မြန်မာ-ကူဝိတ် နှစ်နိုင်ငံခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်မှုမြှင့်တင်ရန် နစက ဥက္ကဋ္ဌနှင့်ကူဝိတ်နိုင်ငံသံအမတ်ကြီးတို့ဆွေးနွေး

0
106

နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Mubarak M A Aladwani တို့တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌအား မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ခံရသည့် သံအမတ်ကြီး H.E. Mr. Mubarak M A Aladwani မှ ဇန်နဝါ ရီ ၂၄ ရက်(ယနေ့)နံနက် ၁၀ နာရီက လာရောက်ဂါရဝပြုတွေ့ဆုံ၍ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။

တွေ့ဆုံစဥ် မြန်မာ-ကူဝိတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးတိုးမြှင့်ရန်၊နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဆိုင်ရာနှင့်ချစ်ကြည်ရေးခရီးစဉ်များအပြန်အလှန်လည်ပတ်ရေး၊ကုန်သွယ်မှုမြှင့်တင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာ-ကူဝိတ် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများတိုးတက်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရန်နှင့်မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဆိုင်ရာဖြစ်ပေါ်တိုးတက်နေမှုများအား ဆွေးနွေးခဲ့ကြသည်။

သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ နစက တွဲဖက် အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့်သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဝဏ္ဏဟန် တို့လည်းတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here