Tuesday, June 10, 2025

ရုရှားနှင့် ယူကရိန်း စစ်အကျဉ်းသားလဲလှယ်မှုအသစ် စတင်

ယူကရိန်းနှင့် ရုရှားအကြား အကျဉ်းသားလဲလှယ်မှုအသစ်ကို စတင်လိုက်ပြီဟု နှစ်နိုင်ငံတာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး နေရပ်ပြန်ကြရသူများတွင် စစ်ပွဲကာလတလျှောက်လုံးနီးပါး ဖမ်းဆီးခံထားရသည့် ယူကရိန်းစစ်သားများလည်း ပါဝင်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က...

တစ်ပတ်အတွင်း ကိုဗစ်အတည်ပြု လူနာသစ် (၃၁)...

ဇွန်လ ပထမ ရက်သတ္တပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် (၃၁)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇွန်လ (၁)ရက်ကမှ (၈)ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း...

ထိုင်းနှင့် ကမ္ဘောဒီးယားအစိုးရများက ဗီဇာသက်တမ်းကိုအပြန်အလှန် လျှော့ချ

ကမ္ဘောဒီးယားအစိုးရက ထိုင်းခရီးသွားများအတွက် ဗီဇာသက်တမ်းကို ခုနစ်ရက်သို့ လျှော့ချခဲ့သကဲ့သို့ ထိုင်းဘက်ကလည်း အလားတူတုန့်ပြန်ခဲ့ကာ အိမ်နီးချင်းနိုင်ငံသို့ လျှပ်စစ်နှင့် အင်တာနက်ဝန်ဆောင်မှုများဖြ-တ်တောက်ရန် စီစဉ်နေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။ ကမ္ဘောဒီးယားအစိုးရက...

ထရမ့်က အီလွန်မတ်စ်နဲ့ ဖုန်းပြောဖို့ ကိစ္စမရှိပေမယ့်...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီလွန်မတ်စ် နဲ့ ဖုန်းပြောဆိုဖို့အတွက်က ကိစ္စမရှိကြောင်း ပြောကြားခဲ့ပေမယ့် သူ့အနေနဲ့ ဖုန်းခေါ်ဆိုဖို့ကတော့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ အိမ်ဖြူတော်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်...
HomeNewsLocal Newsမန်းရွှေစက်တော်ဘုရား ၏ ဗုဒ္ဓပူဇနိယပွဲတော်စတင်ဖွင့်လှစ်

မန်းရွှေစက်တော်ဘုရား ၏ ဗုဒ္ဓပူဇနိယပွဲတော်စတင်ဖွင့်လှစ်

မကွေးတိုင်း၊မင်းဘူး(စကု)မြို့နယ်ရှိမန်းရွှေစက်တော်ရာ ပါဒစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်အား ဇန်နဝါရီ ၂၅ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နစက ဥက္ကဋ္ဌ၏လမ်းညွှန်ချက်ဖြင့် ဘုရားဖူးလာသူများအဆင်ပြေစေရန် ပြင်ဆင်တည်ဆောက်ခဲ့သည့် အရှည် ပေ ၁၀၀၊ အကျယ် ၁၄ ပေရှိ သံဘောင်ဘေလီအထူးတံတားနှင့်အထူးမုခ်ဦးဖွင့်ပွဲကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲမင်္ဂလာအား မင်းဘူးမြို့၊အမှတ်(၂)ရပ်ကွက်ရှိ မဟာဝိသုတာရာမတိုက်သစ် ပဓာနနာယက၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တညာဏိနှင့်ဆရာတော်၊သံဃာတော််များကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။

ဗုဒ္ဓပူဇနိယပွဲတော်အထူးမုခ်ဦးအား မဟာဝိသုတာ ရာမတိုက်သစ် ပဓာနနာယက ဆရာတော်နှင့်မ ကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင်တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ ဇီဝိတဒါနအဖြစ် ငှက်လွှတ်ခြင်းနှင့်ငါးလွှတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့နောက် မန်းရွှေစက်တော်အောက်ခြေတော်ရာ ပါဒစေတီတော် အလင်းပေါက်ဖန်အုပ်သျှောင်တော်ဖွင့်လှစ်ခြင်း၊ရွှေသင်္ကန်းကပ်လှူခြင်းနှင့်ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း မင်္ဂလာတို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် အထက်စက်တော်ရာပါဒစေတီတော် ဗုဒ္ဓါဘိသေကအနေကဇာတင်ပြီးနောက် တောင်တွင်းကြီးမြို့၊ငှက်ပစ်တောင်ကျောင်း၏ ပဓာနနာယက မကွေးတိုင်း သံဃနာယကအဖွဲ့အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တမာနိတ၊ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်တိုင်းမှူးတို့က အထက်စက်တော်ရာပါဒစေတီတော်မြတ်ကြီးအား နမ္မဒါရေစင်သွန်းဖျန်းကာ ရွှေသင်္ကန်းတော်များ ဆက်ကပ်ပူဇော်ခဲ့ကြသည်။

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား ဇန်နဝါရီ ၂၅ ရက်မှဧပြီ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ရွှေစက်တော်မန်းချောင်းဆင်စခန်း၏ ၄ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကိုလည်း ကျင်းပလျက်ရှိကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား လာရောက်သူများအဆင်ပြေစွာတည်းခိုနေထိုင်နိုင်ရန် ဘုရားပွဲတော်ကျင်းပရေးကော်မတီမှ တည်းခိုဆောင် ၁၀၀၀ လုံးဆောက်လုပ်ပေး၍ ညအိပ်တည်းခိုခွင့်ပြုထားကာ ဆိုင်ခန်းပေါင်း ၅၀၀ ခန်းကိုလည်း ဆောက်လုပ်ပေးထားပြီး ဘုရားဖူးများအဆင်ပြေစေရန် ခရီးသည်တင်ကားများလည်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားနှင့် ယူကရိန်း စစ်အကျဉ်းသားလဲလှယ်မှုအသစ် စတင်

ယူကရိန်းနှင့် ရုရှားအကြား အကျဉ်းသားလဲလှယ်မှုအသစ်ကို စတင်လိုက်ပြီဟု နှစ်နိုင်ငံတာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး နေရပ်ပြန်ကြရသူများတွင် စစ်ပွဲကာလတလျှောက်လုံးနီးပါး ဖမ်းဆီးခံထားရသည့် ယူကရိန်းစစ်သားများလည်း ပါဝင်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က တူကီယေးနိုင်ငံဆွေးနွေးခဲ့မှု၌ ရရှိခဲ့သော သဘောတူညီချက်အရ အလဲအလှယ်လုပ်ရာတွင် အသက် ၂၅ နှစ်အောက် ဖမ်းဆီးခံထားရသူများအပြင် ပြင်းထန်‌သောဒဏ်ရာရရှိထားသူများလည်း ပါဝင်သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက တယ်လီဂရမ်တွင် အတည်ပြုရေးသားခဲ့သည်။ ယူကရိန်းသည် အကျဉ်းသား အလဲအလှယ်ခြင်းကိစ္စကို ဆိုင်းထားသည်ဟု မော်စကိုက စွပ်စွဲခဲ့ပြီး ကိဗ်က ငြင်းဆိုခဲ့သော သီတင်းပတ်ကုန်ပိုင်းက အငြင်းပွားမှုအပြီးတွင် ယခုအစီအစဉ်ကို အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်။ ရုရှားတွင်...

တစ်ပတ်အတွင်း ကိုဗစ်အတည်ပြု လူနာသစ် (၃၁) ဦးတွေ့

ဇွန်လ ပထမ ရက်သတ္တပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် (၃၁)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇွန်လ (၁)ရက်ကမှ (၈)ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၁၅၄) ခုကို စစ်ဆေးခဲ့ရာမှ ကိုဗစ် (၁၉) ရောဂါ အတည်ပြုလူနာအသစ် (၃၁) ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အခုထိ ပြင်းထန်လူနာ အထူးကြပ်မတ် ကုသမှုပေးရသည်လူနာနှင့် ကိုဗစ်ရောဂါဖြင့် ​ေ-သဆုံးလူနာမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အသိပေးချက်အရ သိရသည်။ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါးကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ ဆီးချိုရောဂါ နာတာရှည်အဆုတ်ရောဂါ...

ထိုင်းနှင့် ကမ္ဘောဒီးယားအစိုးရများက ဗီဇာသက်တမ်းကိုအပြန်အလှန် လျှော့ချ

ကမ္ဘောဒီးယားအစိုးရက ထိုင်းခရီးသွားများအတွက် ဗီဇာသက်တမ်းကို ခုနစ်ရက်သို့ လျှော့ချခဲ့သကဲ့သို့ ထိုင်းဘက်ကလည်း အလားတူတုန့်ပြန်ခဲ့ကာ အိမ်နီးချင်းနိုင်ငံသို့ လျှပ်စစ်နှင့် အင်တာနက်ဝန်ဆောင်မှုများဖြ-တ်တောက်ရန် စီစဉ်နေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။ ကမ္ဘောဒီးယားအစိုးရက ထိုင်းခရီးသွားများအတွက် ဗီဇာသက်တမ်းကို ပထမဆုံးအကြိမ်အဖြစ် လျှော့ချလိုက်ခြင်းဖြစ်သည်ဟု တနင်္လာနေ့မွန်းလွဲပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ပြောကြားခဲ့ ထိုင်းနှင့် ကမ္ဘောဒီးယားအစိုးရများကဗီဇာသက်တမ်းကိုအပြန်အလှန်လျှော့ချ ကမ္ဘောဒီးယားအစိုးရက ထိုင်းခရီးသွားများအတွက် ဗီဇာသက်တမ်းကို ခုနစ်ရက်သို့ လျှော့ချခဲ့သကဲ့သို့ ထိုင်းဘက်ကလည်း အလားတူတုန့်ပြန်ခဲ့ကာ အိမ်နီးချင်းနိုင်ငံသို့ လျှပ်စစ်နှင့် အင်တာနက်ဝန်ဆောင်မှုများဖြ-တ်တောက်ရန် စီစဉ်နေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071