Tuesday, January 13, 2026

OWIC ကိုင်ဆောင်ထားသူများ ဇန်နဝါရီ ၁၄...

OWIC ကိုင်ဆောင်ထားသူများအနေဖြင့် ပြည်ပနိုင်ငံများသို့ထွက်ခွာပါက ဇန်နဝါရီ ၁၄ ရက်မှစတင်ကာ သတ်မှတ်စည်းကမ်းများနှင့်အညီ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှသာပြည်ပသို့ပြန်လည်ထွက်ခွာရမည်ဟု အသိပေးခဲ့သည်။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အေဂျင်စီအစီ အစဉ်၊...

နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကိုကာကွယ်ရန် အမှန်တရားဘက်မှရပ်တည်ဆောင်ရွက်နေသည့်...

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကိုကာကွယ်ရန် အမှန်တရားဘက်မှရပ်တည်ဆောင်ရွက်နေသည့် ကိုယ် စားလှယ်အဖွဲ့၏ ကြိုးပမ်းမှုများကိုအပြည့်အဝထောက် ခံအားပေးသည်ဟု မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ယ နေ့ ဇန်နဝါရီ...

ICJ တွင် နိုင်ငံနှင့်ပြည်သူအတွက် တစ်ဖွဲ့လုံးမှ...

ရခိုင်ပြည်နယ် (မြောက်ပိုင်း) တွင်ဖြစ်ပွားခဲ့သော ဘင်္ဂါလီလူမျိုးများအရေးနှင့်ပတ်သက်၍ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တန်ပြန်လျှောက်လဲချက်များပေးရန်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်မှ...

ဒိုက်ဦးမြို့နှင့် ဝန်းသိုမြို့တို့၌ ငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်

ဒိုက်ဦးမြို့နှင့် ဝန်းသိုမြို့တို့၌ ယနေ့ ဇန်နဝါရီ ၁၂ ရက်က ငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ယနေ့ ဇန်နဝါရီ ၁၂ ရက်ည...
HomeNewsLocal News" 73rd Bangkok...

” 73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ” 73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။

အဆိုပါ ပြပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန (DITP) မှကြီးမှူး၍ Queen Sirikit National Convention Center (QSNCC) ၌ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၆ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ပြပွဲတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအနေဖြင့် DITP မှ ထောက်ပံ့သော ပြခန်း (၄) ခန်းနှင့် မိမိအစီအစဉ်ဖြင့် ပြခန်း (၃) ခန်း ပါဝင်ပြသမည်ဖြစ်သည်။

အဆိုပါပြပွဲကို နှစ်စဉ် ဖေဖော်ဝါရီလနှင့် စက်တင်ဘာလတို့တွင် ထိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံမှ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ပုလဲ စသည့် ကျောက်မျက် ရတနာပစ္စည်းများ ပါဝင်ပြသရောင်းချခြင်းဖြင့် မြန်မာ့ကျောက်မျက်ရတနာများကို နိုင်ငံတကာ ဝယ်ယူသူများထံ မိတ်ဆက်မြှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

OWIC ကိုင်ဆောင်ထားသူများ ဇန်နဝါရီ ၁၄ ရက်မှစတင်၍ ခွင့်ပြုချက်ရယူပြီးမှသာပြည်ပသို့ပြန်လည်ထွက်ခွာရမည်

OWIC ကိုင်ဆောင်ထားသူများအနေဖြင့် ပြည်ပနိုင်ငံများသို့ထွက်ခွာပါက ဇန်နဝါရီ ၁၄ ရက်မှစတင်ကာ သတ်မှတ်စည်းကမ်းများနှင့်အညီ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှသာပြည်ပသို့ပြန်လည်ထွက်ခွာရမည်ဟု အသိပေးခဲ့သည်။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အေဂျင်စီအစီ အစဉ်၊ မိမိအစီအစဉ်၊ ကျွမ်းကျင်/ခွင့်ပြန်တို့ဖြင့်ဖြစ်စေ OWIC ပြုလုပ်ခွင့်များနှင့် ပြည်ပထွက်ခွာခွင့်များကို စိစစ်ခွင့်ပြုပေးလျက်ရှိသော်လည်း အပြည်ပြည်ဆိုင်ရာလေဆိပ်များမှပေးပို့သည့်စာရင်းများအရ မိမိအစီအစဉ်ဖြင့် ခွင့်ပြန် OWIC လက်ဝယ်ရှိပြီးသူများသည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တင်ပြခြင်းမရှိဘဲ ပြည်ပသို့ထွက်ခွာနေခြင်းအား စိစစ်တွေ့ရှိရသည်ဟု အသိပေးခဲ့သည်။ ခွင့်ပြန် OWIC လက်ဝယ်ရှိပြီးသူများ ပြည်ပပြန်လည်ထွက်ခွာခွင့်နှင့်ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ အနည်းဆုံး ရုံးပိတ်ရက်(မပါ) ၅ ရက်ကြိုတင်လျှောက်ထားရမည်ဆိုသော သတ်မှတ်ချက်အား အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ...

နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကိုကာကွယ်ရန် အမှန်တရားဘက်မှရပ်တည်ဆောင်ရွက်နေသည့် ကိုယ်စားလှယ်အဖွဲ့၏ ကြိုးပမ်းမှုများကိုအပြည့်အဝထောက်ခံအားပေး

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကိုကာကွယ်ရန် အမှန်တရားဘက်မှရပ်တည်ဆောင်ရွက်နေသည့် ကိုယ် စားလှယ်အဖွဲ့၏ ကြိုးပမ်းမှုများကိုအပြည့်အဝထောက် ခံအားပေးသည်ဟု မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ယ နေ့ ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်အသိပေးခဲ့သည်။ မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ အတူတကွယှဉ်တွဲနေထိုင်သည့် ခိုင်မာသော အစဉ်အလာကောင်းများကို အစဉ်တစိုက်ထိန်းသိမ်းခဲ့သည့်နိုင်ငံဖြစ်ကာ လက်ရှိတွင် ICJ ၌ ရင်ဆိုင်နေရသောအမှုကိစ္စသည် မြန်မာနိုင်ငံကိုကိုယ်စားပြုသည့်အပြင် မြန်မာပြည်သူအားလုံး၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်သည့် ကိစ္စရပ်တစ်ခုဖြစ်သည်ဟု ထုတ်ပြန်ချက်၌ရေးသားဖော်ပြခဲ့သည်။ ထို့ကြောင့် ဂမ်ဘီယာနိုင်ငံမှ စွဲဆိုထားသောအမှုတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန် ကြီးဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်...

ICJ တွင် နိုင်ငံနှင့်ပြည်သူအတွက် တစ်ဖွဲ့လုံးမှ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားကာကွယ်သွားမည်ဟု ပြည်ထောင်စု ဝန်ကြီးဦးကိုကိုလှိုင်ပြော

ရခိုင်ပြည်နယ် (မြောက်ပိုင်း) တွင်ဖြစ်ပွားခဲ့သော ဘင်္ဂါလီလူမျိုးများအရေးနှင့်ပတ်သက်၍ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တန်ပြန်လျှောက်လဲချက်များပေးရန်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်မှ ယနေ့ ဇန်နဝါရီ ၁၂ ရက်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံကိုယ်စားပြုသည့် ICJ တရားရင်ဆိုင်ရေးအဖွဲ့နှင့်ပတ်သက်၍ ကောလဟာလသတင်းများထွက်ပေါ်လျက်ရှိသည့်အပြင် သတင်းမှားများ၊ လုပ်ကြံသတင်းများထုတ်လွှင့်လျက်ရှိသော်လည်း မိမိတို့အဖွဲ့သည် တာဝန်များကိုကျေပွန်စွာထမ်းဆောင်လျက်ရှိပြီး ယခုဖြစ်စဥ်သည် ၂၀၁၆-၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးကိစ္စနှင့်ပတ်သက်ကာ လူမျိုးတုန်းစေမှုကျူးလွန်သည်ဟုဆိုကာ အာဖရိကတိုက်၏ အစွန်အဖျား ဂမ်ဘီယာနိုင်ငံမှ ICJ တွင် စွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။ ထိုသို့ စွဲဆိုခဲ့သဖြင့် ရုံးတော်ရှေ့တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071