Looking for something?

Explore the website

Looking for something?

Wednesday, September 17, 2025

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမည်သူများ စတင်လျှောက်ထားနိုင်

လာမည့် ဒီဇင်ဘာ (၂၈) ရက်တွင် စတင်၍ အပိုင်းလိုက် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာလိုသူများအနေဖြင့် ‌ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ကို ယနေ့ စက်တင်ဘာလ(၁၆)ရက်မှ စတင်ပြီး...

စပါးပေါ်ချိန်တွင် တောင်သူများဈေးနှုန်းသင့်တင့်စွာ ရရှိစေရန်လိုအပ်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ပြော

စပါးပေါ်ချိန်တွင် တောင်သူများ ဈေးနှုန်းသင့်တင့်မျှတစွာ ရရှိစေရေးအတွက် ပို့ကုန်တိုးမြှင့်ပြီး တောင်သူလယ်သမားများထံမှ တိုးမြှင့်ဝယ်ယူပေးရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပြောသည်။ စက်တင်ဘာ (၁၅)ရက်တွင် ပဲခူးတိုင်းဒေသကြီး ဆန်စပါးကဏ္ဍဖွံဖြိုး...

အိန္ဒိယတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်သွား​ရောက်

မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်နှစ်ရပ်ကြား အပြန်အလှန်ခင်မင်ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်လာစေရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင် ရာ လေ့လာရေးခရီးစဉ်များအပြန်အလှန်လည်ပတ်ရန်အတွက် အိန္ဒိယတပ်မတော်(ကြည်း၊ရေ၊လေ)မှ အရာရှိ၊စစ်သည်များပါဝင်သော အိန္ဒိယတပ်မတော်ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့...

မြန်မာနိုင်ငံတွင် စီးပွားရေးပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းရှင်များအတွက် စီးပွားရေးပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောမှ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းက တရုတ်နိုင်ငံ၊ နန်နင်းမြို့၌ မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ်...
HomeNewsLocal Newsရန်ကုန်မြို့ရှိ ပြည်သူ့အဌားအိမ်ယာများအား MCEF...

ရန်ကုန်မြို့ရှိ ပြည်သူ့အဌားအိမ်ယာများအား MCEF နှင့် MLCA အသင်းချုပ်များမှတည် ဆောက်နေ

ရန်ကုန်မြို့ရှိ ပြည်သူ့အဌားအိမ်ယာများအား MCEF နှင့် MLCA အသင်းချုပ်များမှတည် ဆောက်နေ

ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေးဦးစီးကော်မတီ၏ ၁၂ ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအ စည်းအဝေး၌ ပြည်သူ့အငှားအိမ်ရာတည် ဆောက်ရေးဦးစီးကော်မတီအဖွဲ့ဝင်၊ရန်ကုန်တိုင်းပြည်သူ့အငှားအိမ်ရာစီမံကိန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးမှပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်သူ့အငှားအိမ်ရာစီမံကိန်း အကောင်အထည် ဖော်ရာမှာ စီမံကိန်းကြီးကြပ်ရေးအဖွဲ့တွေက ကြီး ကြပ်ဆောင်ရွက်ပေးသလို ကျွန်တော်ကိုယ်တိုင်လည်းလုပ်ငန်းခွင်ကို သွားရောက်တွန်းအားပေး ဆောင်ရွက်ခဲ့ပါတယ်”ဟု ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးကဆိုသည်။

ထို့ပြင် ပြည်သူ့အငှားအိမ်ရာစီမံကိန်း(ရန်ကုန်) အား မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်(MCEF)မှတိုက် ၂၀ လုံးနှင့်မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာအသင်းချုပ် (MLCA)မှ တိုက် ၂၀ လုံးတို့ကို ဆောက်လုပ်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ဇူလိုင်လကုန်၌ပြီးစီးမည်ဟုပြောသည်။

“အသင်းတစ်ခုစီက တိုက် ၉၇ လုံးစီဆောက်ရမှာဖြစ်တဲ့အတွက် ကျန်တဲ့တိုက် ၇၇ လုံးစီကိုလည်း၂၀၂၃ ခုနှစ်မတ်လကုန်မှာပြီးစီးဖို့တွန်းအားပေးဆောင်ရွက်နေပါတယ် ဒါ့အပြင် Infrastructure လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ခွင့်ပြုဖို့ကိစ္စကိုလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပေးကြစေလိုပါတယ်”ဟု မြို့တော်ဝန်ဦးဗိုလ်ဌေးကပြော သည်။

အလားတူ အခြေခံအဆောက်အအုံလုပ်ငန်းများအနက် ရေပေးဝေရေး ၈ လက်မ ပိုက်လိုင်းသည် စီမံကိန်းဝင်းအတွင်းသို့ သွယ်တန်းပြီးဖြစ်၍ လို အပ်ပါက အသုံးပြုနိုင်မည်ဖြစ်ကာ အိမ်ရာအ တွက် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ၊ Bus Terminal အတွက် ၅ ဧကလျာထားပြီးဖြစ်၍ YRTC နှင့်ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ပြီး အိမ် ရာဝင်းများအတွက် Commercial Area အဖြစ် မြေနေရာ ၁ ဒသမ ၅ ဧကပေါ်တွင် City Mart ဖွင့်လှစ်နိုင်ရန် လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ပေးသွားမည်ဟုသိရသည်။

မန္တလေးမြို့တွင် ပြည်သူ့အဌားအိမ်ယာစီမံကိန်းအား MDA အသင်းမှတည်ဆောက်နေခြင်းဖြစ်ကာ စီမံကိန်း Infrastructure လုပ်ငန်းများအား MDA အသင်းမှ ဆက်လက်ဆောင်ရွက်ခွင့်ပြုရမည်ဖြစ်ပြီး ဆောက်လုပ်ရေးသုံးပစ္စည်းများ အ လွယ်တကူ ဝယ်ယူ၍မရရှိနိုင်သဖြင့် စာချုပ်သက်တမ်းအား ဒုတိယအကြိမ်အဖြစ် ရန်ကုန်မြို့တွင် ၉ လ၊နေပြည်တော်တွင် ၁ လ၊မန္တလေးမြို့တွင် ၃ လအထိ တိုးမြှင့်ပေးထားမည်ဖြစ်သည်။

ပြည်သူ့အငှားအိမ်ရာ အိမ်ခန်းပေါင်း ၁၀၀၀၀ စီမံ ကိန်းပထမဆင့်အဖြစ် နေပြည်တော်တွင် တိုက် ၂၈ လုံး၊အခန်းပေါင်း ၄၄၈ ခန်း၊ ရန်ကုန်မြို့တွင် တိုက် ၁၉၄ လုံး၊အခန်းပေါင်း ၃၁၀၄ ခန်း၊မန္တလေးမြို့တွင် တိုက် ၉၁ လုံး၊ အခန်းပေါင်း ၁၄၅၆ ခန်း (စုစုပေါင်း တိုက် ၃၁၃ လုံး၊အခန်းပေါင်း ၅၀၀၈ ခန်း)အား အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည်။

ထိုသို့ ဆောက်လုပ်လျက်ရှိရာ နေပြည်တော်၌ အဆောက်အဦးလုပ်ငန်း ၉၄ ရာခိုင်နှုန်း၊Infrastructure လုပ်ငန်း ၆၅ ရာခိုင်နှုန်း၊ရန်ကုန်မြို့တွင် အဆောက်အဦးလုပ်ငန်း ၅၆ ရာခိုင်နှုန်း၊Infrastructure လုပ်ငန်း ၃၄ ရာခိုင်နှုန်း၊မန္တလေးမြို့တွင် အဆောက်အဦးလုပ်ငန်း ၈၈ ရာခိုင်နှုန်း၊Infrastructure လုပ်ငန်း ၈၈ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပြည်သူ့အဌားအိမ်ယာစီမံကိန်းများအား နိုင်ငံ့ဝန် ထမ်းများ၊အငြိမ်းစားဝန်ထမ်းများ၊ဝင်ငွေနည်း ပြည်သူများ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်၊နေပြည်တော်နှင့်မန္တလေးမြို့တို့၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမည်သူများ စတင်လျှောက်ထားနိုင်

လာမည့် ဒီဇင်ဘာ (၂၈) ရက်တွင် စတင်၍ အပိုင်းလိုက် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာလိုသူများအနေဖြင့် ‌ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ကို ယနေ့ စက်တင်ဘာလ(၁၆)ရက်မှ စတင်ပြီး ဒီဇင်ဘာလ (၅)ရက်အထိ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ယနေ့တွင် အသိပေးထုတ်ပြန်ချက်အရ သိရသည်။ စောင့်ကြည့်လေ့လာလိုသူများအနေဖြင့် လေ့လာလိုသည့် တိုင်းဒေသကြီး၊ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ်အလိုက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် စတင်လျှောက် ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ လိုက်နာရမည်ကျင့်ဝတ်များကိုလည်း အမိန့်ကြေညာစာဖြင့် ယနေ့ စက်တင်ဘာ (၁၆) ရက်တွင်...

စပါးပေါ်ချိန်တွင် တောင်သူများဈေးနှုန်းသင့်တင့်စွာ ရရှိစေရန်လိုအပ်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ပြော

စပါးပေါ်ချိန်တွင် တောင်သူများ ဈေးနှုန်းသင့်တင့်မျှတစွာ ရရှိစေရေးအတွက် ပို့ကုန်တိုးမြှင့်ပြီး တောင်သူလယ်သမားများထံမှ တိုးမြှင့်ဝယ်ယူပေးရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပြောသည်။ စက်တင်ဘာ (၁၅)ရက်တွင် ပဲခူးတိုင်းဒေသကြီး ဆန်စပါးကဏ္ဍဖွံဖြိုး တိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အစိုးရ-ပုဂ္ဂလိက တွေ့ဆုံ ဆွေးနွေးပွဲတွင် စပါးစိုက်တောင် သူများအား ကူညီပေးရန်၊ မြို့နယ်အလိုက် ဆန်စက်ပိုင်များ၊ ဆန်စပါး ကုမ္ပဏီများမှ မိုးစပါးရာသီ ထွက်ပေါ်လာမည့် စပါးများကို ဝယ်ယူပေးရန်၊ ဝယ်ယူရေး လုပ်ငန်းများကို အ ချိန်မဆိုင်းဘဲ စီစဉ်ဆောင်ရွက်ပေးရန် စသည်တို့ကို...

အိန္ဒိယတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်သွား​ရောက်

မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်နှစ်ရပ်ကြား အပြန်အလှန်ခင်မင်ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်လာစေရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင် ရာ လေ့လာရေးခရီးစဉ်များအပြန်အလှန်လည်ပတ်ရန်အတွက် အိန္ဒိယတပ်မတော်(ကြည်း၊ရေ၊လေ)မှ အရာရှိ၊စစ်သည်များပါဝင်သော အိန္ဒိယတပ်မတော်ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းက နေပြည်တော်လေဆိပ်သို့ရောက်ရှိလာခဲ့ကြသည်။ နေပြည်တော်တိုင်းစစ်ဌာချုပ် ဒု-တိုင်းမှူးဗိုလ်မှူးကြီး နေအောင်စိုး၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး JASWINDER S GILL တို့ကကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား Col Shrikant Jethi ဦးဆောင်ကာ အိန္ဒိယတပ်မတော် (ကြည်း၊ ရေ ၊ လေ)မှ အရာရှိ ၊ စစ်သည်(၁၂၀)ဦး လိုက်ပါလာကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071