Monday, May 4, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeInternational8647 ဂဏန်းကို လူမှုကွန်ရက်တွင်...

8647 ဂဏန်းကို လူမှုကွန်ရက်တွင် တင်သဖြင့် FBI ညွှန်ချုပ်ဟောင်းအား ထောက်လှမ်းရေးက ခေါ်စစ်

သမ္မတဒေါ်နယ်ထရမ့်အား ခြိမ်းခြောက်မှုတစ်ခုဟု စွပ်စွဲခဲ့သော လူမှုကွန်ရက်ပို့စ်တစ်ခုနှင့်ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ချုပ်ဟောင်း ဂျိမ်းစ်ကိုမီးအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဌာန (Secret Service)က စနေနေ့တွင် တွေ့ဆုံခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ခရစ္စတီ နိုအမ်က ပြောကြားခဲ့သည်။

X (ယခင်က Twitter)၌ ပို့စ်တင်ရာတွင် နိုအမ်က “ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ” ဖြစ်ကြောင်း ဖော်ပြခဲ့သော်လည်း ကိုမီးအား နောက်ထပ်အရေးယူမှုများ ခံရနိုင်ခြေရှိမရှိနှင့် ပတ်သက်၍မူ မည်သည့်အချက်အလက်မျှ မဖော်ပြခဲ့ပေ။

အမည်ဖော်ပြလိုခြင်းမရှိသော တရားဥပဒေစိုးမိုးရေးအရာရှိတစ်ဦး၏ အဆိုအရ သမ္မတလုံခြုံရေးတာဝန်ယူထားသည့် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ Secret Service မှ ကိုမီးအား ဝါရှင်တန်မြို့ရှိ ရုံးခွဲတွင် စနေနေ့မွန်းလွဲပိုင်းတွင် တွေ့ဆုံမေးမြန်းခဲ့သည်။ အဆိုပါတွေ့ဆုံမှုသည် ညနေ ၆ နာရီခန့်တွင် စတင်ခဲ့ပြီး တစ်နာရီခန့် ကြာမြင့်ခဲ့ကြောင်း အရာရှိကဆိုသည်။ ကိုမီးမှာ တောင်းဆိုချက်အရ စေတနာဖြင့် ပါဝင်ဆွေးနွေးခဲ့ခြင်းဟုလည်း သတင်းအရင်းအမြစ်က ဖော်ပြခဲ့သည်။

ဖက်ဒရယ်တရားဥပဒေစိုးမိုးရေးအေဂျင်စီများသည် ကိုမီး၏ Instagram ပို့စ်တစ်ခုကို စုံစမ်းစစ်ဆေးနေခဲ့သည်။ ၎င်းပို့စ်တွင် သဲပေါ်တွင် ပင်လယ်ခရုခွံများဖြင့် ဖွဲ့စည်းထားသော “8647” နံပါတ်ပုံနှင့်အတူ “ကျွန်ုပ်၏ကမ်းခြေလမ်းလျှောက်ခရီးတွင် အလွန်ကောင်းမွန်သော ခရုခွံဖွဲ့စည်းပုံ” ဟူသော မှတ်ချက်ပါရှိခဲ့သည်။

အမေရိကန် ဘန်းစကားအရ “86” နံပါတ်ကို အရက်ဘားအတွင်း မူးယစ်ရမ်းကား‌နေသူ သို့မဟုတ် အရ-က်မူးနေသောသူများအား ဆွဲထုတ်ရန် ကြိယာအဖြစ် အသုံးပြုကြသည်။ ထရမ့်မှာ အမေရိကန်၏ 47 ဦးမြောက်သမ္မတဖြစ်သည်။ ထို့ကြောင့် 8647 ဆိုသည်မှာ သမ္မတထရမ့်ကို ဖယ်ရှားပစ်ရန်ဟု အဓိပ္ပါယ်သက်ရောက်ကြောင်း ထရမ့်ကို ထောက်ခံသူများက ဖွင့်ဆိုကြသည်။

အချို့သော ထရမ့်ပံ့ပိုးသူများကဆိုလျှင် ၎င်းမက်ဆေ့ချ်ကို လုပ်ကြံသ-တ်ဖြ-တ်ခြင်းအပါအဝင် အကြမ်းဖက်နည်းဖြင့် ထရမ့်အား ရာထူးမှဖယ်ရှားရန် တို-က်တွန်းချက်အဖြစ် အဓိပ္ပာယ်ကောက်ယူခဲ့ကြသည်။

Merriam-Webster အဘိဓာန်က ၎င်း၏ဝက်ဘ်ဆိုက်တွင် “86” ဟူသော အသုံးအနှုန်း၏ လတ်တလောအဓိပ္ပာယ်မှာ “သ-တ်ဖြ-တ်ရန်” ဖြစ်သော်လည်း ၎င်း၏ နောက်ဆုံးပေါ်အသုံးနှင့် အသုံးနည်းမှုကြောင့် ထည့်သွင်းခြင်းမပြုရသေးကြောင်း ဖော်ပြထားသည်။

၂၀၁၇ ခုနှစ်တွင် ထရမ့်က ရာထူးမှထုတ်ပစ်ခြင်းခံခဲ့ရသော ကိုမီးမှာ ထရမ့်ပံ့ပိုးသူများ၏ ပြင်းထန်သောဝေဖန်မှုများအပြီးတွင် ၎င်း၏ပို့စ်ကို ဖျ-က်သိမ်းခဲ့ပြီး Instagram တွင် “သူတို့ထင်သလို ကျွန်ုပ် ဘယ်သောအခါမှ မရည်ရွယ်ခဲ့ပါ၊ သို့သော် ကျွန်ုပ်သည်မည်သည့်အကြမ်းဖက်မှုကိုမဆို ဆန့်ကျင်သူဖြစ်သောကြောင့်ပို့စ်ကို ဖျ-က်လိုက်ပါသည်” ဟု ရေးသားခဲ့သည်။

“ယနေ့တွင် @SecretService မှ ဖက်ဒရယ်အေးဂျင့်များသည် သမ္မတထရမ့်အား လုပ်ကြံရန် တို-က်တွန်းသည့် လူမှုကွန်ရက်ပို့စ်နှင့် ပတ်သက်၍ အရှက်ရစရာကောင်းသော FBI ဒါရိုက်တာဟောင်း ကိုမီးအား တွေ့ဆုံမေးမြန်းခဲ့သည်” ဟု ပြည်ထဲရေးဝန်ကြီး ခရစ္စတီနိုအမ်က ဆိုသည်။ “ကျွန်ုပ်သည် @POTUS ထရမ့်အား ကာကွယ်ရန် လိုအပ်သော အစီအမံအားလုံးကို ဆက်လက်ဆောင်ရွက်သွားမည်။ ၎င်းကိစ္စအား ဆက်လက်စုံစမ်းစစ်ဆေးဆဲဖြစ်သည်။” ဟုလည်း ရေးသားထားသည်။

ထရမ့်ကိုယ်တိုင်ကလည်း စနေနေ့တွင် ကိုမီးက သူ့အားလုပ်ကြံရန် တို-က်တွန်းခဲ့သည်ဟု စွပ်စွဲခဲ့ပြီး အကြမ်းဖက်အဓိပ္ပာယ်ကို မသိခဲ့ဟူသော ကိုမီး၏ ရှင်းလင်းချက်ကို မယုံကြည်ဟုဆိုကာ ပယ်ချခဲ့သည်။

“သူဟာ အဲဒါရဲ့ အဓိပ္ပာယ်ကို အတိအကျသိခဲ့တယ်” ဟု အရှေ့အလယ်ပိုင်းသို့ လေးရက်ကြာခရီးစဉ်အတွင်း အဘူဒါဘီမှ ထွက်ခွာမည့်အချိန်တွင် Fox News နှင့် တွေ့ဆုံခန်းတွင် ထရမ့်က ပြောကြားခဲ့ပြီး ၎င်းကိစ္စနှင့်ပတ်သက်၍ နောက်ထပ်အရေးယူမှုများကို အမေရိကန်ရှေ့နေ ပမ် ဘွန်ဒီနှင့် အခြားသူများထံ လွှဲအပ်မည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

“8647” နှင့် “8646” ဂဏန်းများကို ထရမ့်နှင့် ဂျိုးဘိုင်ဒန် (အမေရိကန်၏ ၄၆ ဦးမြောက်သမ္မတ) တို့၏ အုပ်ချုပ်မှုကာလအတွင်း နိုင်ငံရေးဆောင်ပုဒ်များနှင့် တီရှပ်များတွင် အသုံးပြုခဲ့ကြသည်။

ထရမ့်၏ ပထမသက်တမ်းအစောပိုင်း ၂၀၁၆ခုနှစ် သမ္မတရွေးကောက်ပွဲအတွင်း ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှုရှိမရှိဆိုသည် FBI ညွှန်ချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က စုံစမ်းစစ်ဆေးခဲ့သော ကိုမီးအား ထရမ့်က ရာထူးမှထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

ကိုမီးသည် ထရမ့်အား “ခေါင်းဆောင်မှုအတွက် ကိုယ်ကျင့်တရားအရ မသင့်လျော်” ဟု ၂၀၁၈ ခုနှစ်အတွင်း တွေ့ဆုံခန်းတစ်ခုတွင် ဝေဖန်ခဲ့သူလည်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈ နာရီခွဲခန့်တွင် ရဲအရာရှိများက သတင်းပို့ချက်ရရှိခဲ့ကြောင်း မြောင်စမွတ်ပရာကန်ရဲစခန်း အကြီးအကဲ ရဲမှူးကြီး ချက်ကရစ် သီရိုဂျာနာကူလ်က ပြောကြားခဲ့သည်။        သတင်းပို့ချက်များအရ ရဟတ်ယာဉ်သည် နှစ်ယောက်စီး Guimbal Cabri G2 ဖြစ်ပြီး ဒေသခံစက်ရုံပိုင်ရှင်က ရဟတ်ယာဉ်ကို မောင်းနှင်ခဲ့ကာ နည်းပညာရှင်တစ်ဦး လိုက်ပါသွားခဲ့သည်။ နှစ်ဦးစလုံး ဒ-ဏ်ရာအနည်းငယ်စီရရှိခဲ့ပြီး အရေးပေါ်ဆေးအဖွဲ့များက အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။        နည်းပညာပိုင်းဆိုင်ရာ...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်( ၉၃) နှစ်ပြည့်မွေးနေ့အလှူသို့ နဝကမ္မအလှူငွေများ ဆပ်ကပ်

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ယနေ့(မေလ ၃ ရက်နေ့)တွင် ပုသိမ်-ချောင်းသာလမ်း (၂၃)မိုင်ရှိ အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော် မင်္ဂလာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်၍ နဝကမ္မအလှူငွေ နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ အုပ်စုနှစ်စုခွဲကာ အလှည့်ကျဓာတ်အားပေးမည်

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အုပ်စု(A)သည် မနက်ဖြန် မေ ၄ ရက်တွင် နံနက် ၇ နာရီမှ နံနက် ၁၁ နာရီအထိ၊ နေ့လည် ၃ နာရီမှ ည ၇ နာရီအထိ၊ အုပ်စု(B)သည် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ၊ ညနေ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071