၀န်ကြီးချုပ်အဖြစ်ဖြင့် နှုတ်ဆက်စကား Jacinda Ardern ပြောကြား

0
163

နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern သည် သူမ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မှု၏ နောက်ဆုံးနေ့ဖြစ်သည့် ယနေ့ အင်္ဂါနေ့တွင် နှုတ်ဆက်စကား ပြောကြားခဲ့သည်။ 

တိုင်းပြည်ကို ဦးဆောင်မည့် အကြံပေးအဖွဲ့မှလည်း နှုတ်ထွက်ပြီဖြစ်ကြောင်း ကြေငြာပြီး ရက်ပိုင်းအကြာတွင်ပင် အသက် ၄၂ နှစ်ရှိပြီဖြစ်သော Jacinda Ardern သည် နယူးဇီလန်နိုင်ငံ၏ မြောက်ဘက် Ratana မြို့ငယ်လေးသို့ရောက်ရှိခဲ့ကာ သူ၏ နှုတ်ဆက်စကားကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

သူမသည် နက်ဖြန် ဗုဒ္ဓဟူးနေ့တွင် ရာထူးနှင့် တာဝန်မှ နုတ်ထွက်မည်ဖြစ်ပြီး အလုပ်သမားပါတီ၏ ခေါင်းဆောင်သစ် Chris Hipkins အား သူမနေရာတွင် အစားထိုးမည်ဖြစ်သည်။

Ardern သည် korowai ဟုခေါ်သော ရိုးရာအနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဘင်ခရာတီးဝိုင်းတီးမှုတ်နေစဉ် သူမ၏ပါတီအဖွဲ့ဝင်များကို မြို့လေး၏ အားကစားကွင်းသို့ ဦးဆောင်ခဲ့သည်။ ဒေသဆိုင်ရာ တာဝန်ရှိအကြီးအကဲများသည် Ardern ၏ အကြောင်းကို နွေးထွေးစွာ ပြောဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here