မြန်မာ-ကူဝိတ် နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန် ပြည်ထောင်စုဝန် ကြီးနှစ်ပါးနှင့်ကူဝိတ်နိုင်ငံ သံအမတ်ကြီးတို့ဆွေး နွေး

0
367

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်၊အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့နှင့်မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Mubarak M A Aladwani တို့သီးခြားစီတွေ့ဆုံ၍ ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ကူဝိတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Mubarak M A Aladwani အား ဇန်နဝါရီ ၂၄ ရက်နံနက် ၁၁ နာရီခွဲက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာ-ကူဝိတ် နှစ်နိုင်ငံကြား ရှိရင်းစွဲဆက်ဆံမှုတိုးမြှင့်ရေး၊စွမ်းအင်နှင့်ကုန်သွယ်ရေးကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးနှင့်ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် ပိုမိုနီးကပ်စွာ ပူး ပေါင်းဆောင်ရွက်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။ 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်သည် ကူဝိတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Mubarak M A Aladwani အား ဇန်နဝါရီ ၂၄ ရက်မွန်းတည့် ၁၂ နာရီက လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာ-ကူဝိတ်နိုင်ငံကြား တည်ရှိပြီးဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှု၊ကုန်သွယ်မှု၊ရင်း နှီးမြှုပ်နှံမှုနှင့်စွမ်းအင်ကဏ္ဍတို့တွင် အကျိုးတူဆောင်ရွက်မှုတိုးမြှင့်ရေးနှင့်ဒေသတွင်းနှင့်နိုင်ငံ တကာမျက်နှာစာများတွင် အပြန်အလှန်နားလည် မှု၊ထောက်ခံမှုများဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးတို့အား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများလည်းတက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here