Friday, June 13, 2025

အစ္စရေး၏ တိုက်ခိုက်မှုအပြီး လေကြောင်းခရီးစဉ်များ လမ်းကြောင်းပြောင်းနေရကာ...

အစ္စရေးက အီရန်နိုင်ငံရှိ ပစ်မှတ်များကို စတင်တိုက်ခိုက်လိုက်ပြီးနောက် လေကြောင်းလိုင်းများသည် သောကြာနေ့အစောပိုင်းတွင် အစ္စရေး၊ အီရန်နှင့် အီရတ်နိုင်ငံ ဝေဟင်ပိုင်နက်များကို ရှောင်ရှားခဲ့ကြသည်ဟု Flightradar24 အချက်အလက်များက...

အီရန်နှင့် အစ္စရေးရောက်နိုင်ငံသားများကို တရုတ် သတိပေး

အစ္စရေးနှင့် အီရန်နိုင်ငံတို့တွင် ရှုပ်ထွေးပြီး ပြင်းထန်သော လုံခြုံရေးဆိုင်ရာ အခြေအနေများကြောင့် ယင်းနိုင်ငံများတွင် ရောက်ရှိနေသည့် ၎င်းတို့နိုင်ငံသားများကို တရုတ်က သောကြာနေ့တွင် အကြံပြု သတိ‌ပေးချက်များကိုထုတ်ပြန်ခဲ့ပြီး...

ငလျင်ဒဏ်သင့် ဒေသများအတွက် ကိုရီးယားနိုင်ငံမှ ဝမ်နှစ်သန်း...

မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့် ပြည်သူများအတွက် ကိုရီးယားနိုင်ငံမှ ဝမ်နှစ်သန်း ထပ်မံလှူဒါန်းကြောင်း ဆိုးလ်မြို့ရှိ၊ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့်...

မြန်မာ-ဂျပန်ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး ဆွေးနွေး

မြန်မာ-ဂျပန်ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးနှင့်ပတ်သက်၍ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးစိုးဟန်နှင့် International Friendship Exchange Council (FEC)၏ President ဖြစ်သူ Mr. Ken Matsuzawa...
HomeNewsLocal Newsပဲခူးတိုင်းရှိ လိုင်စင်မဲ့ဆိုင်ကယ်များအား စီမံချက်ဖြင့်...

ပဲခူးတိုင်းရှိ လိုင်စင်မဲ့ဆိုင်ကယ်များအား စီမံချက်ဖြင့် ဇန်နဝါရီ ၂၃ ရက်မှစတင်ကာ လိုင်စင်ပြုလုပ်ပေးမည်

ပဲခူးတိုင်းအတွင်းရှိ လိုင်စင်မဲ့ဆိုင်ကယ်များအား ဇန်နဝါရီ ၂၃ ရက်မှစတင်၍ ဖေဖော်ဝါရီ ၂၃ ရက်အထိ စီမံချက်ဖြင့် လိုင်စင်များပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်း၊ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ တိုင်းဒေသကြီးရုံး(ပဲခူး)၊ပြည်၊တောင်ငူနှင့်သာ ယာဝတီတို့ရှိ ခရိုင်ရုံးအသီးသီးတွင် ရုံးဖွင့်ရက်များ၌ နံနက် ၉ နာရီမှနေ့လည် ၃ နာရီခွဲအထိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်လိုင်စင်လာရောက်ပြုလုပ်သူများအနေဖြင့် မှတ်ပုံတင်(မူရင်း/မိတ္တူ)၊သန်းခေါင်စာရင်း (မူရင်း/မိတ္တူ)နှင့်ရပ်ကွက်ထောက်ခံစာများယူ ဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။

“ကောင်းတာပေါ့ဗျာ လိုင်စင်မရှိတဲ့အခါကြတော့ မောင်းတဲ့အခါသတိထားပြီးမောင်းရတယ် ဘယ် လိုပဲဖြစ်ဖြစ် ကိုယ်မောင်းတဲ့ဆိုင်ကယ်ကလိုင်စင်ရှိထားတာက အကောင်းဆုံးပဲ”ဟု ပဲခူးမြို့တွင်နေထိုင်သည့် ကိုကျော်စွာမင်းကပြောသည်။

ကနဦးမှတ်ပုံတင်ခ ၁၅၀၀၀ ကျပ်၊ ကနဦးယာဥ်စစ်ဆေးခ ၅၀၀၀ ကျပ်၊ အထူးစစ်ဆေးခ(ကမ-၃ + အဝိုင်း + ဟိုလိုဂရမ် + ဖိုင်) ၂၀၀၀ ကျပ်၊ ဖောင်း ကြွနံပါတ်ပြား ၁ ချပ် ၂၅၀၀ ကျပ်(စုစုပေါင်း ၂၄၅၀၀ ကျပ်)ကျသင့်မည်ဖြစ်ကာ မြန်မာ့အာမခံလုပ်ငန်းမှ ၄၁၅၀ ကျပ်နှင့်မြန်မာ့စီးပွားရေးဘဏ်မှ ၅၀၀ ကျပ်တို့လည်း ကျသင့်မည်ဖြစ်ကာ ဆိုင်ကယ်အမျိုးအစားအလိုက် ကောက်ခံမည့်နှုန်း ထားများအား သက်ဆိုင်ရာရုံးများ၏ ကြော်ငြာ သင်ပုန်းတွင် ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အစ္စရေး၏ တိုက်ခိုက်မှုအပြီး လေကြောင်းခရီးစဉ်များ လမ်းကြောင်းပြောင်းနေရကာ ဝေဟင်ပိုင်နက် ပိတ်ပင်ခြင်းများ ဖြစ်ပေါ်

အစ္စရေးက အီရန်နိုင်ငံရှိ ပစ်မှတ်များကို စတင်တိုက်ခိုက်လိုက်ပြီးနောက် လေကြောင်းလိုင်းများသည် သောကြာနေ့အစောပိုင်းတွင် အစ္စရေး၊ အီရန်နှင့် အီရတ်နိုင်ငံ ဝေဟင်ပိုင်နက်များကို ရှောင်ရှားခဲ့ကြသည်ဟု Flightradar24 အချက်အလက်များက ဖော်ပြခဲ့ပြီး ခရီးသည်တင်လေကြောင်းလိုင်းများသည် ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ ဘေးကင်းရေးအလို့ငှာ လမ်းကြောင်းပြောင်းခြင်းနှင့် ခရီးစဉ်ဖျက်သိမ်းခြင်းများ ကတိုက်ကရိုက်လုပ်ဆောင်နေကြကြောင်း သိရသည်။ ကမ္ဘာတစ်ဝှမ်း တိုးပွားလာသော ပဋိပက္ခဇုန်များကြောင့် လေကြောင်းလိုင်း ပျံသန်းပြေးဆွဲမှုများနှင့် အမြတ်အစွန်းရရှိမှုအပိုင်းတွင် ပိုမိုဝန်ပိလာပြီး ဘေးကင်းလုံခြုံမှုအပိုင်းတွင်လည်း ပို၍စိုးရိမ်စရာဖြစ်လာသည်။ လေကြောင်းအန္တရာယ် အတိုင်ပင်ခံလုပ်ငန်း Osprey Flight Solution ၏ အဆိုအရ ၂၀၀၁ ခုနှစ်မှစကာ ကူးသန်းရောင်းဝယ်ရေးလေယာဉ်...

အီရန်နှင့် အစ္စရေးရောက်နိုင်ငံသားများကို တရုတ် သတိပေး

အစ္စရေးနှင့် အီရန်နိုင်ငံတို့တွင် ရှုပ်ထွေးပြီး ပြင်းထန်သော လုံခြုံရေးဆိုင်ရာ အခြေအနေများကြောင့် ယင်းနိုင်ငံများတွင် ရောက်ရှိနေသည့် ၎င်းတို့နိုင်ငံသားများကို တရုတ်က သောကြာနေ့တွင် အကြံပြု သတိ‌ပေးချက်များကိုထုတ်ပြန်ခဲ့ပြီး အစ္စရေးရောက် တရုတ်နိုင်ငံသားများအနေဖြင့် ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်နိုင်‌ခြေအတွက် ပြင်ဆင်ထားရန် သတိပေးခဲ့သည်။ “မြေပြင်လုံခြုံရေးအခြေအနေက ရှုပ်ထွေးပြီး ပြင်းထန်” ခြင်းကြောင့် နိုင်ငံသားများအနေဖြင့် ၎င်းတို့၏ လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ကိုကောင်းမွန်စွာလုပ်ဆောင်ထားရန် စစ်စခန်းများ၊ ထိရှလွယ် သောနေရာဌာနများဝန်းကျင်ကို မလိုအပ်ဘဲ မသွားရောက်ကြရန် အစ္စရေးရှိ တရုတ်သံရုံးက တိုက်တွန်းထားသည်။ “စိတ်အေးအေးထားပါ၊ သတိရှိပါ” ဟု သံရုံး၏...

ငလျင်ဒဏ်သင့် ဒေသများအတွက် ကိုရီးယားနိုင်ငံမှ ဝမ်နှစ်သန်း ထပ်မံလှူဒါန်း

မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့် ပြည်သူများအတွက် ကိုရီးယားနိုင်ငံမှ ဝမ်နှစ်သန်း ထပ်မံလှူဒါန်းကြောင်း ဆိုးလ်မြို့ရှိ၊ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားရစ်ချက်တာစကေး (၇.၇) ပမာဏရှိ အလွန်ပြင်းထန်သော ငလျင်ကြောင့် ပျ-က်ဆီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ရသည်။ ယင်းငလျင်ဘေးသင့်ဒေသများမှ ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဇွန်လ (၁၁)ရက်တွင် ကိုရီးယားသမ္မတနိုင်ငံရှိ Bul Kwang Sa Temple ၊ Jogye Or der of Korean Buddhism...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071