Friday, September 19, 2025

ဆိုင်းဘုတ်ပေါ်တက်ကသည့် တက္ကသိုလ်ကျောင်းသားကို အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့

ကရင်ပြည်နယ်၊ ဘာအံမြို့နယ်တွင် ယနေ့ စက်တင်ဘာ ၁၈ ရက်ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က ဆိုင်းဘုတ်ပေါ်တက်ကခဲ့သည့် တက္ကသိုလ်ကျောင်းသားကိုအသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့်...

တရုတ်နိုင်ငံသို့သွားရောက် နိုင်ငံတော် ဝန်ကြီးချုပ်ဦးညိုစောဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့...

တရုတ်ပြည်သူသမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပသည့် (၂၂)ကြိမ်‌မြောက် အာဆီယံကုန်စည်ပြပွဲ နှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှုထိပ်သီးဖိုရမ် တက်ရောက်ခဲ့သည့် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့...

ကုန်ဈေးနှုန်းများထိုက်သင့်သည့် ဈေးနှုန်းအတိုင်းဖြစ်စေရေးကြိုးပမ်းဆောင်ရွက်

 တရားမဝင်ကုန်စည်စီးဆင်းမှုများကိုတိုက်ဖျက်နေ ကုန်ဈေးနှုန်းများထိုက်သင့်သည့် ဈေးနှုန်းအတိုင်းဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ စက်တင်ဘာ ၁၈ ရက်နံ နက်ပိုင်းက...

ထိုင်းဘုရင့်လေတပ်၏ ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့လည်ပတ်

မြန်မာနိုင်ငံသို့ နှစ်နိုင်ငံလေတပ်များအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်အတွက် ရောက်ရှိနေသည့် ထိုင်းဘုရင့်လေတပ်မှ Air Chief Marshal Punpakdee Pattanakul ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့...
HomeNewsLocal NewsA Bankနှင့် ထိုင်းနိုင်ငံ...

A Bankနှင့် ထိုင်းနိုင်ငံ Kasikorn Bank တို့ကို ဘတ်/ကျပ် တိုက်ရိုက်ပေးချေခြင်းကိစ္စ ဆောင်ရွက်ခွင့်ရသည့်ဘဏ်များအဖြစ် ရွေးချယ်

A Bankနှင့် ထိုင်းနိုင်ငံ Kasikorn Bank တို့ကို ဘတ်/ကျပ် တိုက်ရိုက်ပေးချေခြင်းကိစ္စ ဆောင်ရွက်ခွင့်ရသည့်ဘဏ်များအဖြစ် ရွေးချယ်


မြန်မာနိုင်ငံမှ “ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် (A Bank)နှင့် ထိုင်းနိုင်ငံမှ Kasikorn Bank တို့အား ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုအတွက် Designated Bank အဖြစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကဆောင်ရွက်ခွင့်ပြုထားကြောင်း ဗဟိုဘဏ်၏သတင်းတစ်ရပ်အရသိရသည်။

နှစ်နိုင်ငံနယ်စပ်ဒေသများဖြစ်သည့် မြဝတီနှင့် တာချီလိတ်ဒေသများ တွင် ဘတ်/ကျပ် တိုက်ရိုက်ပေးချေမှုစနစ်အား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် စမ်းသပ်ကာလ (Pilot Period) အဖြစ်  ၂၀၂၂ ခုနှစ်၊ မတ်လ (၂၁)ရက်နေ့မှစတင်၍ (၃)လစမ်းသပ်ဆောင်ရွက်ကြမည်ဖြစ်သည်။

လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများထဲ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်​ရေးက ကုန်သွယ်မှုဝင်ငွေယခင်ထက်ပိုများနေသည့် နေရာတွင်ရှိနေသည်။

အဆိုပါ ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုစနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် နယ်စပ်ဒေသတွေဖြစ်သည့် မြဝတီနှင့် တာချီလိတ်တို့တွင် စမ်းသပ်ကာလ (Pilot Period) အဖြစ် မတ်လ ၂၁ ရက်နေ့မှ စတင်ကာ ၃ လ စမ်းသပ်ဆောင်ရွက်ရန် စီစဉ်ထားသည်။

တရုတ်နယ်စပ်ဂိတ်များ ပိတ်ထားချိန်၌ ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကုန်သွယ်မှုပမာဏမှာ ဖေဖော်ဝါရီ ၄ ရက်နေ့အထိ ကုန်သွယ်မှု နှစ်ဆခန့်တိုးလာခဲ့ပြီး အမေရိကန်ဒေါ်လာသန်း ၄၈၀ နီးပါး ပိုမိုကုန်သွယ်ထားနိုင်ခဲ့ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

လက်ရှိတွင် ကုန်သည်လုပ်ငန်းရှင်များသို့ နယ်စပ် ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေးဆိုင်ရာ လမ်းညွှန် ချက်  (Guideline) အား ရှင်းလင်းခြင်းအစီအစဉ် (Public Awareness) ကို ၂၀၂၂ ခုနှစ်၊ မတ်လ တတိယပတ်အတွင်း ဆောင်ရွက်ရန်တာဝန်ရှိသူများကစီစဉ်လျှက်ရှိနေကြသည်။

ယင်းအပြင် ဘတ်/ကျပ် ဈေးကွက်ငွေလဲလှယ်နှုန်းကို အသုံးပြုဆောင်ရွက်နိုင်ရေး နှင့်ကုန်သွယ်မှုမှရရှိသည့် ဘတ်ငွေအား မြန်မာကျပ်သို့လဲလှယ်၍ ငွေသားပြန်လည်ထုတ်ယူရာ တွင် အဆင်ပြေချောမွေ့စေရေးကိစ္စရပ်များကိုပါ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီနှင့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်တို့မှဦးဆောင်ပြီး စီစဉ်နေပြီဟု ဗဟိုဘဏ်ကပြောဆိုသည်။

Zaw Gyi

A Bankႏွင့္ ထိုင္းႏိုင္ငံ Kasikorn Bank တို႔ကို ဘတ္/က်ပ္ တိုက္႐ိုက္ေပးေခ်ျခင္းကိစၥ ေဆာင္႐ြက္ခြင့္ရသည့္ဘဏ္မ်ားအျဖစ္ ေ႐ြးခ်ယ္

ျမန္မာႏိုင္ငံမွ “ဧရာဝတီေတာင္သူလယ္သမားမ်ားဖြံ႕ၿဖိဳးေရးဘဏ္ (A Bank)ႏွင့္ ထိုင္းႏိုင္ငံမွ Kasikorn Bank တို႔အား ထိုင္း-ျမန္မာ ႏွစ္ႏိုင္ငံနယ္စပ္ကုန္သြယ္မႈတြင္ ဘတ္/က်ပ္ တိုက္႐ိုက္အသုံးျပဳေပးေခ်မႈအတြက္ Designated Bank အျဖစ္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ကေဆာင္႐ြက္ခြင့္ျပဳထားေၾကာင္း ဗဟိုဘဏ္၏သတင္းတစ္ရပ္အရသိရသည္။

ႏွစ္ႏိုင္ငံနယ္စပ္ေဒသမ်ားျဖစ္သည့္ ျမဝတီႏွင့္ တာခ်ီလိတ္ေဒသမ်ား တြင္ ဘတ္/က်ပ္ တိုက္႐ိုက္ေပးေခ်မႈစနစ္အား ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ ႏိုင္ေရးအတြက္ စမ္းသပ္ကာလ (Pilot Period) အျဖစ္  ၂၀၂၂ ခုႏွစ္၊ မတ္လ (၂၁)ရက္ေန႔မွစတင္၍ (၃)လစမ္းသပ္ေဆာင္႐ြက္ၾကမည္ျဖစ္သည္။

လက္ရွိတြင္ နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားထဲ ျမန္မာ-ထိုင္းနယ္စပ္ကုန္သြယ္​ေရးက ကုန္သြယ္မႈဝင္ေငြယခင္ထက္ပိုမ်ားေနသည့္ ေနရာတြင္ရွိေနသည္။

အဆိုပါ ဘတ္/က်ပ္ တိုက္႐ိုက္အသုံးျပဳေပးေခ်မႈစနစ္ အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ နယ္စပ္ေဒသေတြျဖစ္သည့္ ျမဝတီႏွင့္ တာခ်ီလိတ္တို႔တြင္ စမ္းသပ္ကာလ (Pilot Period) အျဖစ္ မတ္လ ၂၁ ရက္ေန႔မွ စတင္ကာ ၃ လ စမ္းသပ္ေဆာင္႐ြက္ရန္ စီစဥ္ထားသည္။

တ႐ုတ္နယ္စပ္ဂိတ္မ်ား ပိတ္ထားခ်ိန္၌ ထိုင္းနယ္စပ္ ျမဝတီကုန္သြယ္ေရးစခန္းမွတစ္ဆင့္ ကုန္သြယ္မႈပမာဏမွာ ေဖေဖာ္ဝါရီ ၄ ရက္ေန႔အထိ ကုန္သြယ္မႈ ႏွစ္ဆခန႔္တိုးလာခဲ့ၿပီး အေမရိကန္ေဒၚလာသန္း ၄၈၀ နီးပါး ပိုမိုကုန္သြယ္ထားႏိုင္ခဲ့ေၾကာင္း စီးပြား/ကူးသန္းဝန္ႀကီးဌာန၏ စာရင္းမ်ားအရ သိရသည္။

လက္ရွိတြင္ ကုန္သည္လုပ္ငန္းရွင္မ်ားသို႔ နယ္စပ္ ကုန္သြယ္မႈတြင္ ဘတ္/က်ပ္ တိုက္႐ိုက္ အသုံးျပဳေပးေခ်ေရးဆိုင္ရာ လမ္းၫႊန္ ခ်က္  (Guideline) အား ရွင္းလင္းျခင္းအစီအစဥ္ (Public Awareness) ကို ၂၀၂၂ ခုႏွစ္၊ မတ္လ တတိယပတ္အတြင္း ေဆာင္႐ြက္ရန္တာဝန္ရွိသူမ်ားကစီစဥ္လွ်က္ရွိေနၾကသည္။

ယင္းအျပင္ ဘတ္/က်ပ္ ေဈးကြက္ေငြလဲလွယ္ႏႈန္းကို အသုံးျပဳေဆာင္႐ြက္ႏိုင္ေရး ႏွင့္ကုန္သြယ္မႈမွရရွိသည့္ ဘတ္ေငြအား ျမန္မာက်ပ္သို႔လဲလွယ္၍ ေငြသားျပန္လည္ထုတ္ယူရာ တြင္ အဆင္ေျပေခ်ာေမြ႕ေစေရးကိစၥရပ္မ်ားကိုပါ ကုန္သြယ္မႈႏွင့္ ကုန္စည္စီးဆင္းမႈမ်ား မွန္ကန္ျမန္ဆန္ေစေရးဗဟိုေကာ္မတီႏွင့္ ျမန္မာ ႏိုင္ငံေတာ္ဗဟိုဘဏ္တို႔မွဦးေဆာင္ၿပီး စီစဥ္ေနၿပီဟု ဗဟိုဘဏ္ကေျပာဆိုသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆိုင်းဘုတ်ပေါ်တက်ကသည့် တက္ကသိုလ်ကျောင်းသားကို အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့

ကရင်ပြည်နယ်၊ ဘာအံမြို့နယ်တွင် ယနေ့ စက်တင်ဘာ ၁၈ ရက်ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က ဆိုင်းဘုတ်ပေါ်တက်ကခဲ့သည့် တက္ကသိုလ်ကျောင်းသားကိုအသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။ ဘားအံမြို့နယ်၊ ဘားအံ-လှိုင်ဘွဲ့သွားကားလမ်းဘေး မဲဘောင်တံတားအနီးရှိ ဆိုင်းဘုတ်ပေါ်သို့ တက္ကသိုလ်ကျောင်းသား(၁)ဦးတက်၍ နားကြပ်တပ်ကာကနေသ ဖြင့် ဘားအံခရိုင်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက လှေ ကားတင်ယာဉ်ဖြင့်ကယ်တင်ရန်ပြုလုပ်စဉ် လှေကားတင်ယာဉ်မှ ဆိုင်းဘုတ်အနီးရောက်ရှိလာချိန်၌ တက္က သိုလ်ကျောင်းသားမှာအောက်သို့ခုန်---ချခဲ့ကြောင်း သိရသည်။ ထိုသို့ ခုန်ချစဥ် အောက်၌ကြိုတင်ပြင်ဆင်ထားသော လေမွေ့ယာပေါ်သို့ခုန်----ချမိသဖြင့် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီးနောက် လူမှုကူညီရေးအသင်းဝင်များက ဘားအံမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံသို့သွားရောက် နိုင်ငံတော် ဝန်ကြီးချုပ်ဦးညိုစောဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

တရုတ်ပြည်သူသမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပသည့် (၂၂)ကြိမ်‌မြောက် အာဆီယံကုန်စည်ပြပွဲ နှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှုထိပ်သီးဖိုရမ် တက်ရောက်ခဲ့သည့် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ယနေ့ စက်တင်ဘာ(၁၈)ရက်နေ့တွင် နေပြည်တော်သို့ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ကွမ်ရှီးဒေသ CPC ပါတီ ဒုတိယအတွင်းရေးမှူး Mr.Wang Weiping ၊ တရုတ်ပြည်သူသမ္မတနိုင်ငံ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ ၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက နန်နင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။ တရုတ်ပြည်သူသမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပသည့်...

ကုန်ဈေးနှုန်းများထိုက်သင့်သည့် ဈေးနှုန်းအတိုင်းဖြစ်စေရေးကြိုးပမ်းဆောင်ရွက်

 တရားမဝင်ကုန်စည်စီးဆင်းမှုများကိုတိုက်ဖျက်နေ ကုန်ဈေးနှုန်းများထိုက်သင့်သည့် ဈေးနှုန်းအတိုင်းဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ စက်တင်ဘာ ၁၈ ရက်နံ နက်ပိုင်းက ထားဝယ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အသား၊ ငါးနှင့် အခြေခံစားကုန်ပစ္စည်းများဈေးနှုန်းကြီးမြင့်ခြင်းသည် ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားခြင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအားမမျှခြင်းတို့ ကြောင့်အပြင် တရားမဝင်ကုန်သွယ်မှုများကြောင့်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုများဖြစ်ပေါ်ရခြင်းဖြစိသည်ဟု ပြောသည်။ ထို့ကြောင့် ကုန်ဈေးနှုန်းများထိုက်သင့်သည့်ဈေးနှုန်း အတိုင်းဖြစ်စေရေးကိုကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ တရားမဝင်ကုန်စည်စီးဆင်းမှုများမဖြစ်ပေါ်စေရေးကိုလည်း တိုက်ဖျက်ဆောင်ရွက်လျက်ရှိကာ တရားမဝင်ကုန်သွယ်မှုများကြောင့် ကုန်ဈေးနှုန်းကြီး မြင့်ခြင်းအပြင် နိုင်ငံတော်မှရသင့်ရထိုက်သည့်အခွန်ငွေများလည်း များစွာထိခိုက်နစ်နာရသည်ဟု ပြော သည်။ " ဒါ့ကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071