Thursday, August 6, 2026

YCDC ပြင်ပဓာတ်အားလိုင်း အဆင့်မြှင့်တင်မှုကြောင့် ရန်ကုန်မြို့နယ်...

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) သည် ရေကူးရေတွန်းစက်ရုံသို့ လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာ ပေးဝေနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ပိုင် မြောက်ကမ္ဘာအေးဓာတ်အားခွဲရုံ၌ 33 kV...

ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားနိုင်

နေပြည်တော်၊ ဩဂုတ်-၆ ပြည်တွင်းဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် လိုအပ်သည့် စက်ပစ္စည်းများ ဖြည့်ဆည်းတပ်ဆင်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေအဆိုပြုလွှာများကို ပေးပို့လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဒုတိယဝန်ကြီးချုပ် ဦးဆောင်၍...

ဗန်ကောက်၊ ဩဂုတ် ၆ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official...

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်...

နေပြည်တော်၊ ဩဂုတ် ၆ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူလျက်ရှိကြောင်း အသိပေး...
HomeNewsLocal Newsနစက မှအောင်ဘာလထီရောင်းလိုသူများအားဖိတ်ခေါ်

နစက မှအောင်ဘာလထီရောင်းလိုသူများအားဖိတ်ခေါ်

(Unicode)

နစက မှအောင်ဘာလထီရောင်းလိုသူများအားဖိတ်ခေါ်

နစက ၏စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊အောင်ဘာလေသိန်းဆုဌာနခွဲမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဧပြီလတွင်စတင်ရောင်းချမည့် အောင်ဘာလေထီစာအုပ်ရောင်းချလိုသူများအား ဖိတ်ခေါ်ကာလိုက်နာရမည့်စည်းကမ်းချက်များအား ဇန်နဝါရီ ၁၉ ရက်(ယနေ့)တွင်ထုတ်ပြန်ကြေညာခဲ့သည်။

အောင်ဘာလေထီစာအုပ်ဝယ်ယူရောင်းချလိုသည့် ရန်ကုန်တိုင်းအတွင်းနေထိုင်သူများသည် အောင်ဘာလေသိန်းဆုဌာနခွဲ( ရန်ကုန် )၊မန္တလေး တိုင်းစည်ပင်နယ်နိမိတ်အတွင်းနေထိုင်သူများသည် အောင်ဘာလေသိန်းဆုဌာနခွဲ(မန္တလေးရုံးခွဲ)၊နေပြည်တော်အပါအဝင် မန္တလေးတိုင်းစည် ပင်နယ်နိမိတ်ပြင်ပနှင့်ကျန်တိုင်းနှင့်ပြည်နယ်နေသူများသည် နေထိုင်ရာမြို့နယ်ရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတို့၌ လျှောက်ထားနိုင်သည်။

လျှောက်ထားသူများသည် ထီလုပ်ငန်းအမှန်တကယ်လုပ်ကိုင်၍ ထီဆိုင်ဖွင့်လှစ်ရောင်းချသူများဖြစ်ရန်လိုအပ်ကာ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း/မိတ္တူ၊ အိမ်ထောင်စုလူဦးရေစာရင်း မူရင်း/မိတ္တူ၊ ထီစာအုပ်ဝယ်ယူရရှိပါက သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမည်ဖြစ်ကြောင်း ကတိခံဝန်ချက်များအား လျှောက်လွှာနှင့်အတူ ကိုယ်တိုင်တင်ပြရမည်ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လစဉ် ကျပ် ၁၀၀၀ တန်ထီ (၅၀၀)အုပ်နှင့်အထက်ရရှိသူများဖြစ်သည့် ထီလုပ်ငန်းရှင်ဟောင်းများသည်လည်း မိမိနေထိုင်ရာ(သို့)လုပ်ငန်းတည်ရှိရာ မြို့နယ်အခွန် ဦးစီးဌာနမှူးရုံးမှ ထီဆိုင်လုပ်ငန်းအတွက် အခွန်ဆောင်ပြီးကြောင်း ထောက်ခံစာမူရင်း/မိတ္တူ (သို့)ထီဆိုင်အတွက် အခွန်ကိစ္စလုံလောက်သော အစီအစဉ်များ ပြုလုပ်ပြီးကြောင်း ထောက်ခံစာ မူရင်း/မိတ္တူတို့အား ပူးတွဲတင်ပြရမည်ဖြစ်သည်။

ဇန်နဝါရီ ၂၀ ရက်မှ ၃၁ ရက်အတွင်း လျှောက်လွှာများအား သက်ဆိုင်ရာရုံးများသို့ လျှောက်လွှာ တင်ရမည်ဖြစ်ကာ လျှောက်လွှာနှင့်အတူ လစဉ်ဝယ်ယူခွင့်ရရှိထားသော ထီစာအုပ်အရေအတွက်အရ ထီလက်မှတ်(၁၁)စောင်ပါ ထီစာအုပ်တစ်အုပ်လျှင် အာမခံငွေကျပ် ၂၀၀ နှုန်းဖြင့် ၃ လစာ ကျပ် ၆၀၀ အားကြိုတင်ပေးသွင်းရမည်ဖြစ်သည်။

ထို့ပြင် ထီစာအုပ်ဝယ်ယူရောင်းချလိုသူများသည် တစ်လလျှင် မိမိရောင်းရမည့် ထီစာအုပ်အရေအ တွက်အရ ဘဏ္ဍာနှစ်တစ်နှစ်လုံးအတွက် တာဝန်ယူရောင်းချမည့် ထီစာအုပ်အရေအတွက်အား ဖော်ပြပြီးမပျက်မကွက် ဝယ်ယူမည်ဖြစ်ကြောင်း သဘောတူကတိစာချုပ်ချုပ်ဆိုရမည်ဖြစ်သည်။

ကတိစာချုပ်ချုပ်ဆိုပြီး စာချုပ်ပါသဘောတူညီချက် တစ်ရပ်ရပ်အား လိုက်နာရန်ပျက်ကွက်ပါက ထီစာအုပ်ဝယ်ယူခွင့်ရပ်စဲခြင်း၊ အာမခံငွေများကို နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းယူခြင်းတို့ကိုလုပ်ဆောင်သွားမည်ဖြစ်သည်။

ဝယ်ယူခွင့်ရရှိသည့် ထီစာအုပ်အရေအတွက်အား အတည်ပြုချက်ရပြီးပါက ဖေဖော်ဝါရီ ၂၈ ရက်နေ့နောက်ဆုံးထားကာ အာမခံငွေပေးသွင်းခြင်း၊သဘောတူကတိစာချုပ်ချုပ်ဆိုခြင်းများကိုအပြီးဆောင်ရွက်ရမည်ဖြစ်သည်။

သတ်မှတ်ချိန်အတွင်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပျက်ကွက်ပါက ထီစာအုပ်ဝယ်ယူခွင့်ရရှိသူစာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

(Zawgyi)

နစက မွေအာင္ဘာလထီေရာင္းလိုသူမ်ားအားဖိတ္ေခၚ

နစက ၏စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ေအာင္ဘာေလသိန္းဆုဌာနခြဲမွ ၂၀၂၂-၂၀၂၃ ဘ႑ာႏွစ္အတြက္ ဧၿပီလတြင္စတင္ေရာင္းခ်မည့္ ေအာင္ဘာေလထီစာအုပ္ေရာင္းခ်လိုသူမ်ားအား ဖိတ္ေခၚကာလိုက္နာရမည့္စည္းကမ္းခ်က္မ်ားအား ဇန္နဝါရီ ၁၉ ရက္(ယေန႔)တြင္ထုတ္ျပန္ေၾကညာခဲ့သည္။

ေအာင္ဘာေလထီစာအုပ္ဝယ္ယူေရာင္းခ်လိုသည့္ ရန္ကုန္တိုင္းအတြင္းေနထိုင္သူမ်ားသည္ ေအာင္ဘာေလသိန္းဆုဌာနခြဲ( ရန္ကုန္ )၊မႏၲေလး တိုင္းစည္ပင္နယ္နိမိတ္အတြင္းေနထိုင္သူမ်ားသည္ ေအာင္ဘာေလသိန္းဆုဌာနခြဲ(မႏၲေလး႐ုံးခြဲ)၊ေနျပည္ေတာ္အပါအဝင္ မႏၲေလးတိုင္းစည္ ပင္နယ္နိမိတ္ျပင္ပႏွင့္က်န္တိုင္းႏွင့္ျပည္နယ္ေနသူမ်ားသည္ ေနထိုင္ရာၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္အခြန္ဦးစီးဌာနမႉး႐ုံးတို႔၌ ေလွ်ာက္ထားႏိုင္သည္။

ေလွ်ာက္ထားသူမ်ားသည္ ထီလုပ္ငန္းအမွန္တကယ္လုပ္ကိုင္၍ ထီဆိုင္ဖြင့္လွစ္ေရာင္းခ်သူမ်ားျဖစ္ရန္လိုအပ္ကာ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမူရင္း/မိတၱဴ၊ အိမ္ေထာင္စုလူဦးေရစာရင္း မူရင္း/မိတၱဴ၊ ထီစာအုပ္ဝယ္ယူရရွိပါက သတ္မွတ္ေဈးႏႈန္းအတိုင္း ေရာင္းခ်မည္ျဖစ္ေၾကာင္း ကတိခံဝန္ခ်က္မ်ားအား ေလွ်ာက္လႊာႏွင့္အတူ ကိုယ္တိုင္တင္ျပရမည္ျဖစ္သည္။

၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္တြင္ လစဥ္ က်ပ္ ၁၀၀၀ တန္ထီ (၅၀၀)အုပ္ႏွင့္အထက္ရရွိသူမ်ားျဖစ္သည့္ ထီလုပ္ငန္းရွင္ေဟာင္းမ်ားသည္လည္း မိမိေနထိုင္ရာ(သို႔)လုပ္ငန္းတည္ရွိရာ ၿမိဳ႕နယ္အခြန္ ဦးစီးဌာနမႉး႐ုံးမွ ထီဆိုင္လုပ္ငန္းအတြက္ အခြန္ေဆာင္ၿပီးေၾကာင္း ေထာက္ခံစာမူရင္း/မိတၱဴ (သို႔)ထီဆိုင္အတြက္ အခြန္ကိစၥလုံေလာက္ေသာ အစီအစဥ္မ်ား ျပဳလုပ္ၿပီးေၾကာင္း ေထာက္ခံစာ မူရင္း/မိတၱဴတို႔အား ပူးတြဲတင္ျပရမည္ျဖစ္သည္။

ဇန္နဝါရီ ၂၀ ရက္မွ ၃၁ ရက္အတြင္း ေလွ်ာက္လႊာမ်ားအား သက္ဆိုင္ရာ႐ုံးမ်ားသို႔ ေလွ်ာက္လႊာ တင္ရမည္ျဖစ္ကာ ေလွ်ာက္လႊာႏွင့္အတူ လစဥ္ဝယ္ယူခြင့္ရရွိထားေသာ ထီစာအုပ္အေရအတြက္အရ ထီလက္မွတ္(၁၁)ေစာင္ပါ ထီစာအုပ္တစ္အုပ္လွ်င္ အာမခံေငြက်ပ္ ၂၀၀ ႏႈန္းျဖင့္ ၃ လစာ က်ပ္ ၆၀၀ အားႀကိဳတင္ေပးသြင္းရမည္ျဖစ္သည္။

ထို႔ျပင္ ထီစာအုပ္ဝယ္ယူေရာင္းခ်လိုသူမ်ားသည္ တစ္လလွ်င္ မိမိေရာင္းရမည့္ ထီစာအုပ္အေရအ တြက္အရ ဘ႑ာႏွစ္တစ္ႏွစ္လုံးအတြက္ တာဝန္ယူေရာင္းခ်မည့္ ထီစာအုပ္အေရအတြက္အား ေဖာ္ျပၿပီးမပ်က္မကြက္ ဝယ္ယူမည္ျဖစ္ေၾကာင္း သေဘာတူကတိစာခ်ဳပ္ခ်ဳပ္ဆိုရမည္ျဖစ္သည္။

ကတိစာခ်ဳပ္ခ်ဳပ္ဆိုၿပီး စာခ်ဳပ္ပါသေဘာတူညီခ်က္ တစ္ရပ္ရပ္အား လိုက္နာရန္ပ်က္ကြက္ပါက ထီစာအုပ္ဝယ္ယူခြင့္ရပ္စဲျခင္း၊ အာမခံေငြမ်ားကို ႏိုင္ငံေတာ္ဘ႑ာအျဖစ္သိမ္းယူျခင္းတို႔ကိုလုပ္ေဆာင္သြားမည္ျဖစ္သည္။

ဝယ္ယူခြင့္ရရွိသည့္ ထီစာအုပ္အေရအတြက္အား အတည္ျပဳခ်က္ရၿပီးပါက ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔ေနာက္ဆုံးထားကာ အာမခံေငြေပးသြင္းျခင္း၊သေဘာတူကတိစာခ်ဳပ္ခ်ဳပ္ဆိုျခင္းမ်ားကိုအၿပီးေဆာင္႐ြက္ရမည္ျဖစ္သည္။

သတ္မွတ္ခ်ိန္အတြင္း လိုက္နာေဆာင္႐ြက္ျခင္းမရွိဘဲ ပ်က္ကြက္ပါက ထီစာအုပ္ဝယ္ယူခြင့္ရရွိသူစာရင္းမွ ပယ္ဖ်က္သြားမည္ျဖစ္သည္ဟု ထုတ္ျပန္ေၾကညာခဲ့သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071