နှစ်နှစ်နီးပါးကြာပိတ်ထားသည့် ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားအမှတ်(၁)ပြန်လည်ဖွင့်လှစ်ရန် ထိုင်းနိုင်ငံတာဝန်ရှိသူများဆွေးနွေး

ထိုင်း-မြန်မာနယ်စပ်ချစ်ကြည်ရေးတံတားအမှတ် (၁)အား ကုန်စည်ပို့ဆောင်ရေးအတွက် ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် ထိုင်းကုန်သည်များ၏ တောင်းဆိုတင်ပြမှုကြောင်း ချင်းရိုင်းခရိုင် ဒု-ခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် ထိုင်းနိုင်ငံတာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၁ ရက်တွင် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု ထိုင်း-မြန်မာကုန်သွယ်မှုပြုလုပ်နေသည့် မြန်မာကုန်သည်များထံမှ သိရသည်။
အဆိုပါ ထိုင်း-မြန်မာနယ်စပ်ချစ်ကြည်ရေးတံ တားအမှတ်(၁)သည် တာချီလိတ်မြို့နှင့်မယ်ဆိုင်မြို့ကြား၌တည်ရှိပြီး ထိုင်းနိုင်ငံဘက်မှ ၂၀၂၀ ပြည့်နှစ်မှစတင်၍ ကိုဗစ်(၁၉)ရောဂါကြောင့် ပိတ်ခဲ့ခြင်းဖြစ်သည်။
“နှစ်နိုင်ငံကုန်သွယ်မှုမှာ ကုန်စည်စီးဆင်းမှုပိုမြန်ဖို့အတွက် ထိုင်းကုန်သည်တွေရဲ့တောင်းဆိုချက်ကြောင့် ဆွေးနွေးကြတာလို့သိရတယ် ထိုင်းတာဝန်ရှိသူတွေသူတို့ဘာသာဆွေးနွေးပြီးရင်တော့ မြန်မာနိုင်ငံဘက်ကတာဝန်ရှိသူတွေနဲ့ဆက်ဆွေးနွေးပြီးရင် ဖွင့်ဖို့များတယ် အမှတ်(၂)တံတားကတော့လက်ရှိဖွင့်ထားတယ်”ဟု မြန်မာကုန်သည်တစ်ဦးဖြစ်သည့် ကိုမင်းနိုင်ကပြောသည်။
အဆိုပါ ဆွေးနွေးမှုပြုလုပ်ရာတွင် ထိုင်းကျန်းမာ ရေးဌာနမှ တာဝန်ရှိသူများလည်းပါဝင်သဖြင့် နှစ်ဖက်နိုင်ငံအတွင်း ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုအ ခြေအနေများအား နှစ်ပတ်ခန့်စောင့်ကြည့်ပြီးမှသာ နှစ်နိုင်ငံဆွေးနွေးညှိနှိုင်း၍ ပြန်လည်ဖွင့်လှစ်ရန်ဆောင်ရွက်သင့်သည်ဟု ဆွေးနွေးခဲ့ကြောင်း မြန်မာကုန်သည်များထံမှ သိရသည်။
“ဘယ်လိုပဲပြောပြောလေ ဖွင့်ပြီဆိုရင်တော့ လတ် တလောအနေအထားအရ ကိုဗစ်စည်းကမ်းချက်တွေကတော့ရှိမှာပဲ အဓိက သတ်မှတ်စည်းကမ်းချက်တွေကိုလိုက်နာပြီးသွားလာမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ ပြန်ဖွင့်ဖြစ်မယ်ဆိုရင်တော့ကုန်စည်စီးဆင်းမှုအတွက်အရမ်းကောင်းပါတယ်”ဟုကိုမင်းနိုင်ကပြောသည်။
လက်ရှိအချိန်တွင် မြဝတီမြို့ရှိ ထိုင်း-မြန်မာနယ် စပ်အမှတ်(၂)ချစ်ကြည်ရေးတံတားအား ကုန်စည်ကူးသန်းရောင်းဝယ်မှုများပြုလုပ်ရန်အတွက် ကိုဗစ်(၁၉)ရောဂါစည်းကမ်းသတ်မှတ်ချက်များနှင့်အတူဖွင့်လှစ်ပေးထားလျက်ရှိသည်။
Zaw gyi
ႏွစ္ႏွစ္နီးပါးၾကာပိတ္ထားသည့္ ထိုင္း-ျမန္မာနယ္စပ္ ခ်စ္ၾကည္ေရးတံတားအမွတ္(၁)ျပန္လည္ဖြင့္လွစ္ရန္ ထိုင္းႏိုင္ငံတာဝန္ရွိသူမ်ားေဆြးေႏြး
ထိုင္း-ျမန္မာနယ္စပ္ခ်စ္ၾကည္ေရးတံတားအမွတ္ (၁)အား ကုန္စည္ပို႔ေဆာင္ေရးအတြက္ ျပန္လည္ဖြင့္လွစ္ခြင့္ျပဳရန္ ထိုင္းကုန္သည္မ်ား၏ ေတာင္းဆိုတင္ျပမႈေၾကာင္း ခ်င္း႐ိုင္းခ႐ိုင္ ဒု-ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးအပါအဝင္ ထိုင္းႏိုင္ငံတာဝန္ရွိသူမ်ားက ေဖေဖာ္ဝါရီ ၁၁ ရက္တြင္ ေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့သည္ဟု ထိုင္း-ျမန္မာကုန္သြယ္မႈျပဳလုပ္ေနသည့္ ျမန္မာကုန္သည္မ်ားထံမွ သိရသည္။
အဆိုပါ ထိုင္း-ျမန္မာနယ္စပ္ခ်စ္ၾကည္ေရးတံ တားအမွတ္(၁)သည္ တာခ်ီလိတ္ၿမိဳ႕ႏွင့္မယ္ဆိုင္ၿမိဳ႕ၾကား၌တည္ရွိၿပီး ထိုင္းႏိုင္ငံဘက္မွ ၂၀၂၀ ျပည့္ႏွစ္မွစတင္၍ ကိုဗစ္(၁၉)ေရာဂါေၾကာင့္ ပိတ္ခဲ့ျခင္းျဖစ္သည္။
“ႏွစ္ႏိုင္ငံကုန္သြယ္မႈမွာ ကုန္စည္စီးဆင္းမႈပိုျမန္ဖို႔အတြက္ ထိုင္းကုန္သည္ေတြရဲ႕ေတာင္းဆိုခ်က္ေၾကာင့္ ေဆြးေႏြးၾကတာလို႔သိရတယ္ ထိုင္းတာဝန္ရွိသူေတြသူတို႔ဘာသာေဆြးေႏြးၿပီးရင္ေတာ့ ျမန္မာႏိုင္ငံဘက္ကတာဝန္ရွိသူေတြနဲ႔ဆက္ေဆြးေႏြးၿပီးရင္ ဖြင့္ဖို႔မ်ားတယ္ အမွတ္(၂)တံတားကေတာ့လက္ရွိဖြင့္ထားတယ္”ဟု ျမန္မာကုန္သည္တစ္ဦးျဖစ္သည့္ ကိုမင္းႏိုင္ကေျပာသည္။
အဆိုပါ ေဆြးေႏြးမႈျပဳလုပ္ရာတြင္ ထိုင္းက်န္းမာ ေရးဌာနမွ တာဝန္ရွိသူမ်ားလည္းပါဝင္သျဖင့္ ႏွစ္ဖက္ႏိုင္ငံအတြင္း ကိုဗစ္(၁၉)ေရာဂါျဖစ္ပြားမႈအ ေျခအေနမ်ားအား ႏွစ္ပတ္ခန္႔ေစာင့္ၾကည့္ၿပီးမွသာ ႏွစ္ႏိုင္ငံေဆြးေႏြးညႇိႏႈိင္း၍ ျပန္လည္ဖြင့္လွစ္ရန္ေဆာင္႐ြက္သင့္သည္ဟု ေဆြးေႏြးခဲ့ေၾကာင္း ျမန္မာကုန္သည္မ်ားထံမွ သိရသည္။
“ဘယ္လိုပဲေျပာေျပာေလ ဖြင့္ၿပီဆိုရင္ေတာ့ လတ္ တေလာအေနအထားအရ ကိုဗစ္စည္းကမ္းခ်က္ေတြကေတာ့ရွိမွာပဲ အဓိက သတ္မွတ္စည္းကမ္းခ်က္ေတြကိုလိုက္နာၿပီးသြားလာမယ္ဆိုရင္ေတာ့ အေကာင္းဆုံးေပါ့ ျပန္ဖြင့္ျဖစ္မယ္ဆိုရင္ေတာ့ကုန္စည္စီးဆင္းမႈအတြက္အရမ္းေကာင္းပါတယ္”ဟုကိုမင္းႏိုင္ကေျပာသည္။
လက္ရွိအခ်ိန္တြင္ ျမဝတီၿမိဳ႕ရွိ ထိုင္း-ျမန္မာနယ္ စပ္အမွတ္(၂)ခ်စ္ၾကည္ေရးတံတားအား ကုန္စည္ကူးသန္းေရာင္းဝယ္မႈမ်ားျပဳလုပ္ရန္အတြက္ ကိုဗစ္(၁၉)ေရာဂါစည္းကမ္းသတ္မွတ္ခ်က္မ်ားႏွင့္အတူဖြင့္လွစ္ေပးထားလ်က္ရွိသည္။
