ဂျာမနီသည် ပိုလန်တွင် ပက်ထရီးယော့တ် လေကြောင်းရန် ကာကွယ်ရေးတပ်များကို စတင်တပ်ဖြန့်လာ

0
189

ဂျာမနီ၊ ဇန်နဝါရီ ၂၄

ဂျာမနီနိုင်ငံသည် ယူကရိန်းနယ်စပ်အနီးရှိ ပိုလန်နိုင်ငံ ဇာမို့ရှ်မြို့တွင် ပစ်မှတ်လွဲ၍ လွင့်စင်ကျလာသော ဒုံးကျည်ရန်များမှ ကာကွယ်နိုင်ရန်အတွက် ပက်ထရီးယော့တ် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖွဲ့ကို ဇန်နဝါရီလ ၂၃ ရက် တနင်္လာနေ့တွင် တပ်ဖြန့် လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ယူကရိန်းက ပစ်ခတ်လိုက်သော ဒုံးကျည်တစ်စင်းသည် ပစ်မှတ်လွဲ၍ ပိုလန်နိုင်ငံ ရှယ်ဗာဒူဒေသရှိ ရွာတစ်ရွာသို့ မတော်တဆ ထိမှန်ခဲ့ရာ လူနှစ်ဦး သေဆုံးခဲ့ရသည်။ ထို့နောက် ပိုလန်နိုင်ငံသားတို့သည် အရေးအခင်းဖြစ်ပွားစဉ် ပစ်လွှတ်နေသော ဒုံးကျည်များ ၎င်းတို့ဘက်ခြမ်းသို့ ထပ်မံကျရောက်လာမည်ကို စိုးရိမ်လာခဲ့ကြသည်။

ထို့ကြောင့် ဘာလင်သည် ပိုလန်၏ လေကြောင်းပိုင်နက်အား လုံခြုံမှုရှိစေရန်အတွက် ၎င်း၏ ပက်ထရီးယော့တ် တပ်ဖွဲ့ သုံးဖွဲ့ကို ပိုလန်သို့ စေလွှတ်ရန် ကမ်းလှမ်းခဲ့သည်။

နေတိုးအဖွဲ့ဝင်ဖြစ်သည့် ပိုလန်အား ပက် ထရီးယော့တ် တပ်ဖွဲ့များ စေလွှတ်၍ ကူညီရခြင်းမှာ ရုရှားနှင့် ယူကရိန်းကြားရှိ ပဋိပက္ခသည် နေတိုးအဖွဲ့နိုင်ငံများ ကို ပါ လျင်မြန်စွာ ထိခိုက်လာသောကြောင့် ဖြစ်ကြောင်း ဂျာမန်ဗိုလ်မှူးကြီး ဂျော့ဂျ် ဆီဘာစ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here