Looking for something?

Explore the website

Looking for something?

Saturday, June 14, 2025

ဗီယက်နမ်သည် BRICS ၏ မိတ်ဖက်နိုင်ငံ...

ဗီယက်နမ်နိုင်ငံကို ထွန်းသစ်စ စီးပွားရေးနိုင်ငံများအုပ်စု BRICS ၏ မိတ်ဖက်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။ “ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဘရာဇီးအစိုးရက...

ထိုင်း အဓိကဘဏ်ကြီးသုံးခု၏ စနစ်ပြုပြင်ထိန်းသိမ်းမှုကြောင့် ဝန်ဆောင်မှုများ...

အွန်လိုင်းဘဏ်လုပ်ငန်း၊ ATM ငွေထုတ်မှုများနှင့် ငွေပေးချေမှု ဝန်ဆောင်မှုများကို သက်ရောက်သည့် ထိုင်းနိုင်ငံ၏ အဓိကဘဏ်ကြီးသုံးခု Krungthai၊ GSB၊ SCB တို့၏ ကျယ်ပြန့်သော...

KBZ စင်တာက ငလျင်ဒဏ်ကြောင့် ပျ-က်စီးခဲ့သည့်...

KBZ Center Mandalay က မန္တလေးမြို့ရှိငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့သည့် ဘုန်းကြီးကျောင်းများအပါအဝင် စာသင်တိုက်များ၊ သီလကျောင်းများ ပြန်လည်တည်ဆောက်ရေးအတွက် ဘိလပ်မြေအိတ် ရာနှင့်ချီစတင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ ယနေ့...

မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ်အတွက် ခရိုင်အဆင့် စုဖွဲ့လေ့ကျင့်များပြုလုပ်

မွန်ပြည်၊ မော်လမြိုင်မြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ခရိုင်အဆင့်စုဖွဲလေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ စုဖွဲ့လေ့ကျင့်ရာတွင် မော်လမြိုင်ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းကော်မတီ(၁၁)ခုရှိ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မီးသ-တ်တပ်ဖွဲ့၊ လူမူကယ်ဆယ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များဖြင့်...
HomeNewsLocal Newsမုန်တိုင်းငယ်အရှိန်ကြောင့် လာမည့် ၄၈...

မုန်တိုင်းငယ်အရှိန်ကြောင့် လာမည့် ၄၈ နာရီအတွင်း မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေပြင်းတိုက်၍ လှိုင်းကြီးမည်ဟု မိုးဇလထုတ်ပြန်

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် လာမည့် ၄၈ နာရီအတွင်း မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေပြင်းတိုက်၍လှိုင်းကြီးမည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇန်နဝါရီ ၃၀ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။

ယင်း မုန်တိုင်းငယ်သည် ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၅၃၀ ခန့်၊ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၆၅၀ ခန့်အကွာရှိ ပင်လယ်ပြင်အား ဗဟိုပြုနေသည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။

မုန်တိုင်းငယ်သည် ကိုကိုးကျွန်းနှင့်ဟိုင်းကြီးကျွန်းမြို့တို့ရှိ ပင်လယ်ပြင်အား ဗဟိုပြုနေသော်လည်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားလာမည့်အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်သတ်မှတ်ထားသည်ဟု မိုးဇလကအသိပေးခဲ့သည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့် လာမည့် ၄၈ နာရီအတွင်း မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျင် မိုင် ၃၀ မှ ၃၅ မိုင်အထိ လေပြင်းများတိုက်ခတ်ကာ အမြင့် ၇ ပေမှ ၉ ပေခန့်အထိ လှိုင်းကြီးနိုင်သည်ဟု မိုးဇလကအသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်၍ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မွန်- တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုကြရန် မိုးဇလကအသိပေးနှိုးဆော်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗီယက်နမ်သည် BRICS ၏ မိတ်ဖက်နိုင်ငံ ဖြစ်ပြီ

ဗီယက်နမ်နိုင်ငံကို ထွန်းသစ်စ စီးပွားရေးနိုင်ငံများအုပ်စု BRICS ၏ မိတ်ဖက်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။ “ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဘရာဇီးအစိုးရက ကြိုဆိုသည်” ဟု အဖွဲ့၏ ၂၀၂၅ ခုနှစ်အတွက် ဥက္ကဌဖြစ်သည့် တောင်အမေရိကနိုင်ငံ ဘရာဇီးက ပြောကြားခဲ့သည်။ BRICS အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်များနှင့်အတူ နိုင်ငံတကာအစီအစဉ်အတွက် ပိုမိုပါဝင် ကိုယ်စားပြုရန် ကတိကဝတ်ပြုကြောင်း ၎င်း၏ South-South ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများသည် အဖွဲ့၏ အကျိုးစီးပွားနှင့် ပေါင်းစည်းမှုကို အားဖြည့်ပေးပါကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်း...

ထိုင်း အဓိကဘဏ်ကြီးသုံးခု၏ စနစ်ပြုပြင်ထိန်းသိမ်းမှုကြောင့် ဝန်ဆောင်မှုများ ယာယီပြ-တ်တောက်

အွန်လိုင်းဘဏ်လုပ်ငန်း၊ ATM ငွေထုတ်မှုများနှင့် ငွေပေးချေမှု ဝန်ဆောင်မှုများကို သက်ရောက်သည့် ထိုင်းနိုင်ငံ၏ အဓိကဘဏ်ကြီးသုံးခု Krungthai၊ GSB၊ SCB တို့၏ ကျယ်ပြန့်သော ပြုပြင်ထိန်းသိမ်းမှု အစီအစဉ်ကြောင့် ထိုင်းနိုင်ငံတစ်ဝန်းရှိ သန်းနှင့်ချီသော သုံးစွဲသူများသည် ဝန်ဆောင်မှုပြ-တ်တောက်သည့်အခြေအနေများနှင့် ရင်ဆိုင်ရနိုင်သည်။ နိုင်ငံ၏ အကြီးဆုံး ငွေရေးကြေးရေးအဖွဲ့အစည်းသုံးခုဖြစ်သည့် Krungthai Bank Government Savings Bank(GSB)၊ Siam Commercial Bank(SCB) တို့သည် လာမည့်ရက်များအတွင်း ကျယ်ကျယ်ပြန့်ပြန့်စနစ်ထိန်းသိမ်းမှုလုပ်ဆောင်မည်ဟု ကြေညာခဲ့သောကြောင့် ထိုင်းနိုင်ငံတစ်ဝန်း လူသန်းနှင့်ချီကို သက်ရောက်စေသည့် ဘဏ်လုပ်ငန်းပြ-တ်တောက်မှုဖြစ်ပေါ်နေသည်။ စီစဉ်ထားသော ဖြ-တ်တောက်မှုများကြောင့်...

KBZ စင်တာက ငလျင်ဒဏ်ကြောင့် ပျ-က်စီးခဲ့သည့် ဘုန်းကြီးကျောင်းများ တည်‌ဆောက်ရေး ဘိလပ်မြေအိတ်ရာနှင့်ချီ စတင်လှူဒါန်း

KBZ Center Mandalay က မန္တလေးမြို့ရှိငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့သည့် ဘုန်းကြီးကျောင်းများအပါအဝင် စာသင်တိုက်များ၊ သီလကျောင်းများ ပြန်လည်တည်ဆောက်ရေးအတွက် ဘိလပ်မြေအိတ် ရာနှင့်ချီစတင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ ယနေ့ ဇွန် ၁၄ ရက်တွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၊မဟာဝိသုဒ္ဓါရုံတိုက်သစ်ကျောင်းတိုက်၊ မဏိရတနာရာမ မြတောင်ကျောင်းတိုက်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကမ္ဘာတဲကျောင်းတိုက်နှင့် နေမင်းပရဟိတ ကျောင်းတိုက်များအတွက် ဘိလပ်မြေအိတ် ၁,၄၀၀ အပါ အဝင် ဆန်အိတ် (၂၄၀)တို့ကိုပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ မဟာဝိသုဒ္ဓါရုံ တိုက်သစ်ကျောင်းတိုက်တွင် အသစ်ပြန်လည် တည်ဆောက်ရမည်ကျောင်းဆောင် ၇ ဆောင်၊ ပြန်လည် ပြုပြင်မွန်းမံရမည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071