ့ ဇွန် ၄ ရက်မွန်းတည့်...

ဒုတိယအကြိမ် Speed Boat အသုံးပြု...

မန္တလေးတိုင်း၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကြီးမှူး၍ ဒုတိယအကြိမ် Speed Boat အသုံးပြု ရေပြင်ကယ်ဆယ်ရေးသင်တန်းကို ဇွန်လ (၁၁)ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကယ်ဆယ်သမား...

ဖိလစ်ပိုင်လူငယ်များ HIV ကူးနှုန်းအဆမတန်မြင့်တက်လာ၍အရေးပေါ်အခြေအနေသတ်မှတ်ထား

မနီလာ၊ဇွန် ၃ ဖိလစ်ပိုင်လူငယ်များအကြား၌ HIV ရောဂါကူးစက်မှုနှုန်းသည် ၅၀၀ ရာခိုင်နှုန်းအထိရှိလာနေသဖြင့် ကျန်းမာရေးဝန်ကြီးဌာနက အဆိုပါရောဂါကို နိုင်ငံတော်ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေငြာရန် အကြံပြုထားကြောင်းသိရသည်။ ကျန်းမာရေးဌာနအတွင်းဝန်ကမူ ရောဂါကူးစက်မှုသည် အသက်...
HomeInternationalသြစတြေးလျမြစ်ထဲ ရေဆင်းကူးသည့် ဆယ်ကျော်သက်အမျိုးသမီး...

သြစတြေးလျမြစ်ထဲ ရေဆင်းကူးသည့် ဆယ်ကျော်သက်အမျိုးသမီး ငမန်းကိုက်သဖြင့် သေဆုံး

သြစတြေးလျအနောက်ပိုင်း  ပါ့သ်မြို့ရှိ မြစ်တစ်စင်းတွင် ရေဆင်းကူးသော အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးအား ငါးမန်းတစ်ကောင်က တိုက်ခိုက်သတ်ဖြတ်ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါဆယ်ကျော်သက်အမျိုးသမီးငယ်အား သူရေဆင်းကူးသည့် Swan မြစ်ထဲမှ ဆယ်ယူကယ်တင်ခဲ့သော်လည်း သေဆုံးသွားကြောင်း CNN ၏ သတင်းဌာနခွဲဖြစ်သည့် Nine News ကဖော်ပြခဲ့သည်။

“ဒါဟာ မျက်မြင်တွေ့သူတိုင်းအတွက် အလွန်စိတ်ထိခိုက်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ” ဟု အနောက်သြစတေးလျရဲတပ်ဖွဲ့မှ စစ်ဆေးရေးမှူး ပေါလ်ရော်ဘင်ဆန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မိန်းကလေးသည် အနီးနားရှိ လင်းပိုင်တစ်ကောင်နှင့်အတူ ရေကူးခတ်ရန်အတွက် ရေထဲသို့ခုန်ချခဲ့ခြင်းဖြစ်ကြောင်း ရော်ဘင်ဆန်ကဆိုသည်။

ရဲများက သူမကို မြစ်ထဲမှ ဆွဲထုတ်ကာ အသက်ကို ကယ်တင်ရန် ကြိုးစားသော်လည်း အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါမိန်းကလေးအား မည်သည့်ငါးမန်းအမျိုးအစားက တိုက်ခိုက်ခဲ့သည်ဆိုခြင်းကို ယခုအချိန်အထိရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း၊ ဩစတေးလျနိုင်ငံတစ်ဝိုက်ရှိ မြစ်အများစုတွင် တွေ့ရလေ့ရှိသည့် နွားငါးမန်းဖြစ်နိုင်သည်ဟု ဒေသခံမီဒီယာများက ခန့်မှန်းကြသည်။

တရားဝင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Art Hong Kong Expo 2025 တွင် မြန်မာနိုင်ငံထွက် ကျောက်စိမ်း၊ ပုလဲနှင့် ယွန်းထည်ပစ္စည်းများပြသခဲ့

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် မေ ၃၀ ရက်မှ ဇွန် ၂ ရက်အထိ ပြခန်းပေါင်း(၃၀၀)ကျော်ပါဝင်သည့် Art Hong Kong Expo 2025 တွင် မြန်မာနိုင်ငံထွက် ကျောက်စိမ်း၊ ပုလဲနှင့် ယွန်းထည်ပစ္စည်းများကိုပြသခဲ့ကြောင်း သိရသည်။ ပြပွဲတွင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ယွန်းထည်ပစ္စည်းများ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ကူညီမှုဖြင့် "အောင်ဇေ"ပုလဲနှင့် လက်ဝတ်ရတနာကုမ္ပဏီက မြန်မာ့ပုလဲ၊ ကျောက်စိမ်း၊ မုတ်ကောင်ခွံဖြင့်ပြုလုပ်ထားသည့် အနုပညာပစ္စည်းများကို ပါဝင်ပြသခဲ့ကြကြောင်း သိရသည်။ အဆိုပါပြပွဲ၌ တရုတ်ပန်းချီနှင့် ကမ္ပည်းမင်စာများ၊ ကြေးထည်နှင့် မြေထည်လက်ရာများ၊ ရှေးဟောင်းပစ္စည်းများ၊ ရွှေထည်နှင့် ငွေထည်လက်ရာများ၊...

မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲများပြန်လည်ဖြေဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ ယာယီရပ်နားထားခဲ့ရသော သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၏ ပထမနေ့အား ယနေ့ ဇွန် ၄ ရက်မွန်းတည့် ၁၂ နာရီက စတင်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ မြဝတီမြို့၊ ရွှေမြင်းဝန်စေတီတော်အတွင်းရှိ သာသနာ့ဟိတကာရီဗိမာန်တော်စာဖြေဌာန၌ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းတို့တွင် သံဃာတော်(၉၄)ပါး၊ သီလရှင် (၄၈)ပါး(စုစုပေါင်း ၁၄၂ ပါး)ဝင်ရောက်ဖြေဆိုတော်မူခဲ့ကြကြောင်း သိရသည်။ ထို့ပြင် လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့မဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ကျင်းပသည့် အစိုးရပါဠိပထမပြန်စာမေးပွဲတွင်လည်း ပထမကြီးတန်းတွင် သံဃာတော်(၁)ပါး၊ ပထမလတ်တန်းတွင် သံဃာတော် (၄)ပါး၊ ပထမငယ်တန်းတွင် သံဃာတော်(၁၆)ပါး၊...

ဒုတိယအကြိမ် Speed Boat အသုံးပြု ရေပြင်ကယ်ဆယ်ရေးသင်တန်း ကယ်ဆယ်သမား(၅၀)ဦး ထပ်မံတက်ရောက်မည်

မန္တလေးတိုင်း၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကြီးမှူး၍ ဒုတိယအကြိမ် Speed Boat အသုံးပြု ရေပြင်ကယ်ဆယ်ရေးသင်တန်းကို ဇွန်လ (၁၁)ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကယ်ဆယ်သမား (၅၀)ဦး တက်ရောက်သင် ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ ဇွန်လ (၁၁)ရက်မှ (၁၅) ရက်အထိ (၅) ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကာ ကယ်ဆယ်ရေးသုံး Speed Boat အမျိုးအစားများအကြောင်း၊ တစ်ဦးခြင်း (သို့)အုပ်စုဖွဲ့ မောင်းနှင်ခြင်း စာတွေ့သင်ခန်းစာများ၊ ကယ်ဆယ်ရေးသုံးအင်ဂျင်များအကြောင်း၊ ကယ်ဆယ်ရေးသုံး အင်ဂျင်များပြုပြင်ခြင်း၊ ရေပြင်ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ် ဖြစ်ပွားတတ်သော အခက်အခဲများအား ဖြေရှင်းနည်းကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071