တပို့တွဲလပြည့်နေ့မှာ ဓမ္မ မိတ်ဆွေများနဲ့အတူထမနဲလှူဒါန်းခဲ့တဲ့ဦးအောင်ခိုင်တို့ဇနီးမောင်နှံ

0
351

ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာကျရောက်တဲ့တပို့တွဲ လပြည့်နေ့မှာ ဦးအောင်ခိုင်တို့ဇနီးမောင်နှံတို့အနေနဲ့ ဓမ္မ မိတ်ဆွေအဖွဲ့ဝင်များနဲ့ပူးပေါင်းကာ ဗိုလ်တထောင်ဘုရားမှာထမနဲလှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။ 

အခုလိုလှူဖြစ်တာနဲ့ ပတ်သက်ပြီးအန်တီဝါဝါအောင်က 

” အကယ်ဒမီ ခန့်စည်သူဦးဆောင်တဲ့ ဓမ္မ မိတ်ဆွေများအဖွဲ့နဲ့အတူ တပို့တွဲလပြည့်နေ့မှာ ထမနဲလှူဖြစ်တာပါ အန်တီ ဝါတော့ကတော့ ဒီနှစ်မှ ဓမ္မ မိတ်ဆွေများအဖွဲ့ထဲဝင်ဖြစ်တာပါ ဓမ္မ မိတ်ဆွေများအဖွဲ့ကတော့ နှစ်စဥ်နှစ်တိုင်း တပို့တွဲ လပြည့်နေ့မှာ ဗိုလ်တထောင် ဘုရားမှာ ထမနဲလှူနေကျပါ ” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here