Thursday, May 29, 2025

စစ်ကိုင်းမြို့ရှိ မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့ကို ဂုဏ်ပြုနေ့လယ်စာတည်ခင်းဧည့်ခံ

ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့တွင် ဆေးကုသမှုများ ဆောင်ရွက်ပေးနေသည့် မလေးရှားနိုင်ငံမှ ဆေးကုသရေးအဖွဲ့ကို မေလ (၂၈) ရက်၊ မွန်းလွဲပိုင်းက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ အဆိုပါ...

မျိုးဆက်သစ် ရိုးရာလက်ဝှေ့ကစားသမားများပေါ်ထွက်ရေး ယခုနှစ်အတွင်း တစ်လ...

မျိုးဆက်သစ် ရိုးရာလက်ဝှေကစားသမားများပေါ်ထွက်ရေးအတွက် ရည်ရွယ်၍ ယခုနှစ်အတွင်း တစ်လ ပွဲ(၁)နှုန်း ပြိုင်ပွဲကျင်းပသွားမည်ဖြစ်‌ကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က အသိပေးထားသည်။ ထို့ကြောင့် လာမည့် ဇွန်လ(၁)ရက်တွင် ပြိုင်ပွဲကျင်းပပြုလုပ်ရန် ရှိနေပြီး...

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရန်ကုန်မြစ်ရေတက်လျက်ရှိရာ ရေလမ်းခရီးဖြင့်...

ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရန်ကုန်မြစ်ရေတိုးလျက်ရှိရာ ရေလမ်းခရီးဖြင့် သွားလာနေသူများ အန္တရာယ်ကင်းရှင်းစေရန် ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက နေ့စဥ် ကူညီပေးလျှက်ရှိကြောင်း သိရသည်။ ရန်ကုန်မြစ်ရေ...

တရုတ်ကျောင်းသားများက်ုဗီဇာ မပေး‌တော့–ကန်နိုင်ငံခြားရေးဝန်ကြီး

တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်နွယ်သူများ သို့မဟုတ် အရေးကြီးသော နယ်ပယ်များတွင် သင်ကြားနေသူများအပါအဝင် တရုတ်ကျောင်းသားများကို ဗီဇာရုပ်သိမ်းတော့မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက မေလ ၂၈...
HomeNewsLocal Newsစစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်ရှိ နေအိမ်အလုံး ၁၀၀၀...

စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်ရှိ နေအိမ်အလုံး ၁၀၀၀ ကျော်အား KIA , PDF အဖွဲ့ဝင်များက ၂၀၂၂ ခုနှစ်၊နိုဝင်ဘာလနှင့်ဒီဇင်ဘာလအတွင်း မီးရှို့ဖျက်ဆီးခဲ့ဟု နစက ထုတ်ပြန်

KIA , PDF အဖွဲ့ဝင်များသည် ၂၀၂၂ ခုနှစ်၊နိုဝင် ဘာလနှင့်ဒီဇင်ဘာလအတွင်း စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်ရှိ နေအိမ် ၁၁၂၂ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

နစက ၏ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်တို့ရှိ ကျေးရွာပေါင်း ၂၂ ရွာတွင် မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်မှု ၂၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းရှိ ကသာမြို့နယ်၊ထီးချိုင့်မြို့နယ်၊အင်းတော်မြို့နယ်များရှိ ကျေးရွာများနှင့်ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ရှိ ကျေးရွာများမှ နေအိမ်များမီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

KIA , PDF အဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွားသည့်ကျေးရွာများတွင် လုံခြုံရေးအဖွဲ့ဝင်များက ၎င်းတို့၏ နောက်သို့လိုက်ပါ၍ နှိမ်နင်းမှုများ မပြုလုပ်နိုင်ရန် ထွက်ပြေးရာလမ်းကြောင်းတစ်လျှောက်ရှိ နေအိမ်များအား မီးရှို့ထွက်ပြေးခြင်းဖြစ်ကြောင်း နစက ၏ထုတ်ပြန်ချက်အရ သိရသည်။

“PDF တွေကရွာထဲကနေဖြတ်သွားပြီးကျွန်တော့်အိမ်ကို မီးရှို့သွားတာပါ မနက်အစောကြီးက မီးရှို့ သွားတာ ကျွန်တော့်အိမ်တင်မဟုတ်ဘူး ဘေးကအိမ်တွေပါ မီးရှို့သွားတာပါ PDF တွေ ၂၀ / ၃၀ လောက်ရှိမယ် ကျွန်တော်မျက်စိနဲ့ မြင်လိုက် တယ် ယူနီဖောင်းတွေနဲ့ပါ တချို့ကလည်း အရပ်ဝတ်တွေနဲ့ပါ ကျွန်တော့်အိမ်ကို မီးရှို့သွားတာပါ ကလေးတွေတောင် လယ်တောထဲမှာပါ”ဟုဆူးပုတ်ကုန်းကျေးရွာမှရွာသားတစ်ဦးကပြောကြားခဲ့သည်ဟု နစက ၏ထုတ်ပြန်ချက်၌ရေးသားထားသည်။

ထို့ကြောင့် မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြသည့် KIA , PDF အဖွဲ့ဝင်များအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ကိုင်းမြို့ရှိ မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့ကို ဂုဏ်ပြုနေ့လယ်စာတည်ခင်းဧည့်ခံ

ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့တွင် ဆေးကုသမှုများ ဆောင်ရွက်ပေးနေသည့် မလေးရှားနိုင်ငံမှ ဆေးကုသရေးအဖွဲ့ကို မေလ (၂၈) ရက်၊ မွန်းလွဲပိုင်းက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ အဆိုပါ ဆေးကုသမှုအဖွဲ့သည် စစ်ကိုင်းမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မူများ စစ်ဆေးကုသခွဲစိတ်ပေးနေသည့်အဖွဲ့ဖြစ်ပြီး လိုအပ်သည့်ဆေးဝါးကုသမှုများနှင့် ဆေးဝါးထောက်ပံ့မှုများအား (၃၇) ရက်ကြာ ဆောင်ရွက်ပေးခဲ့သော အဖွဲ့ဖြစ်သည်။ မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့သည် စစ်ကိုင်းမြို့ ငလျင်ဘေးကြောင့် ဒဏ်ရာရရှိသူများအပါအဝင် စစ်ကိုင်းမြို့နှင့်အနီးဝန်း ကျင်ရှိကျေးရွာများမှ ပြင်ပလူနာပေါင်း (၃,၆၄၃) ဦးအား စစ်ဆေးကုသကြည့်ရှုပေးခြင်းနှင့် လူနာ (၃၀၅) ဦးအား...

မျိုးဆက်သစ် ရိုးရာလက်ဝှေ့ကစားသမားများပေါ်ထွက်ရေး ယခုနှစ်အတွင်း တစ်လ (၁)ပွဲနှုန်း ပြိုင်ပွဲကျင်းပမည်

မျိုးဆက်သစ် ရိုးရာလက်ဝှေကစားသမားများပေါ်ထွက်ရေးအတွက် ရည်ရွယ်၍ ယခုနှစ်အတွင်း တစ်လ ပွဲ(၁)နှုန်း ပြိုင်ပွဲကျင်းပသွားမည်ဖြစ်‌ကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က အသိပေးထားသည်။ ထို့ကြောင့် လာမည့် ဇွန်လ(၁)ရက်တွင် ပြိုင်ပွဲကျင်းပပြုလုပ်ရန် ရှိနေပြီး လက်ရှိအချိန်၌ Gym/Club များရှိ မျိုးဆက်သစ် ကစားသမားများ ပြိုင်ပွဲဝင်ရန် စာရင်းပေးသွင်းခြင်းကို လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပြိုင်ပွဲကို ရန်ကုန်မြို့ သိမ်ဖြူရိုးရာလက်ဝှေ့ရုံတွင် ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသား/အမျိုးသမီး ပွဲစဥ်များကို (၄၅) ကီလိုမှ (၆၀) ကီလိုအထိ သတ်မှတ်၍ (၃) မိနစ်ထိုး (၂)မိနစ်နား ၊ မြန်မာ့ရိုးရာလက်ဝှေ့ နည်းစနစ်အတိုင်းကျင်းပသွားပမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ...

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရန်ကုန်မြစ်ရေတက်လျက်ရှိရာ ရေလမ်းခရီးဖြင့် သွားလာနေသူများအား ကြက်ခြေနီအသင်းမှ ကူညီပေးလျှက်ရှိ

ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရန်ကုန်မြစ်ရေတိုးလျက်ရှိရာ ရေလမ်းခရီးဖြင့် သွားလာနေသူများ အန္တရာယ်ကင်းရှင်းစေရန် ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက နေ့စဥ် ကူညီပေးလျှက်ရှိကြောင်း သိရသည်။ ရန်ကုန်မြစ်ရေ တိုးနေသည့်အတွက် ဒလနှင့် ဆိပ်ကြီးခနောင်တိုဘက်မှ ရန်ကုန်မြို့ဘက်သို့ ရေလမ်းခရီးဖြင့် နေ့စဉ်သွားလာနေကြသည့် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ ကျောင်းနေအရွယ် ကလေးငယ်များမှအစ ဂရုစိုက်သွားလာကြရန်နှင့် ဖေးမကူညီမှုများ ဆောင်ရွက်ပေးလျှက်ရှိသည်ဟု ဆိပ်ကြီးခနောင်တို ဒေသခံတစ်ဦးက ပြောသည်။ " မြစ်ရေက အရမ်းတက်နေတော့ စက်လှေ အတက်အဆင်းတွေမှာ ကူညီပေးနေတာတွေ့ရပါတယ် "ဟု ၎င်းက ဆိုသည်။ ရန်ကုန်မြစ်ရေသည် မြင့်တက်လာသည်ဆိုသော်လည်းလက်ရှိတွင် အခြေခံရေစစ်မျဉ်းအထက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071