Monday, September 14, 2026

MSMEs လုပ်ငန်းများအတွက် နည်းပညာ ၁၀...

ပြည်တွင်းထွက်ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးနှင့် MSMEs များ၏ ပြည်တွင်း၊ ပြည်ပဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်နိုင်ရေးအတွက် “MSMEs များအား နည်းပညာဖြန့်ဝေခြင်းအစီအစဉ်...

အုပ်စုအဖွင့်ပွဲစဉ်တွင် တောင်ကိုရီးယားအသင်းကို ၅ ဂိုး...

ယနေ့ စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီအချိန်၌ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဥ်တွင် မြန်မာအမျိုး...

သီပေါဟော်နန်းကို နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်...

သီပေါ၊စက်တင်ဘာ ၁၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို နှစ်၁၀၀နှင့်အထက်သက်တမ်းရှိ ရှေးဟောင်း အဆောက်အအုံအဖြစ် တရားဝင်သတ် မှတ်လိုက်ပြီး မကြာမီ နိုင်ငံတော်အဆင့် နှစ်...

ရန်ကုန်မြို့တွင် မိုးသည်းထန်းစွာရွာပြီးနောက် ကမာရွတ်၊ကြည့်မြင်တိုင်နှင့် ရန်ကင်းမြို့နယ်အတွင်း...

ရန်ကုန်၊စက်တင်ဘာ ၁၄ ရန်ကုန်မြို့တွင် ယနေ့ နေ့လည်ပိုင်း၌ မိုးသည်းစွာရွာသွန်းမှုကြောင့် ကမာရွတ်၊ကြည့်မြင်တိုင်နှင့် ရန်ကင်းမြို့နယ်အတွင်းရှိ လမ်းမကြီးအချို့တွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ သစ်ပင်လဲကျမှုဖြစ်စဥ်များသည် ကမာရွတ်မြို့နယ်...
HomeNewsLocal Newsထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး နီးနီးကပ်ကပ်...

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နိုင်ရန် TBAM နှင့် UMFCCI ဥက္ကဌ တို့ဆွေးနွေး

ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးအား နီးနီးကပ်ကပ် ပူးပေါင်းဆောင်နိုင်ရေး Thai Business Association in Myanmar (TBAM) ဥက္ကဋ္ဌ Mr. Nuttaphong Visitkitchakarn နှင့် ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းတို့တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ယနေ့ ဇန်နဝါရီ ၂၆ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ထုတ်ပြန်ထားသည်။

အဆိုပါ ဆွေးနွေးမှုကို ယမန်နေ့ ဇန်နဝါရီ(၂၅)ရက်နေ့၌ ကုန်သည် စက်မှုအသင်းချုပ်သို့ မြန်မာနိုင်ငံအခြေစိုက် Thai Business Association in Myanmar (TBAM) ဥက္ကဋ္ဌ နှင့် Kasikorn bank ၏ Chief Representative ဖြစ်သူ Mr. Nuttaphong Visitkitchakarn နှင့် အဖွဲ့ဝင်များသည် လာရောက် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးမှုတွင် ထိုင်းဘက်မှ ထိုင်း-မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေး၊ စီးပွားရေး အခွင့်အလမ်းများနှင့် Capacity Building မြှင့်တင်ရေး၊ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ ဘတ် – ကျပ် လဲလှယ်ရာတွင် Transactions အဆင့်များ များနေခြင်း၊ ကန့်သတ်မှုများကို ဖြေလျော့စေရေးနှင့် သွင်းကုန်လိုင်စင်များ ရရှိရေး၊ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် MIC တွင် အချိန် နှစ်ပတ်မှ သုံးပတ်အထိ အချိန်စောင့်ဆိုင်းရခြင်းများ တွေ့ကြုံရခြင်း၊ ခရီးသွားကဏ္ဍ တိုးမြှင့်ရေးအတွက် နိုင်ငံခြားသားများ ဝင်ရောက်ရာတွင် Inbound Insurance ဝယ်ယူရခြင်းသည် အဟန့်အတားဖြစ်စေသဖြင့် Inbound Insurance ဝယ်ယူရခြင်းကို ဖြေလျော့စဉ်းစားပေးစေလိုရေး စသည်တို့ကိုဆွေးနွေးခဲ့သည်။

ယင်းဆွေးနွေးမှုအပေါ် အသင်းချုပ်မှ ပြည်တွင်းရင်းနှီးမြှုပ်နှံသူများအတွက် သာမက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက်ပါ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လွယ်ကူ အဆင်ပြေ ချောမွေ့စေရေး အတွက် လိုအပ်သည်များကို ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ ကော်မတီများကို ညှိနှိုင်းတင်ပြပေးခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဒေါက်တာမျိုးသက်၊ ဦးအေးထွန်း၊ ဒေါက်တာဝင်းစည်သူ၊ ဦးဆန်းလင်း၊အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ဒေဝ၊ ဦးရဲမြင့်မောင်၊ အမှုဆောင်အရာရှိချုပ် ဒေါက်တာဇော်ဋ္ဌေး တို့ကို တက်ရောက်ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MSMEs လုပ်ငန်းများအတွက် နည်းပညာ ၁၀ မျိုး ဖြန့်ဝေ၊ လုပ်ငန်းရှင် ၂၅၅ ဦး တက်ရောက်

ပြည်တွင်းထွက်ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးနှင့် MSMEs များ၏ ပြည်တွင်း၊ ပြည်ပဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်နိုင်ရေးအတွက် “MSMEs များအား နည်းပညာဖြန့်ဝေခြင်းအစီအစဉ် (၂၀၂၆)” ကို စက်တင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ ရန်ကုန်မြို့ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (DRI) ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအစီအစဉ်ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (DRI)၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (DISI) နှင့်...

အုပ်စုအဖွင့်ပွဲစဉ်တွင် တောင်ကိုရီးယားအသင်းကို ၅ ဂိုး ပြတ်ဖြင့်ရှုံးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း

ယနေ့ စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီအချိန်၌ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဥ်တွင် မြန်မာအမျိုး သမီးအသင်းမှာ တောင်ကိုရီးယားအသင်းကို ၅ ဂိုးပြတ်ဖြင့်ရှုံးနိမ့်ခဲ့သည်။ ယနေ့ပွဲစဉ် ပထမပိုင်း၌ တောင်ကိုရီးယားအသင်းက ၃ ဂိုးသွင်းယူထားသလို ဒုတိယပိုင်းပွဲချိန်အတွင်း ၂ ဂိုးထပ်မံသွင်းယူခဲ့သဖြင့် မြန်မာအသင်းမှာ ချေပဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပေ။ မြန်မာအမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသ မီးဘောလုံးပြိုင်ပွဲ အုပ်စု (F) ပွဲဦးထွက်ပွဲစဉ်အဖြစ် အာရှအင်အားကြီး တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားအမျိုးသမီးအသင်းသည် လက်ရှိ ကမ္ဘာ့အဆင့် (၁၉)...

သီပေါဟော်နန်းကို နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် နိုင်ငံတော်အဆင့် ကမ္ပည်းမော်ကွန်းတင်မည်

သီပေါ၊စက်တင်ဘာ ၁၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို နှစ်၁၀၀နှင့်အထက်သက်တမ်းရှိ ရှေးဟောင်း အဆောက်အအုံအဖြစ် တရားဝင်သတ် မှတ်လိုက်ပြီး မကြာမီ နိုင်ငံတော်အဆင့် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းတင်သွားမည်ဖြစ်ကြောင်း သိရသည်။ သီပေါဟော်နန်းကို ယဥ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ယခုနှစ် ဇူလိုင် ၂၃ ရက်စွဲပါ အမိန့်ကြော် ငြာစာဖြင့် နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် တရားဝင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ "သီပေါဟော်နန်းကို နိုင်ငံတော်အဆင့် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ကမ္ပည်းမော် ကွန်းတင်ပြီး ဆောင်ရွက်သွားကြမှာဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071