Saturday, June 14, 2025

အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR)...

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၅၀၀ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံးမှ သိရသည်။ ဇွန်လ ၁၀...

ဗီယက်နမ်သည် BRICS ၏ မိတ်ဖက်နိုင်ငံ...

ဗီယက်နမ်နိုင်ငံကို ထွန်းသစ်စ စီးပွားရေးနိုင်ငံများအုပ်စု BRICS ၏ မိတ်ဖက်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။ “ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဘရာဇီးအစိုးရက...

ထိုင်း အဓိကဘဏ်ကြီးသုံးခု၏ စနစ်ပြုပြင်ထိန်းသိမ်းမှုကြောင့် ဝန်ဆောင်မှုများ...

အွန်လိုင်းဘဏ်လုပ်ငန်း၊ ATM ငွေထုတ်မှုများနှင့် ငွေပေးချေမှု ဝန်ဆောင်မှုများကို သက်ရောက်သည့် ထိုင်းနိုင်ငံ၏ အဓိကဘဏ်ကြီးသုံးခု Krungthai၊ GSB၊ SCB တို့၏ ကျယ်ပြန့်သော...

KBZ စင်တာက ငလျင်ဒဏ်ကြောင့် ပျ-က်စီးခဲ့သည့်...

KBZ Center Mandalay က မန္တလေးမြို့ရှိငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့သည့် ဘုန်းကြီးကျောင်းများအပါအဝင် စာသင်တိုက်များ၊ သီလကျောင်းများ ပြန်လည်တည်ဆောက်ရေးအတွက် ဘိလပ်မြေအိတ် ရာနှင့်ချီစတင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ ယနေ့...
HomeNewsLocal NewsUSDP ပါတီအပါအဝင် နိုင်ငံရေးပါတီ...

USDP ပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၂ ပါတီမှ နစက ၏ဥပဒေနှင့်အညီဆောင်ရွက်ချက်များ သည် လက်ရှိဖြစ်ရပ်မှန်များဖြစ်၍ ထောက်ခံဟုပူးတွဲထုတ်ပြန်

နေပြည်တော်၌ ဇန်နဝါရီ ၃၁ ရက်က ကျင်းပခဲ့သည့် ကာလုံအစည်းအဝေးတွင် ပြောကြားချက်များသည် လက်ရှိဖြစ်ရပ်မှန်များဖြစ်၍ထောက်ခံ သည်ဟု USDP ပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၂ ပါတီမှပူးတွဲသဘောထားထုတ်ပြန်ခဲ့သည်။

ကာလုံအစည်းအဝေးတွင် ပြောကြားချက်များ၊ “ပြည်သူကရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေလျှောက်လှမ်းရမည်ဖြစ်သည့် အတွက် ရွေးကောက်ပွဲကိုမဖြစ်မနေလုပ်ရမည်ဖြစ်ကြောင်း”ဆိုသည့်အချက်နှင့် နစက ၏ဥပဒေနှင့်အညီဆောင်ရွက်ချက်များသည် လက်ရှိဖြစ် ရပ်မှန်များဖြစ်သည်ဟု သဘောထားထုတ်ပြန်ခဲ့သည်။

အစည်းအဝေးတွင်ပြောကြားခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင်ဖြစ်ပွားခဲ့သည့် မဲမသမာမှုများ၊မဲမသမာမှုများကို တာ၀န်ရှိသူများကဖြေရှင်းပေးခြင်းမရှိဘဲ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန်ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ၊နိုင်ငံတော် တစ်၀န်းလုံး အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်အထိဖြစ်ပွားခဲ့သည့်အခြေအနေများသည် ပဂတိအရှိတရား၊အမှန်တရားသာဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် နစက ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့မှုများ၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်ဖွဲ့စည်း၍ မဲစာ ရင်းစစ်ဆေးခဲ့မှုနှင့်စစ်ဆေးတွေ့ရှိခဲ့မှု အခြေအနေများ၊မဲမသမာမှုတွင် တာ၀န်ရှိသူများကိုအရေးယူဆောင်ရွက်ခဲ့မှုအခြေအနေများ၊ NLD ပါတီဥက္ကဋ္ဌနှင့်သမ္မတဟောင်းတို့က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အပေါ် တိုက်ရိုက်နှင့်သွယ်ဝိုက်၍ ဖိအားပေးမှုအခြေအနေများ၊ ဒီမိုကရေစီ ဒုတိယသက်တမ်းကာလတွင် NLD ပါတီက အဂတိလိုက်စားမှုဖြစ်စဉ်များနှင့်တရားရုံးအသီးသီးတို့၌ ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်ခဲ့သည့် အခြေအနေများသည်လည်း ပဂတိအရှိတရား၊အမှန်တရားသာဖြစ်သည်ဟု ထုတ်ပြန်ရေးသားထားသည်။

ကိုဗစ်(၁၉)ရောဂါကာကွယ်ရေး၊ကုသရေးနှင့် ကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေများ၊ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင် ရွက်ခဲ့သည့်အခြေအနေများ၊ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်နှင့်လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သည့် အခြေအနေများ၊နောင်လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများမှန်ကန်မှုရှိစေရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊မူးယစ်ဆေးဝါး ဖော် ထုတ်ဖမ်းဆီးရမိမှုအခြေအနေများသည်လည်း ပဂတိအရှိတရား၊အမှန်တရားဖြစ်သည်ဟု ထုတ်ပြန်ရေးသားထားသည်။

အကြမ်းဖက်အုပ်စုဖြစ်သည့် CRPH, NUG နှင့် ၎င်းတို့၏ လက်ခံ PDF အမည်ခံ အကြမ်းဖက် သမားများ၏ အကြမ်းဖက်လုပ်ရပ်များနှင့်အဖျက်အမှောင့်လုပ်ရပ်များလုပ်ဆောင်နေမှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရရှိမှုနိုင်ငံပိုင် နှင့်ပုဂ္ဂလိကပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရမှု အခြေအနေများနှင့်နိုင်ငံတော်အာဏာကို ဆူပူ သောင်းကျန်းမှု၊အကြမ်းဖက်မှုများဖြင့်ရယူရန် ကြိုးပမ်းလုပ်ဆောင်လာမှုအခြေအနေများမှာလည်း ပကတိအရှိတရား၊အမှန်များသာဖြစ်သည်ဟု ပူးတွဲသဘောထားထုတ်ပြန်ချက်၌ရေးသားထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အ မျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အမျိုးသားနိုင်ငံရေးမ ဟာမိတ်များ အဖွဲ့ချုပ်ပါတီ၊ ရခိုင်ပြည်နယ်အ မျိုးသားအင်အားစုပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ အ ခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ပြည်သူ့အင် အားပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ၈၈ မျိုး ဆက် ဒီမိုကရေစီပါတီ၊ ပြည်ထောင်စုလယ်သမား အလုပ်သမား အင်အားစုပါတီ၊ လူထုပါတီ၊ အမျိုး သားတိုးတက်မြင့်မားရေးပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်ထောင်စုမြန်မာ နိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ၊ ၈၈ မျိုး ဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန် မာနိုင်ငံ)ပါတီတို့မှ ပူးတွဲသဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်ဖြင့် ငလျင်ဒဏ်သင့်ဒေသများသို့ တရုတ်လှူဒါန်း

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၅၀၀ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံးမှ သိရသည်။ ဇွန်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့ တို့တွင် နေပြည်တော်နှင့် မန္တလေးမြို့၌ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၅၀၀ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ အဆိုပါစားနပ်ရိက္ခာများသည် ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြေရှင်းပေးကာ တတ်နိုင်သမျှ အမြန်ဆုံး ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။ မတ်လ...

ဗီယက်နမ်သည် BRICS ၏ မိတ်ဖက်နိုင်ငံ ဖြစ်ပြီ

ဗီယက်နမ်နိုင်ငံကို ထွန်းသစ်စ စီးပွားရေးနိုင်ငံများအုပ်စု BRICS ၏ မိတ်ဖက်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။ “ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဘရာဇီးအစိုးရက ကြိုဆိုသည်” ဟု အဖွဲ့၏ ၂၀၂၅ ခုနှစ်အတွက် ဥက္ကဌဖြစ်သည့် တောင်အမေရိကနိုင်ငံ ဘရာဇီးက ပြောကြားခဲ့သည်။ BRICS အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်များနှင့်အတူ နိုင်ငံတကာအစီအစဉ်အတွက် ပိုမိုပါဝင် ကိုယ်စားပြုရန် ကတိကဝတ်ပြုကြောင်း ၎င်း၏ South-South ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများသည် အဖွဲ့၏ အကျိုးစီးပွားနှင့် ပေါင်းစည်းမှုကို အားဖြည့်ပေးပါကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်း...

ထိုင်း အဓိကဘဏ်ကြီးသုံးခု၏ စနစ်ပြုပြင်ထိန်းသိမ်းမှုကြောင့် ဝန်ဆောင်မှုများ ယာယီပြ-တ်တောက်

အွန်လိုင်းဘဏ်လုပ်ငန်း၊ ATM ငွေထုတ်မှုများနှင့် ငွေပေးချေမှု ဝန်ဆောင်မှုများကို သက်ရောက်သည့် ထိုင်းနိုင်ငံ၏ အဓိကဘဏ်ကြီးသုံးခု Krungthai၊ GSB၊ SCB တို့၏ ကျယ်ပြန့်သော ပြုပြင်ထိန်းသိမ်းမှု အစီအစဉ်ကြောင့် ထိုင်းနိုင်ငံတစ်ဝန်းရှိ သန်းနှင့်ချီသော သုံးစွဲသူများသည် ဝန်ဆောင်မှုပြ-တ်တောက်သည့်အခြေအနေများနှင့် ရင်ဆိုင်ရနိုင်သည်။ နိုင်ငံ၏ အကြီးဆုံး ငွေရေးကြေးရေးအဖွဲ့အစည်းသုံးခုဖြစ်သည့် Krungthai Bank Government Savings Bank(GSB)၊ Siam Commercial Bank(SCB) တို့သည် လာမည့်ရက်များအတွင်း ကျယ်ကျယ်ပြန့်ပြန့်စနစ်ထိန်းသိမ်းမှုလုပ်ဆောင်မည်ဟု ကြေညာခဲ့သောကြောင့် ထိုင်းနိုင်ငံတစ်ဝန်း လူသန်းနှင့်ချီကို သက်ရောက်စေသည့် ဘဏ်လုပ်ငန်းပြ-တ်တောက်မှုဖြစ်ပေါ်နေသည်။ စီစဉ်ထားသော ဖြ-တ်တောက်မှုများကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071