ကျောက်ခေတ်မှသည် ယနေ့တိုင်အောင် ကမ္ဘာအနီးမှ မဖြတ်သန်းဖူးသေးသည့် အစိမ်းရောင်ကြယ်တံခွန် ကမ္ဘာနှင့် အနီးဆုံးသို့ရောက်ရှိလာတော့မည်

0
158

ရှေးကျောက်ခေတ်ဖြစ်သည့် နီအန်ဒါသဲလ်လူသားများခေတ်ကတည်းက ယနေ့အထိ နှစ်ကာလများအတွင်းတွင် ကမ္ဘာအနီးမှ မဖြတ်သန်းသွားဖူးသေးသော ထူးခြားဆန်းပြားသည့် အစိမ်းရောင် ကြယ်တံခွန်တစ်ခုသည် လာမည့် သီတင်းပတ်အတွင်း ကမ္ဘာနှင့် အနီးဆုံးနေရာသို့ရောက်ရှိကာ ကမ္ဘာမှ မြင်တွေ့ရတော့မည်ဖြစ်ကြောင်း နက္ခတ်ပညာရှင်တို့က သတင်းထုတ်ပြန်သည်။

ကယ်လီဖိုးနီးယားပြည်နယ်ရှိ ပါလိုမာနက္ခတ်ကြည့်မျှော်စင်မှ ပညာရှင်များ ယမန်နှစ် မတ်လအတွင်းက ရှာဖွေတွေ့ရှိခဲ့သော C/2022 E3 (ZTF) ကြယ်တံခွန်သည် နေကို နှစ်ပေါင်း ၅၀,၀၀၀ ကြာတိုင်း တစ်ပတ်ပတ်သောကြောင့် နီအန်ဒါသဲလ်လူသားများ၏  ကျောက်ခေတ်မတိုင်မီက ကမ္ဘာအနီးသို့ နောက်ဆုံးဖြတ်သန်းသွားခဲ့ကာ ယခုအခါ နောက်တစ်ကြိမ်ပြန်လည်ဖြတ်သန်းရောက်ရှိလာခြင်းဖြစ်သည်။

နေအဖွဲ့အစည်းအစွန်းရှိ OORT ကြယ်စုတိမ်တိုက်အတွင်းမှ ထွက်လာသည့် အဆိုပါ အစိမ်းရောင်ကြယ်တံခွန်သည် လာမည့် သီတင်းပတ် ဗုဒ္ဓဟူးနေ့  နှင့် ကြာသပတေးနေ့များတွင် ကမ္ဘာနှင့် အနီးဆုံးသို့ရောက်ရှိလာမည်ဖြစ်ပြီး၊ ကမ္ဘာမှ  အကွာအဝေး မိုင်ပေါင်း ၂၇ သန်း(အလင်းရောင် ၂ ဒသမ ၅ မိနစ် ကြာသွားရသည့်ခရီး)မှနေ၍ ကမ္ဘာကို ဖြတ်သန်းသွားမည်ဖြစ်ကြောင်းသိရသည်။

အလင်းရောင်၏ မြန်နှုံးမှာ တစ်စက္ကန့်လျှင် မိုင်ပေါင်း ၁၈၆,၀၀၀ ခန့်ဖြစ်သည်။

(The Guardian)


LEAVE A REPLY

Please enter your comment!
Please enter your name here