(Unicode)
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့်ထိုင်းနိုင်ငံသတင်းမီဒီယာကောင်စီတို့ video conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေး
ရန်ကုန် ဇန်နဝါရီ ၂၀
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့်ထိုင်းနိုင်ငံသတင်းမီဒီယာကောင်စီတို့ ယနေ့မနက်ပိုင်း မြန်မာစံတော်ချိန် ဆယ်နာရီသုံးဆယ်မိနစ်မှစတင်ကာ video conferencing စနစ်ဖြင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
ဆွေးနွေးရာတွင် သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများပိုမိုအရှိန်မြှင့်ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် သတင်းမီဒီယာသမားများကိုအကာအကွယ်ပေးရေးနှင့် နှစ်နိုင်ငံ သတင်းမီဒီယာ သမားများအချင်းချင်း သတင်းဖလှယ်မှုများ ပိုမိုအားကောင်းလာစေရေးတို့ကို ဦးတည်ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး)ကထိုင်းနိုင်ငံအပါအဝင်ဒေသတွင်း နိုင်ငံများရှိ မီဒီယာကောင်စီများနှင့်အတူ ပူးပေါင်း၍ သတင်းလွတ်လပ်ခွင့်ပိုမိုအားကောင်းလာစေရေးကို ဦးစားပေးဆောင်ရွက်သွားမည့်အကြောင်းများကို ထည့်သွင်းဆွေးနွေးခဲ့သည်။
ထိုင်းနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဌ Mr.Chavarong Limpattamapanee က အရှေ့တောင်အာရှ သတင်းမီဒီယာကောင်စီ အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ရမည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဌ ကြီးအား လေးစားဂုဏ်ယူပါကြောင်းနှင့် မြန်မာနိုင်ငံနှင့် သတင်းမီဒီယာကဏ္ဍ များတွင်ပိုမို ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံသတင်းမီဒီယာကောင်စီ (National Press Council of Thailand)မှ ဥက္ကဌဖြစ်သူMr.Chavarong Limpattamapanee နှင့် အတူကောင်စီဝင် (၉)ဦး တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (Myanmar Press Council)မှ ဥက္ကဌ ဦးအုန်းမောင် နှင့်အတူ အတွင်းရေးမှူး ဦးအောင်ပြည့်စုံ၊ကောင်စီဝင်များဖြစ်ကြသော ဒေါက်တာဇော်သန်း၊ဦးအေးချမ်းနှင့် ဒေါ်မြင့်မြင့်သိန်း တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
(Zawgyi)
ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီႏွင့္ထိုင္းႏိုင္ငံသတင္းမီဒီယာေကာင္စီတို႔ video conferencing စနစ္ျဖင့္ ေတြ႕ဆုံေဆြးေႏြး
ရန္ကုန္ ဇန္နဝါရီ ၂၀
ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီႏွင့္ထိုင္းႏိုင္ငံသတင္းမီဒီယာေကာင္စီတို႔ ယေန႔မနက္ပိုင္း ျမန္မာစံေတာ္ခ်ိန္ ဆယ္နာရီသုံးဆယ္မိနစ္မွစတင္ကာ video conferencing စနစ္ျဖင့္ ႏွစ္ႏိုင္ငံေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့သည္။
ေဆြးေႏြးရာတြင္ သတင္းမီဒီယာက႑ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားပိုမိုအရွိန္ျမႇင့္ပူးေပါင္းေဆာင္႐ြက္ေရး အပါအဝင္ သတင္းမီဒီယာသမားမ်ားကိုအကာအကြယ္ေပးေရးႏွင့္ ႏွစ္ႏိုင္ငံ သတင္းမီဒီယာ သမားမ်ားအခ်င္းခ်င္း သတင္းဖလွယ္မႈမ်ား ပိုမိုအားေကာင္းလာေစေရးတို႔ကို ဦးတည္ေဆြးေႏြးခဲ့ၾကသည္။
ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ ဥကၠဌ ဦးအုန္းေမာင္ (ျမင္းမူ ေမာင္ႏိုင္မိုး)ကထိုင္းႏိုင္ငံအပါအဝင္ေဒသတြင္း ႏိုင္ငံမ်ားရွိ မီဒီယာေကာင္စီမ်ားႏွင့္အတူ ပူးေပါင္း၍ သတင္းလြတ္လပ္ခြင့္ပိုမိုအားေကာင္းလာေစေရးကို ဦးစားေပးေဆာင္႐ြက္သြားမည့္အေၾကာင္းမ်ားကို ထည့္သြင္းေဆြးေႏြးခဲ့သည္။
ထိုင္းႏိုင္ငံ သတင္းမီဒီယာေကာင္စီ ဥကၠဌ Mr.Chavarong Limpattamapanee က အေရွ႕ေတာင္အာရွ သတင္းမီဒီယာေကာင္စီ အလွည့္က် ဥကၠဌအျဖစ္ တာဝန္ယူေဆာင္႐ြက္ရမည့္ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ ဥကၠဌ ႀကီးအား ေလးစားဂုဏ္ယူပါေၾကာင္းႏွင့္ ျမန္မာႏိုင္ငံႏွင့္ သတင္းမီဒီယာက႑ မ်ားတြင္ပိုမို ပူးေပါင္းေဆာင္႐ြက္သြားလိုပါေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သည္။
ေတြ႕ဆုံေဆြးေႏြးပြဲသို႔ ထိုင္းႏိုင္ငံသတင္းမီဒီယာေကာင္စီ (National Press Council of Thailand)မွ ဥကၠဌျဖစ္သူMr.Chavarong Limpattamapanee ႏွင့္ အတူေကာင္စီဝင္ (၉)ဦး တက္ေရာက္ခဲ့ၾကၿပီး ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီ (Myanmar Press Council)မွ ဥကၠဌ ဦးအုန္းေမာင္ ႏွင့္အတူ အတြင္းေရးမႉး ဦးေအာင္ျပည့္စုံ၊ေကာင္စီဝင္မ်ားျဖစ္ၾကေသာ ေဒါက္တာေဇာ္သန္း၊ဦးေအးခ်မ္းႏွင့္ ေဒၚျမင့္ျမင့္သိန္း တို႔ ပါဝင္တက္ေရာက္ခဲ့ၾကသည္။

