Wednesday, May 28, 2025

ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခုတွင် သစ်ပင်လဲကျမှုများဖြစ် ထိခိုက်ဒဏ်ရာရသူမရှိခဲ့

ရန်ကုန်တိုင်းရှိ သန်လျင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် လသာမြို့နယ်တို့တွင် ယနေ့ မေ ၂၇ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သန်လျင်မြို့နယ်၊ မြို့ဟောင်းအလယ်ရပ်ကွက်၊...

မိုးရာသီအတွင်းပေါက်ပွားသည့် မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနသတိပေး

မိုးရာသီကာလ၌ သစ်တောများနှင့်သစ်ပင်များပေါက်ရောက်ရာပတ်ဝန်းကျင်များတွင် မှိုအမျိုးမျိုးကြီးထွားပေါက်ပွားမှုများပြားလေ့ရှိ၍ မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍သတိပြုကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ခဲ့သည်။ အဆိုပါ မှိုများတွင်အန္တရာယ်ကင်းစွာစားသုံးနိုင်သော မှိုအမျိုးအစားများရှိပြီး အဆိပ်ရှိမှိုများစွာလည်းရှိရာ အဆိပ်ရှိမှိုများအနက်အချို့မှိုများသည် ပြင်းထန်စွာအဆိပ်သင့်စေ၍ အသက်ဆုံးရှုံးစေသည်အထိဖြစ်နိုင်သည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက...

မုတ်သုံလေအားအလွန်ကောင်းနေမှုအပါအဝင် ရာသီဥတုအခြေအနေ(၃)ခုကြောင့် တိုင်းနှင့်ပြည်နယ်အနှံ့၌ ယနေ့မှ...

မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်း၊ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအရှိန်နှင့် အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်း ရာသီဥတုအခြေအနေ(၃)ခုဖြစ်ပေါ်နေသည်ဟု မိုးဇလမှ ယနေ့ မေ ၂၇...

အာဆီယံညွန့်‌‌ပေါင်းအသင်းနှင့်ချစ်ကြည်ရေးကစားရန်မန်ယူမ‌လေးရောက်

အာဆီယံညွန့်‌ေပါင်းအသင်းနှင့် ရာသီကုန်ခြေစမ်းပွဲကစားမည့် အင်္ဂလန် ပရီးမီးယားလိဂ်မှ မန်ချက်စတာယူနိုက်တက်အသင်းသည် တနင်္လာနေ့ မေလ ၂၆ ရက် ညနေပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို ရောက်ရှိလာကြောင်း...
HomeNewsLocal Newsရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အလုပ်အကိုင်အခွင့်အလမ်း...

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အလုပ်အကိုင်အခွင့်အလမ်း ၁၀၀၀ ကျော်ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၈ ခုအားခွင့်ပြုပေးခဲ့

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အလုပ်အကိုငိအခွင့်အလမ်း ၁၀၀၀ ကျော်ရရှိမည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၁၈ ခုအားခွင့်ပြုပေးခဲ့ကြောင်း ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃) အစည်းအဝေးမှ သိရသည်။

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃)အစည်းအဝေးအား ဇန်နဝါရီ ၂၃ ရက်နံနက် ၁၀ နာရီခွဲက တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းတက်ရောက်ခဲ့သည်။

ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခု၊မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၁၃ ခု(စုစုပေါင်း ၁၈ ခု)အား ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ယင်း လုပ်ငန်းများမှ ရှမ်း ပြည်နယ်အတွင်းနေထိုင်သည့် မြန်မာနိုင်ငံသားအလုပ်သမား ၉၉၄ ဦးနှင့်ပြည်ပ ၅၃ ဦးအတွက် အလုပ်အကိုင်များရရှိမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများစီးဝင်လာကာ ပြည်နယ်စီးပွားရေးမြှင့်တက်လာပြီး ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာဖော်ဆောင်နိုင်မည်ဖြစ်၍ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဖိတ်ခေါ်ဖော်ဆောင်ရွက်ရန် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက မှာကြားခဲ့သည်။

ထို့ပြင် ရရှိလာသည့်လုပ်ငန်းများအား မြန်ဆန်စွာ အတည်ပြုခွင့်ပြုပေးသွားမည်ဖြစ်ကာ ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရန် ကူညီဆောင်ရွက်ပေးရမည်ဟု မှာကြားခဲ့သည်။

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးဦးလေးနိုင်မှ ထောပတ်သီးစိုက်ပျိုးခြင်းနှင့် သစ်သီးများပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းအား တည်ဆောက်ရေးတိုးမြှင့်ခွင့် တင်ပြလာခြင်းအား ပြည်နယ်ဝန်ကြီးချုပ်ထံ ရှင်းလင်းတင်ပြခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခုတွင် သစ်ပင်လဲကျမှုများဖြစ် ထိခိုက်ဒဏ်ရာရသူမရှိခဲ့

ရန်ကုန်တိုင်းရှိ သန်လျင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် လသာမြို့နယ်တို့တွင် ယနေ့ မေ ၂၇ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သန်လျင်မြို့နယ်၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ ဗိုလ်ချုပ်နေဝင်းလမ်းမပေါ်နှင့် ကားတစ်စီးတို့ပေါ်သို့ ည ၇ နာရီခွဲခန့်က သစ်ပင်လဲကျပြီးလမ်းပိတ်နေသဖြင့် သန်လျင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ည ၆ နာရီ ၅၀ မိနစ်ခန့်ကလည်း ကမာရွတ်မြို့နယ်၊အင်းလျားလမ်းမပေါ်၌ စိန်ပန်းပင်လဲကျကာလမ်းပိတ်နေသဖြင့် ကမာရွတ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ စမ်းချောင်းအရန်မီးသတ်မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များပူးပေါင်း၍ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့အတူ ည ၇ နာရီ ၁၀ မိနစ်ကျော်ခန့်ကလည်း...

မိုးရာသီအတွင်းပေါက်ပွားသည့် မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနသတိပေး

မိုးရာသီကာလ၌ သစ်တောများနှင့်သစ်ပင်များပေါက်ရောက်ရာပတ်ဝန်းကျင်များတွင် မှိုအမျိုးမျိုးကြီးထွားပေါက်ပွားမှုများပြားလေ့ရှိ၍ မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍သတိပြုကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ခဲ့သည်။ အဆိုပါ မှိုများတွင်အန္တရာယ်ကင်းစွာစားသုံးနိုင်သော မှိုအမျိုးအစားများရှိပြီး အဆိပ်ရှိမှိုများစွာလည်းရှိရာ အဆိပ်ရှိမှိုများအနက်အချို့မှိုများသည် ပြင်းထန်စွာအဆိပ်သင့်စေ၍ အသက်ဆုံးရှုံးစေသည်အထိဖြစ်နိုင်သည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးခဲ့သည်။ မှိုဆိပ်သင့်လက္ခဏာများအနေဖြင့် မှိုစားပြီး မိနစ် (၂၀)မှ (၄)နာရီအတွင်း မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းတို့ဖြစ်ပွားနိုင်ပြီး ပြင်းထန်ပါကအသက်ဆုံးရှုံးနိုင်သည့်အပြင် ဦးနှောက်နှင့်အာရုံကြောထိခိုက်ပြီး စိတ်အာရုံခြောက်ခြားခြင်း၊ အလွန်အမင်းနိုးကြားလာခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ဖြစ်စေနိုင်သည်ဟု သတိပေးခဲ့သည်။ ထို့အတူ အဆိပ်သင့်မှုလက္ခဏာနှင့် ပြင်းထန်မှုအတိုင်းအတာသည် မှိုအမျိုးအစား၊ ပါဝင်သောအဆိပ်(ဥပမာ- Cyclopeptides, Gyromitrin, Orellanine, Muscarine စသည်)ပမာဏ၊ စားသုံးမိသောသူ၏ အသက်အရွယ်၊...

မုတ်သုံလေအားအလွန်ကောင်းနေမှုအပါအဝင် ရာသီဥတုအခြေအနေ(၃)ခုကြောင့် တိုင်းနှင့်ပြည်နယ်အနှံ့၌ ယနေ့မှ ဇွန် ၂ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်

မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်း၊ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအရှိန်နှင့် အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်း ရာသီဥတုအခြေအနေ(၃)ခုဖြစ်ပေါ်နေသည်ဟု မိုးဇလမှ ယနေ့ မေ ၂၇ ရက်ညပိုင်းက အထူးမိုးလေဝသသတင်းအဖြစ် အသိပေးထုတ်ပြန်ခဲ့သည်။ ယင်း အခြေအနေ(၃)ခုကြောင့် ယနေ့ မေ ၂၇ ရက်ညပိုင်းမှ လာမည့် ဇွန် ၂ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071