အစ္စရေးစစ်တပ်၏ ဝင်ရောက်စီးနင်းမှုအတွင်း ပါလက်စတိုင်း ၉ ဦးသေဆုံး

0
89

ပါလက်စတိုင်းနိုင်ငံ အနာက်ဖက်ကမ်းခြေ မြောက်ပိုင်းရှိ ဂျန်နင်မြို့ကို အစ္စရေးစစ်တပ်က ဝင်ရောက်စီးနင်းသိမ်းပိုက်မှုအတွင်း အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး အပါအဝင် ပါလက်စတိုင်းကိုးဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်နေသည့် အကြမ်းဖက်တပ်ဖွဲ့ဝင်များကို ဖမ်းဆီးရန် ထိုသို့စီးနင်းတိုက်ခိုက်ရခြင်းဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ပါလက်စတိုင်းသမ္မတက အစ္စရေးကို “အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု” ဟု စွပ်စွဲခဲ့ပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် အစ္စရေးနှင့် ပူးပေါင်းညှိနှိုင်းမှုကို အဆုံးသတ်ကြောင်း ကြေညာခဲ့သည်။

ဂျေရုဆလင်မြို့အနီး အယ်လ်ရမ်မြို့တွင် အစ္စရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံမှုအတွင်း ပါလက်စတိုင်းတစ်ဦး ထပ်မံပစ်သတ်ခံခဲ့ရကြောင်း ပါလက်စတိုင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်က အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးဆိုင်ရာထိုးစစ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ယင်းသို့ သတ်မှတ်သည့်အတိုင်း ဆက်လက်လုပ်ဆောင်နေသောကြောင့် အနောက်ဘက်ကမ်းတွင် မကြာသေးမီက တင်းမာမှုများ မြင့်တက်လာခဲ့သည်။

(BBC)


LEAVE A REPLY

Please enter your comment!
Please enter your name here