Looking for something?

Explore the website

Looking for something?

Tuesday, May 20, 2025

ရုရှားနိုင်ငံ၌ ရုရှား-တရုတ်ဖိုရမ်စတင်ကျင်းပ

ခါဘရို့စ်ခ်၊မေ ၂၀ နှစ်ရက်ကြာ ကျင်းပပြုလုပ်မည့် "ရုရှား-တရုတ်ဖိုရမ်" ကို ရုရှားနိုင်ငံ ခါဘရို့စ်ခ်မြို့၌ တနင်္လာနေ့က ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံမှလုပ်ငန်းရှင်များ၊အစိုးရအရာရှိများ၊ ကျွမ်းကျင်သူများနှင့် ပညာရှင်များအပါအဝင် လူ...

မြဝတီရှိ ကျားဖျန့်ဂိုဏ်များမှ ထိန်းသိမ်းထားသည့် ရုရှားနိုင်ငံသား...

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ် ဧရိယာအတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရှားနိုင်ငံသား တစ်ဦးအပါအဝင် နိုင်ငံခြားသား(၃၁)ဦးကို ယနေ့ မေ (၂၀) ရက်‌၌...

ငလျင်ကြောင့် ပျ-က်စီးခဲ့ရသည့် မင်းကွန်းဆရာတော်ဘုရားကြီး ထူထောင်ခဲ့သည့်...

ငလျင်ကြောင့် ပျ-က်စီးခဲ့ရသည့် မင်းကွန်းဆရာတော်ဘုရားကြီး ထူထောင်ခဲ့သည့် မင်းကွန်းတောင်ရိုး မိုးမိတ်ကုန်းမြေတွင် တည်ရှိသော တိပိဋကနိကာရ ကျောင်းတော်ကြီးအား ယနေ့မေလ(၂၀)ရက် နံနက်ပိုင်းမှစ၍ ရှင်းလင်းမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း...

အမေရိကန်က စစ်ကိုဆန့်ကျင်နေချိန်တွင် ဥရောပက စစ်ကိုထောက်ခံနေသည့်...

ယနေ့ကမ္ဘာ့နိုင်ငံတကာဆက်ဆံရေးသည် အလွန်ထူးဆန်းသောအခြေအနေသို့ ရောက်ရှိနေပြီး အမေရိကန်နိုင်ငံက စစ်ကိုဆန့်ကျင်နေချိန်တွင် ဥရောပဘက်မှမူ စစ်ကို အပြည့်အဝထောက်ခံနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကနေဒီစင်တာတွင် ပြောကြားခဲ့သည်။ "လူတွေကို ကျွန်တော်ပြောပါတယ်၊...
HomeNewsLocal Newsမလိခသဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေ စခန်းတွင်...

မလိခသဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေ စခန်းတွင် လုံခြုံစိတ်ချစွာ အပန်းဖြေလာရောက်နိုင်ရေးအတွက် စစ်ဆေးမှုများပြုလုပ်နေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင်အကောင်အထည်ဖော်ထားသည့် မလိခသဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေ စခန်းတွင် လုံခြုံစိတ်ချစွာ အပန်းဖြေလာရောက်နိုင်ရေးအတွက်  ယမန်နေ့ (ဇန်နဝါရီ ၂၈ ရက်) နံနက်ပိုင်းက စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ခရီးစဉ်ဒေသသစ်အဖြစ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်‌နေ့တွင် အကောင်အထည်ဖော် စတင်ဖွင့်လှစ်‌ပေးခဲ့သည့် ဝိုင်းမော်မြို့နယ် နောင်တာလောကျေးရွာ ရေလယ်ကျွန်း မလိခသဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေစခန်းသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်ပြီး အပန်းဖြေ စခန်းအတွင်း အများပြည်သူအပန်းဖြေအနားယူနိုင်သည့် အားကစားဇုံ၊ အလှဓာတ်ပုံ ရိုက်ကူးသည့် နေရာများ၊ ရေကစားသည့်နေရာများ၊ အပန်းဖြေနေရာ၊ ရိုးရာအစားအ‌သောက်ဆိုင်ခန်းများ၊ နေဝင်ဆည်းဆာ အလှရှုခင်းကြည့်နေရာများကို ကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။

ထို့နောက် ကမ်းခြေငယ်အပန်းဖြေစခန်းအား ဧရာဝတီမြစ်ရေ မြင့်တက်ချိန်တွင် ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်ထားရှိ‌ရေး၊ အများပြည်သူ လုံခြုံစိတ်ချစွာ အပန်းဖြေလာရောက်နိုင်ရေး စီမံဆောင်ရွက်ထားရှိရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားနိုင်ငံ၌ ရုရှား-တရုတ်ဖိုရမ်စတင်ကျင်းပ

ခါဘရို့စ်ခ်၊မေ ၂၀ နှစ်ရက်ကြာ ကျင်းပပြုလုပ်မည့် "ရုရှား-တရုတ်ဖိုရမ်" ကို ရုရှားနိုင်ငံ ခါဘရို့စ်ခ်မြို့၌ တနင်္လာနေ့က ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံမှလုပ်ငန်းရှင်များ၊အစိုးရအရာရှိများ၊ ကျွမ်းကျင်သူများနှင့် ပညာရှင်များအပါအဝင် လူ ၃,၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။ အဖွင့်အမှာစကားတွင် ခါဘရို့စ်ခ်အုပ်ချုပ်ရေးမှူးက ဒေသတွင်းနှင့်တရုတ်နိုင်ငံတို့အကြား စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုအားကောင်းလာကာ စက်မှု၊စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးတွင် ပူးပေါင်းဆောင်ရွက်သည့်စီမံချက်များ သည် ပုံမှန်တိုးတက်လျက်ရှိသည်ဟုပြောကြားခဲ့သည်။ ရုရှားအရှေ့ဖျား၌ နှစ်နိုင်ငံလုံးမှစီးပွားရေးလုပ်ငန်းများသည် ခေတ်မီထုတ်လုပ်မှုနှင့်နည်းပညာဆန်းသစ်တီထွင်မှုတို့တွင် အလုပ်အကိုင်အသစ်များဖန်တီးပေးနိုင်ရန် လက်တွဲလုပ်ဆောင်နေကြသည်ဟု ၎င်းက ပြောကြားခဲ့သည်။ "ကျွန်တော်တို့က တံတားကိုပဲ တည်ဆောက်နေတာမဟုတ်ပါဘူး။ ယုံကြည်မှုနဲ့အပြန်အလှန်နားလည်မှု၊ ပြီးတော့ နှစ်ဘက်စလုံးက သာယာဝပြောရေးတွေကိုလည်း...

မြဝတီရှိ ကျားဖျန့်ဂိုဏ်များမှ ထိန်းသိမ်းထားသည့် ရုရှားနိုင်ငံသား အပါအဝင် နိုင်ငံခြားသား (၃၁)ဦးအား ထိုင်းဘက်သို့ပြန်လွှဲ

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ် ဧရိယာအတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရှားနိုင်ငံသား တစ်ဦးအပါအဝင် နိုင်ငံခြားသား(၃၁)ဦးကို ယနေ့ မေ (၂၀) ရက်‌၌ မြဝတီခရိုင် လူဝင်မှု ကြီးကြပ်ရေးရုံးက ထိုင်းနိုင်ငံအခြေစိုက် သက်ဆိုင်ရာသံရုံးများသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံသား(၁)ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ကျား (၆) ဦး၊ မ (၆)ဦး၊ အိန္ဒိယနိုင်ငံသား ကျား(၉) ဦး၊ မ (၁) ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား ကျား (၄) ဦး၊ မ (၃)ဦး ၊...

ငလျင်ကြောင့် ပျ-က်စီးခဲ့ရသည့် မင်းကွန်းဆရာတော်ဘုရားကြီး ထူထောင်ခဲ့သည့် ကျောင်းတော်အား ရှင်းလင်းမှုများ စတင်လုပ်ဆောင်

ငလျင်ကြောင့် ပျ-က်စီးခဲ့ရသည့် မင်းကွန်းဆရာတော်ဘုရားကြီး ထူထောင်ခဲ့သည့် မင်းကွန်းတောင်ရိုး မိုးမိတ်ကုန်းမြေတွင် တည်ရှိသော တိပိဋကနိကာရ ကျောင်းတော်ကြီးအား ယနေ့မေလ(၂၀)ရက် နံနက်ပိုင်းမှစ၍ ရှင်းလင်းမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ ရှင်းလင်းမှုများလုပ်ဆောင်ရာ၌ သိမ်တော်ကြီး အပါအဝင် သံဃာသီတင်း သုံးဆောင်(၃)ဆောင်ကို ရှင်းလင်းလျက်ရှိပြီး အခြားအဆောင်များအား အတွေ့အကြုံရှိ အင်ဂျင်နီယာများက စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါ ကူညီဆောင်ရွက်မှုအား TSBM အဖွဲ့က လုပ်ဆောင်ပေးနေခြင်းဖြစ်ပြီး၊ ယင်းလင်းရှင်းမှုများလုပ်ဆောင် မေလ (၁၈) ရက်မှစတင်၍ မန္တလေးမြို့မှ မင်းကွန်းတောင်ရိုးသို့ စက်ယန္တယားများဖြင့် ‌ထွက်ခွာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071