Sunday, June 15, 2025

ကျွန်းလှမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၂၄၄)...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများပျ-က်စီးသွားခဲ့သည့်ဒေသများတွင်နေထိုင်သော ကျောင်းသား၊ ကျောင်းသူများမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအားပြန်လည်ဖြေဆိုရမည်ဖြစ်၍ ပြန်လည်လေ့ကျင့်သင် ကြားမှုများပြုလုပ်လျက်ရှိသည်။ ထိုသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအားပြန်လည်ဖြေဆိုရမည့် ဒေသများအနက် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှ...

ပြိုကျပျက်စီးနေသည့် စေတီ၊ ပုထိုးတော်များပြုပြင်ရန် အလှူတော်ငွေကျပ်သိန်း(၅၀၀)လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ ပြိုကျပျ-က်စီးနေသော ဘုရား၊ စေတီ၊ ပုထိုးတော်များအားပြန်လည်ပြုပြင်ရာ၌အ သုံးပြုရန် သီတဂူဆရာတော်ကြီးထံသို့ အလှူတော်ငွေကျပ်သိန်း(၅၀၀)အားလာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ပြင်ဦးလွင်မြို့၊ ဗြဟ္မာဝိဟာရီကျောင်းတိုက်၏ ဦးစီးပဓာနနယက...

အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းတစ်ခုလုံး၏ (၄၅)...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းသည် လုပ်ငန်းတစ်ခုလုံး၏ (၄၅) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ် (တောင်ပိုင်း)...

ဘားအံ၌ ရေဘေးသဏ္ဍာန်တူ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရေဘေးသဏ္ဍာန်တူ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်သည် မြစ်ချောင်းအင်းအိုင်ပေါများပြီး မိုးရာသီရောက်တိုင်း နှစ်စဉ်ရေကြီးရေလျှံလေ့ရှိသည့်အတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှကြီးမှူး၍...
HomeNewsLocal Newsမူဆယ်မြို့တွင် လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွားရာမှ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရ

မူဆယ်မြို့တွင် လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွားရာမှ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်၊မူဆယ်မြို့၊ဟိုမွန်ရပ်ကွက်ရှိ ကံ့ကော်လမ်းခွဲတွင် ဖေဖော်ဝါရီ ၂ ရက်(ယနေ့)နံနက်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲခဲ့သဖြင့် အမျိုးသားတစ်ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၁၁ နာရီခွဲခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးက ဟိုမွန်ရပ်ကွက်၊ ၄၅ ကုန်းဘက်မှမောင်းနှင်လာကာ ကံ့ကော်လမ်းခွဲ၌ရှိနေသည့် လုံခြုံရေးအဖွဲ့ဝင်များအား လက်လုပ်ဗုံးဖြင့်ပစ်ပေါက်၍ နာရီစင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် ဟိုမွန်ရပ်ကွက်ဘက်မှနာရီစင်ဘက်သို့ လမ်းလျှောက်လာသည့် အမည်၊အသက်၊နေရပ်လိပ်စာ(စီစစ်ဆဲ)အမျိုးသား၏ ယာဘက်လည်ပင်းဖူးရောင်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ယာလက်မောင်းဖူးရောင်ပေါက် ပြဲဒဏ်ရာ ၃ ချက်၊နှာခေါင်းဖူးရောင်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ယာတင်ပါးဆုံဖူးရောင် ပေါက်ပြဲဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ရရှိခဲ့သဖြင့် မူဆယ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ပြည်သူ့စစ်အဖွဲ့တွေက လိုအပ်တဲ့လုံခြုံရေးလုပ်ငန်းလုပ်နေတုန်း ဆိုင်ကယ်နဲ့မောင်းလာပြီး လက်လုပ်ဗုံးနဲ့ပစ်သွားတာ ပစ်ပြီးပြီးချင်းအမြန်မောင်းပြေးသွားကြတယ် ပိတ်ဆို့စစ်ဆေးတာတွေလုပ်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျွန်းလှမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၂၄၄) ဦးရှိ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများပျ-က်စီးသွားခဲ့သည့်ဒေသများတွင်နေထိုင်သော ကျောင်းသား၊ ကျောင်းသူများမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအားပြန်လည်ဖြေဆိုရမည်ဖြစ်၍ ပြန်လည်လေ့ကျင့်သင် ကြားမှုများပြုလုပ်လျက်ရှိသည်။ ထိုသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအားပြန်လည်ဖြေဆိုရမည့် ဒေသများအနက် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ(၂၄၄)ဦးလည်း ပြန်လည်ဖြေဆိုသွားမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ဖြေဆိုရမည့် စာစစ်ဌာနအား တာဝန်ရှိသူများမှ ယနေ့ ဇွန် ၁၅ ရက်နံနက်ပိုင်းက စစ်ဆေးခဲ့ကြသည်။ တာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရမည့် စာသင်ခန်းများပြင်ဆင်ဆောင်ရွက်ထားမှု၊ ကျောင်းတွင်း/ကျောင်းပြင်သန့်ရှင်းရေးဆောင်ရွက်လျက်ရှိမှု၊ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ အကြံပြုဆွေး နွေးမှုများပြုလုပ်ခဲ့ကြသည်။

ပြိုကျပျက်စီးနေသည့် စေတီ၊ ပုထိုးတော်များပြုပြင်ရန် အလှူတော်ငွေကျပ်သိန်း(၅၀၀)လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ ပြိုကျပျ-က်စီးနေသော ဘုရား၊ စေတီ၊ ပုထိုးတော်များအားပြန်လည်ပြုပြင်ရာ၌အ သုံးပြုရန် သီတဂူဆရာတော်ကြီးထံသို့ အလှူတော်ငွေကျပ်သိန်း(၅၀၀)အားလာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ပြင်ဦးလွင်မြို့၊ ဗြဟ္မာဝိဟာရီကျောင်းတိုက်၏ ဦးစီးပဓာနနယက ကမ္ဘာ့သာသနာပြု သီလရှင်ဆရာကြီး ဒေါ်ဒီပင်္ကရာထေရီမှ အလှူတော်ငွေကျပ်သိန်း (၅၀၀)အား ယနေ့ ဇွန် ၁၅ ရက်က လာရောက်လှူ ဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အလှူငွေအား သီတဂူဆရာတော်ကြီးမှလက်ခံရယူတော်မူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်တော်မူခဲ့ကြောင်း သိရသည်။

အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းတစ်ခုလုံး၏ (၄၅) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းသည် လုပ်ငန်းတစ်ခုလုံး၏ (၄၅) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ ဘီလူးချောင်းပေါ်တွင် ကွန်ကရစ်တမံ (Overflow Type) တည်ဆောက်ထားခြင်း ဖြစ်သည်။ အဆိုပါ ကွန်ကရစ်တမံတွင် အမှတ် (၁) စက်ရုံ မှ (၂၀ ဒသမ ၄) မဂ္ဂါဝပ်နှင့် အမှတ် (၂)စက်ရုံမှ (၁၀)မဂ္ဂါဝပ်စုစုပေါင်း စက်တပ်ဆင်အင်အား (၃၀ ဒသမ ၄)မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ နှစ်ရုံတည်ဆောက်ပြီး နှစ်စဉ်ပျမ်းမျှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071