Saturday, June 14, 2025

MNL League Cup 2025...

MNL League Cup 2025 ကွာတားဖိုင်နယ်ပွဲစဉ်သို့ တက်ရောက်ခဲ့ပြီဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ယနေ့ ဇွန် (၁၄)ရက် နံနက်ပိုင်း၌ Glory Goal...

ကျိုက်ထိုမြို့မှ ကိုဗစ်ကူးစက်ခံရသူ အမျိုးသားလူနာ ဆေးရုံဆင်းခွင့်ပြု

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှ ကိုဗစ်ရောဂါ ကူးစက်ခံထားရသော အမျိုးသားလူနာမှာ ကျန်းနာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်သဖြင့် ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံက သိရသည်။ အသက် (၂၅) နှစ်အရွယ် အဆိုပါအမျိုသားမှာ...

အာဇာနည်နေ့အတွက် အထူးပြခန်း ပြုလုပ်နိုင်ရန် ဗိုလ်ချုပ်ပြတို-က်ကို...

(၇၈)နှစ်မြောက် ကျရောက်မည့် အာဇာနည်နေ့ အထိမ်းအမှတ်အထူးပြခန်း ပြသရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်မည် ဖြစ်သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် (ရန်ကုန်)ကို ယာယီပိတ်ထားမည် ဖြစ်သည်။ ဇွန်လ(၁၇)ရက်မှ...

တိုင်းနှင့်ပြည်နယ်အနှံ့၌ ဇွန် ၁၃ ရက်...

အားကောင်းသော အပူပိုင်းမုန်တိုင်း“ဝူတစ်”မှ ပြ-တ်ထွက်လာသောတိမ်တို-က်များ၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ‌လေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်း၊ အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်တို့ကြောင့် ဇွန် ၁၃...
HomeInternationalသြစတြေးလျတွင် ပျောက်ဆုံးသွားသော ရေဒီယိုသတ္တိကြွပစ္စည်းပါရှိသည့်...

သြစတြေးလျတွင် ပျောက်ဆုံးသွားသော ရေဒီယိုသတ္တိကြွပစ္စည်းပါရှိသည့် သတ္တုဘူးငယ်တစ်ခုကို ရှာဖွေနေဆဲဖြစ်၊ ကျန်းမာရေးဆိုင်ရာ သတိပေးချက်ထုတ်ပြန်ထား

သြစတြေးလျအနောက်ပိုင်း၌ သယ်ယူပို့ဆောင်ရေးပြုလုပ်စဉ်တွင် ပျောက်ဆုံးသွားသော ရေဒီယိုသတ္တိကြွပစ္စည်းပါရှိသည့် သေးငယ်သော သတ္တုဘူးကို ရှာဖွေနေဆဲဖြစ်ပြီး ယင်းကိုထိမိကိုင်မိခြင်းမရှိစေရန် ကျန်းမာရေးဆိုင်ရာသတိပေးချက်တစ်ရပ်ကို တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

အချင်းတစ်လက်မ၏ လေးပုံတစ်ပုံခန့် အတိုင်းအတာရှိပြီး တစ်လက်မ၏ သုံးပုံတစ်ပုံခန့်မြင့်သော ငွေရောင်သတ္တုဘူးငယ်တစ်ခုအတွင်းတွင် သတ္တုတူးဖော်ရေး လုပ်ငန်းများ၌ အသုံးပြုသည့် ရေဒီယိုသတ္တိကြွ Caesium-137 ပမာဏ အနည်းငယ်ပါရှိသည်။ ဩစတေးလျကျန်းမာရေးဌာနက ယင်းပစ္စည်း၏ပြင်းထန်သောကျန်းမာရေးထိခိုက်စေမှုအကျိုးဆက်များကို သတိပေးထားခြင်းဖြစ်သည်။

အဆိုပါ သတ္တုဘူးငယ်ပါဝင်သော ပစ္စည်းသည် ဇန်နဝါရီ ၁၂ ရက်က နယူးမန်း(Newman)မြို့မြောက်ဘက်ရှိ သတ္တုတွင်းတစ်ခုမှ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း အနောက်သြစတြေးလျ မီးသတ်နှင့် အရေးပေါ်ဝန်ဆောင်မှုဌာနမှ စနေနေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းပစ္စည်းကိုပြုပြင်ရန်အတွက် ပါ့သ်(Perth)မြို့ အရှေ့မြောက်ဘက် ဆင်ခြေဖုံးသို့ ပို့ဆောင်ရန်ဖြစ်ပြီး၊ သတ္တုဘူးပါဝင်သည်ဆိုသော ပစ္စည်းသည် ဇန်နဝါရီ ၁၆ ရက်က ပါ့သ်မြို့သို့ရောက်ရှိလာသဖြင့် ယင်းကိုလုံခြုံသော ဓာတ်ရောင်ခြည်ဌာနတွင် သိမ်းဆည်းခဲ့သည်။

သို့သော် ဗုဒ္ဓဟူးနေ့တွင် စစ်ဆေးရန်အတွက် အထုပ်ကိုဖွင့်လိုက်သောအခါတွင် ဝက်အူများပြုတ်နေသည်ကို တွေ့ရှိခဲ့ရပြီး သတ္တုဘူးမှာ အထဲတွင်မရှိခဲ့ပေ။

ထို့ကြောင့် အနောက်သြစတေးလျရဲများသည် သြစတြေးလျနိုင်ငံ ဘေးအန္တရာယ်တားဆီးကာကွယ်ရေးအေဂျင်စီသို့ ထိုနေ့ညနေပိုင်းတွင် အကြောင်းကြားခဲ့သည်။ တာဝန်ရှိသူ David Gill ၏ ပြောကြားချက်အရ ယင်း သတ္တုဘူးငယ်ကို ပြန်လည်တွေ့ရှိရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MNL League Cup 2025 ကွာတားဖိုင်နယ်ပွဲစဉ် မတိုင်မီ ခြေစမ်းပွဲကစားခဲ့ကြသည့် YUFC နှင့် Glory Goal အသင်း

MNL League Cup 2025 ကွာတားဖိုင်နယ်ပွဲစဉ်သို့ တက်ရောက်ခဲ့ပြီဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ယနေ့ ဇွန် (၁၄)ရက် နံနက်ပိုင်း၌ Glory Goal အသင်းနှင့် ခြေစမ်းကစားရာ (၅) ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်း၏ MNL League Cup 2025 ကွာတားဖိုင်နယ်ပွဲစဉ်ကို လာမည့် ဇွန်လ (၁၉) ရက်တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အုပ်စု (ဂ) အသင်းမှ ဒုတိယရရှိသည့်အသင်းနှင့် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်သည်။ ယနေ့ ခြေစမ်းပွဲစဉ်အတွင်း အနိုင်ဂိုးများကို မျိုးဆက်ပိုင်၊...

ကျိုက်ထိုမြို့မှ ကိုဗစ်ကူးစက်ခံရသူ အမျိုးသားလူနာ ဆေးရုံဆင်းခွင့်ပြု

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှ ကိုဗစ်ရောဂါ ကူးစက်ခံထားရသော အမျိုးသားလူနာမှာ ကျန်းနာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်သဖြင့် ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံက သိရသည်။ အသက် (၂၅) နှစ်အရွယ် အဆိုပါအမျိုသားမှာ ဇွန်လ (၉) ရက်က အလုပ်လုပ်ကိုင်ရန် ဆေးစစ်ခဲ့ရမှတဆင့် ကူးစက်ခဲ့ထားရသည်ကို သိရှိခဲ့ရခြင်းဖြစ်ပြီး (၅) ရက်အကြာ စောင့်ကြည့်လူနာအဖြစ် ဆေးကုသပေးရာမှ ဇွန်လ (၁၃)ရက်တွင် ဆေးရုံဆင်းခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ အသိပေးချက်အရ ဇွန်လ (၉) ရက် ညပိုင်းအထိ ကိုဗစ်ပိုးတွေ့ရှိသူ လူနာသစ် (၃၁) ဦးတွေ့ထားကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် ထိရောက်စွာကာကွယ်ပေးနိုင်သောကြောင့်...

အာဇာနည်နေ့အတွက် အထူးပြခန်း ပြုလုပ်နိုင်ရန် ဗိုလ်ချုပ်ပြတို-က်ကို ယာယီပိ-တ်ထားမည်

(၇၈)နှစ်မြောက် ကျရောက်မည့် အာဇာနည်နေ့ အထိမ်းအမှတ်အထူးပြခန်း ပြသရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်မည် ဖြစ်သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် (ရန်ကုန်)ကို ယာယီပိတ်ထားမည် ဖြစ်သည်။ ဇွန်လ(၁၇)ရက်မှ ဇူလိုင်(၁၈)ရက်အထိ ခေတ္တပိ-တ်ထားမည်ဖြစ်ကာ ဇူလိုင်လ(၁၉) ရက်၊ အာဇာနည်နေ့တွင် အများပြည်သူ ဝင်ရောက်လေ့လာနိုင်ရန် အခမဲ့ဖွင့်လှစ်ပေးထားမည်ဟု သိရသည်။ ဗိုလ်ချုပ်အောင်ဆန်း ပြတို-က်သည် ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သော နေအိမ်ကို ပြတို-က်အဖြစ် ခင်းကျင်းပြသထားခြင်းဖြစ်ပြီး အမှတ်(၂၅)၊ ဗိုလ်ချုပ်ပြတိုက်လမ်း(ယခင်တာဝါလိန်းလမ်း)၊ ဗိုလ်ချို(၁)ရပ်ကွက်၊ ဗဟန်းမြို့နယ်တွင် တည်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ယင်းအိမ်တွင် ၁၉၄၅ ခုနှစ်၊ မေလမှ ၁၉၄၇...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071