ငွေကျပ် ၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်လက်နက်ခဲယမ်းများအား မိုင်းဆတ်မြို့နယ်တွင်ဖမ်းမိ

0
178

ဇန်နဝါရီ ၂၂နေ့ နေ့လည် ၃ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊မိုင်းတွမ်း(တောင်ပေါ်)ကျေးရွာအုပ်စု၊ပူနားကိုကျေးရွာအနီးရှိ ရာဘာခြံအား သတင်းအရဝင်ရောက်ရှာဖွေစစ်ဆေးရာ ခြံအတွင်းရှိ တစ်ထပ်တိုက်အတွင်းမှ ကိုကျဘိုနှင့်ကိုကျရှော တို့အား ငွေကျပ် ၄ ဒသမ ၁၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆ ဒသမ ၅ သန်းပြား၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၉၂ ကီလို၊ ပစ္စတို ၁ လက်၊ HK 33 သေနတ် ၁ လက်၊ M-16 သေနတ် ၁ လက်၊ K-12 သေနတ် ၁ လက်၊ တစ်လုံးထိုးသေနတ် ၁ လက်၊ ကျည်မျိုးစုံ ၁၆၅၀ တောင့်နှင့်လက်ပစ်ဗုံး ၇ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါး/လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူ ၂ ဦးအား ဥပဒေအရအရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here