Thursday, May 29, 2025

တရုတ်၌ ဓာတုစက်ရုံပေါက်ကွဲမှုကြောင့် ၅ ဦး‌ေ-သဆုံးပြီး...

ချီနန်၊မေ ၂၇ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်ရှိ ဓာတုစက်ရုံတစ်ခု၌ အင်္ဂါနေ့ည ၇ နာရီ ၂၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူငါးဦး‌ေ-သဆုံးပြီး ခြောက်ဦးပျေ-ာက်ဆုံးနေကြောင်း ဒေသဆိုင်ရာ...

ရုရှားနှင့်အမေရိကတို့ အကျဉ်းသားလဲလှယ်ရေးထပ်မံလုပ်ဆောင်နေ

မော်စကို၊မေ ၂၇ မော်စကိုနှင့်ဝါရှင်တန်တို့သည် ယခင်ကသဘောတူညီထားသည့် အကျဉ်းသားလဲလှယ်ရေး ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလား‌ရော့ဗ်ကပြောကြားခဲ့သည်။ မော်စကို‌၌ တုကီယေးနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မစ္စတာလားရော့ဗ်က ရုရှားသမ္မတနှင့် အ‌မေရိကန်သမ္မတတို့၏...

မက်ခရွန်နှင့်ပရာဘိုဝို မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး ဆွေးနွေးကြမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ် မက်ခရွန်သည် ဗုဒ္ဓဟူးနေ့တွင် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် မြို့တော်ဂျကာတာ၌ တွေ့ဆုံမည်ဖြစ်ကာ အရှေ့တောင်အာရှရှိ ပါရီ၏ အကြီးဆုံးလက်နက်ဖေ-ာက်သည်နှင့် ကာကွယ်ရေးဆိုင်ရာ...

အငြင်းပွားနယ်စပ်တွင်ထိုင်းနှင့်ကမ္ဘောဒီးယား အပြန်အလှန်ပ-စ်ခ-တ်

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဥဘုံရတ်ချာဌာနီပြည်နယ်၏ အငြင်းပွား နယ်စပ်ဧရိယာတွင် ထိုင်းနှင့် ကမ္ဘောဒီးယားစစ်သားများသည် ဗုဒ္ဒဟူးနေ့နံနက်ပိုင်းက ခဏမျှအပြန်အလှန်ပ-စ်ခ-တ်ခဲ့သည်။ ဖြစ်စဉ်တွင် ထိခိုက်‌ေ-သကြေမှု မရှိခဲ့ဟု ဆိုသည်။ နံနက်...
HomeNewsLocal Newsမတ် ၊ဧပြီ နှင့်...

မတ် ၊ဧပြီ နှင့် မေလများတွင် လေပြင်းတိုက်ခတ်မှုများ ပို မို ဖြစ်ပွားလာနိုင်သည့်အတွက် လူကယ်ပြန်ဝန်ကြီးဌာနက ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေဟုဆို

လာမည့် မတ်လ ၊ ဧပြီလ နှင့် မေလများတွင် ဖြစ်ပွားလာနိုငါသည့် လေပြင်းတိုက်ခတ်မှု ဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများကို စီမံချက်ချမှတ်ဆောင်ရွက်နေကြောင်း လူကယ်ပြန် ဝန်ကြီး ဌာနမှ သိရသည်။

ယခုနှစ်များအတွင်း မြန်မာနိုင်ငံ၌ လေပြင်းတိုက်ခတ်မှု ဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားလာနေပြီး မတ်လ၊ ဧပြီလနှင့် မေလများတွင် ပိုမိုအဖြစ်များသည့်အတွက် ယခုကဲ့ သို့ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြော င်း လူကယ်ပြန် ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက နိုင်ငံပိုင်သတင်းဌာနမှတဆင့် ပြောကြားထားသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လေပြင်းဒဏ်ခံနိုင်ရည် အားနည်းသည့် နေ အိမ်အဆောက်အဦများကို ရှာဖွေစစ်ဆေးကာ လိုအပ်သ ည့် ကြိုတင်ကာကွယ်မှုများကို ပြင်ဆင်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း လေဘေး ဒဏ် ခံရနိုင်ခြေမြင့်မားသည့် တိုင်းဒေသကြီးနှင့် ပြည်န ယ်အသီးသီးရှိ မြို့နယ်နှင့် ခရိုင်များအလိုက် စီမံချက်များ ချမှတ်ကာ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

” တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ လေပြင်းဘေးဖြစ်ပွား မှုများတဲ့ နေရာတွေမှာ မြို့နယ်တွေ၊ ရပ်ကွက်တွေ ရွေးချ ယ်တယ်။ အဲဒီအထဲမှာမှ လေပြင်းဘေးဒဏ် ခံနိုင်ရည် အားနည်းတဲ့ အိမ်တွေကို ရွေးချယ်ပြီးတော့မှ အားဖြည့်မွမ်းမံပြင်ဆင်ပြီးတော့မှ ဆောင်ရွက်နေတာ ရှိပါတယ် ။ ၂၀၁၆ ခုနှစ်တည်းက စတင်ပြီးတော့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” ဟု ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောသည်။

အဆိုပါ ကြိုတင်ကာကွယ်မှု စီမံချက်ကို ပြီးခဲ့သည့် ၂၀၁ ၆ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ – ၂၀၂ ၂ ဘဏ္ဍာနှစ်အထိ အိမ်ခြေပေါင်း ၄၀၀၀၀ ကျော်ကို မွမ်း မံဆောင်ရွက်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မတ်လ၊ ဧပြီလနှင့် မေလတို့မှ စတင်ကာ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားနိုင်ပြီး မိုးကြိုရာသီရောက်ရှိပါကလည်း မုန်တိုင်းအန္တရာယ် ကျရောက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့်လ ည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရန် လိုအပ်ကြောင်း လူကယ်ပြန် ဝန်ကြီးဌာနမှ အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်၌ ဓာတုစက်ရုံပေါက်ကွဲမှုကြောင့် ၅ ဦး‌ေ-သဆုံးပြီး ၆ ဦးပျေ-ာက်ဆုံးနေ

ချီနန်၊မေ ၂၇ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်ရှိ ဓာတုစက်ရုံတစ်ခု၌ အင်္ဂါနေ့ည ၇ နာရီ ၂၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူငါးဦး‌ေ-သဆုံးပြီး ခြောက်ဦးပျေ-ာက်ဆုံးနေကြောင်း ဒေသဆိုင်ရာ အရေးပေါ်စီမံခန့်ခွဲမှုဗျူရိုကပြောကြားခဲ့သည်။ Shandong Youdao Chemical Co., Ltd. ၏အလုပ်ရုံတွင်ဖြစ်ပွားခဲ့သည့် အဆိုပါမတော်တဆမှု၌ လူ ၁၉ ဦးသည် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းလည်း ဗျူရိုကပြောကြားခဲ့သည်။ ပြည်နယ်နှင့် ဒေသဆိုင်ရာအာဏာပိုင်များသည် ပျေ-ာက်ဆုံးသူများအားရှာဖွေခြင်း၊ ဒဏ်ရာရသူများကိုကုသပေးခြင်း၊ မိသားစုများအား နှစ်သိမ့်ပေးခြင်းနှင့် ပတ်ဝန်းကျင်အခြေအနေစောင့်ကြည့်ခြင်းတို့ကို အာရုံစိုက်လုပ်ဆောင်ရန် ပူးတွဲကယ်ဆယ်ရေး ကွပ်ကဲမှုဗဟိုဌာနကိုထူထောင်ထားသည်။ လက်ရှိအချိန်တွင် အခင်းဖြစ်ပွားရာနေရာရှိ ရှာဖွေရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုလည်းသိရသည်။ မီးလေ-ာင်မှုသတင်းရရှိပြီးနောက် အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနသည်...

ရုရှားနှင့်အမေရိကတို့ အကျဉ်းသားလဲလှယ်ရေးထပ်မံလုပ်ဆောင်နေ

မော်စကို၊မေ ၂၇ မော်စကိုနှင့်ဝါရှင်တန်တို့သည် ယခင်ကသဘောတူညီထားသည့် အကျဉ်းသားလဲလှယ်ရေး ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလား‌ရော့ဗ်ကပြောကြားခဲ့သည်။ မော်စကို‌၌ တုကီယေးနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မစ္စတာလားရော့ဗ်က ရုရှားသမ္မတနှင့် အ‌မေရိကန်သမ္မတတို့၏ တယ်လီဖုန်းဖြင့်နောက်ဆုံး‌ပြောဆိုစဉ် အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကို သဘောတူညီခဲ့ကြောင်းကိုလည်း သူက အတည်ပြုပြောကြားခဲ့သည်။ "အသေးစိတ်အချက်အလက်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ဆက်ပြီးညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟုလည်း၎င်းက ပြောကြားခဲ့သည်။ မေလ ၁၉ ရက် နေ့က တယ်လီဖုန်းဖြင့်ပြောဆိုရာ၌ ရုရှားသမ္မတပူတင်နှင့်အ‌မေရိကန်သမ္မတတို့သည် နှစ်ဖက်လုံးမှလူကိုးဦးပါဝင်သည့် အကျဉ်းသားလဲလှယ်ရေးကိုပါ ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။ ရုရှားနှင့်အမေရိကတို့သည် အဘူဒါဘီတွင် ဧပြီလ ၁၀ ရက်‌နေ့က ၎င်းတို့၏ နောက်ဆုံးအကျဉ်းသား လဲလှယ်မှုကို ပြုလုပ်ခဲ့ကြသည်။ အာရပ်စော်ဘွားများပြည်ထောင်စုမှ ကူညီဆောင်ရွက်ပေးသည့်အဆိုပါလဲလှယ်မှုတွင်...

မက်ခရွန်နှင့်ပရာဘိုဝို မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး ဆွေးနွေးကြမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ် မက်ခရွန်သည် ဗုဒ္ဓဟူးနေ့တွင် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် မြို့တော်ဂျကာတာ၌ တွေ့ဆုံမည်ဖြစ်ကာ အရှေ့တောင်အာရှရှိ ပါရီ၏ အကြီးဆုံးလက်နက်ဖေ-ာက်သည်နှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကိစ္စသည် ဆွေးနွေးမည့်အစီအစဉ်တစ်ရပ်ဖြစ်ဖွယ်ရှိသည်။ မက်ခရွန်သည် ဒေသတွင်းခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံကို ဒုတိယမြောက်ခရီးစဉ်အဖြစ် ရောက်ရှိခြင်းဖြစ်ပြီး ဗီယက်နမ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိ သဘောတူညီချက်များကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သည်။ သူသည်ကြာသပတေးနေ့တွင် စင်ကာပူနိုင်ငံကို ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ နှစ်နိုင်ငံအနေဖြင့် လက်ရှိမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးများနှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆွေးနွေးမည့် နယ်ပယ်များနှင့်ပတ်သက်၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071