Monday, June 30, 2025

ကမ္ဘာ့အနက်ဆုံးရေကန် “ဘိုင်ကယ်” ကို နစက...

ရုရှားနိုင်ငံ၊ ဘူရားတီးယား ပြည်နယ်ရှိ ကမ္ဘာပေါ်တွင်အ နက်ဆုံးရေကန်ဖြစ်သော ဘိုင်ကယ် ရေကန်ကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှ...

ဆီးဂိမ်းအတွက် စခန်းဝင်နေသည့် အားကစားသမားများ၏ အာဟာရပိုင်းကိုဂရုစိုက်​နေ

(၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ခေါ် ၂၀၂၅ ဆီးဂိမ်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဇလပုရီ (ချွန်ဘူရီ)ခရိုင်နှင့် ဆောင်ခလာခရိုင်တို့တွင် ၂၀၂၅ခုနှစ်...

တုပ်ကွေးရာသီကာလ ပြည်တွင်းဘောလုံးကလပ် အချို့ တုပ်ကွေးကာကွယ်ဆေး...

မိုးရာသီတွင် တုပ်ကွေးဖြစ်ခြင်းကာကွယ်ဖို့ အားကစားသမားများကိုလည်း ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းကြသည်။ တုပ်ကွေးသည် အလွန်ကူးစက်တတ်သော ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သည်။ နှစ်စဉ်တုပ်ကွေးကာကွယ်ဆေးထိုးခြင်းသည် တုပ်ကွေးရောဂါကို ကာကွယ်ရန်နှင့် ဆက်စပ်သော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေကို...

ဘူရားတီးယား မှ မြန်မာသို့ဆေးဝါးနည်းပညာနှင့်ပတ်သက်သည့်ပစ္စည်းများတင်သွင်း​ရေးလုပ်​ဆောင်​နေ

ဘူရားတီးယား ပြည်နယ်၏ Rapid Bio ကုမ္မဏီအနေဖြင့် မြန်မာနိုင်ငံတွင် ဆေးဝါးနည်းပညာနှင့်ပတ်သက်သည့်ပစ္စည်းများတင်သွင်းရန် မှတ်ပုံတင် နေသည်ဟု ဘူရားတီးယားပြည်နယ်၏အကြီးအကဲက ပြောသည်။ နစက ဥက္ကဋ္ဌအနေဖြင့် ဘူရားတီးယားပြည်နယ်သို့...
HomeArticlesစက်စဲကိုရောက်တော့မင်းအိပ်ပျော်တုန်း

စက်စဲကိုရောက်တော့မင်းအိပ်ပျော်တုန်း

စက်ကိုရောက်တော့ မင်းအိပ်ပျော်နေတုန်း။ ငါမင်းဘေးမှာ။

မင်းက င့ါပခုံးပေါ်မှာ ခေါင်းငုံ့လို့ အိပ်ပျော်နေတာ။ မင်းဦး ခေါင်းက တစောင်းအနေအထားနဲ့ ငါ့ဦးခေါင်းကိုထိပြီး အိပ် ပျော်နေတာ။ ငါမင်းနဲ့ ဒီလို ခရီးဝေးဝေးတစ်ခါမှ မသွားဖူးဘူး။ ဒရိုင်ဘာက ကားကိုမှန်မှန်မောင်းလာတယ်။ မင်းဦးခေါင်းက ငါ့ဦးခေါင်းကိုထိထားတော့ မင်းခေါင်းထဲမှာ ဘာတွေရှိနေတယ် ဆိုတာ ငါသိရတာပေါ့။ ငါ့ဦးခေါင်း ထဲမှာ ဘာတွေရှိနေတယ်ဆိုတာ လည်း မင်းသိမှာပေါ့။ စက်စဲကိုရောက်တော့ မင်းအိပ်ပျော် နေတုန်း။ လူတစ်ယောက်အိပ်ပျော်နေချိန်ဟာ အပြစ်အကင်း စင်ဆုံးအချိန်တဲ့။ ဒီကမ္ဘာမှာ ငါဟာမင်းရဲ့ချစ်မေတ္တာကိုရခဲ့သူ ပါ။ ဒရိုင်ဘာဟာ ကားကို အရှိန်မှန်မှန်နဲ့မောင်းတယ်။ သူဟာ ဘယ်မှာမှ မရပ်ဘဲ တစ်သမတ် တည်း မောင်းနေသလိုပဲ။ ထရပ် ကားကြီးတစ်စီးက အရှိန်နဲ့ကျော် တက်သွားတယ်။ ဝေါခနဲ။ ငှက်ကလေးတစ်ကောင် ဖြတ်ပျံသွားတယ်။ ဒရိုင်ဘာက အရှိန် မှန်မှန်နဲ့ မောင်းနှင်လျက်ပဲ။ ငါပြောပြမယ်။ စက်စဲရောက်တဲ့ အထိမင်းက အိပ်ပျော်နေလျက်ပဲကွယ်။ လူတစ်ယောက်က လူ တစ်ယောက်အတွက်ဖြစ်ပေါ်လာရ တာဆိုတာ မင်းဘယ်အချိန်က သိထားတာလဲ။ ပြောပြစမ်းပါ။ လူတစ်ယောက်ဟာ လူတစ် ယောက်အတွက် ဖြစ်ပေါ်လာရတာဆိုတာကို။ ငါတို့စီးလာတဲ့ ကားဟာ စက်စဲမှာ ညအိပ်တယ်။

ဒရိုင်ဘာကပြောတယ်။ ကျွန်တော်တို့ကား ဘိတ်(မြိတ်)ကို နောက်ဆုံးမှဝင်လိမ့်မယ်တဲ့။ ပြာလွင်တဲ့ မိုးကောင်းကင်ကြီး အောက်ဘက်မှာ ကားတစ်စီးဟာ အရှိန်မှန်မှန်နဲ့ ပြေးနေတာ။ သစ်ပင်တွေ၊ အဆောက်အအုံတွေ၊ ဓာတ်တိုင်တွေနဲ့ ကမ္ဘာ့ခေါင် မိုးထက်ကနေ နေလုံးကြီးဟာ တရိပ်ရိပ်ဖြတ်သန်းပေါ့။ အနက် ရောင်ကားတစ်စီးကတော့ အရှိန်မှန်မှန်နဲ့ပြေးနေဆဲပဲကွယ့်။ မင်း ကအိပ်ရေးဝသွားပြီ။ ငါလည်းမှေးစက်နိုင်ခဲ့ပြီ။ ဒရိုင်ဘာက တာဝန်ကျေပွန်စွာ ကားကိုမောင်းနှင်နေဆဲပဲပေါ့။ မင်းဦးခါင်းက ဆံပင်ဖြူဖြူတွေဟာ လေထဲမှာတလှုပ်လှုပ်နဲ့။ ငါက သူခိုးဦးထုပ် ပြားကလေးကိုဆောင်းလို့ မင်းဘေးမှာ။ ငါတို့ပါလာတဲ့ ဘီစကွတ် နဲ့ အချိုရည်ဘူးတွေဟာ မှိုတွေတက်လို့၊ အရောင်တွေ ပြောင်းလို့။ ငါ့အဝတ်တွေဟာ ဆွေးမြည့်လို့။ ဒါပေမဲ့ဒရိုင်ဘာဟာ ကားကို မောင်းနှင်ဆဲပဲကွယ့်။ ဘီစကွတ်ထုပ်ထဲက ပိုးကောင်ကလေးတစ်ကောင် ဟာ တရွရွနဲ့ ငါ့အင်္ကျီပေါ်တက်လာ။

‘ဟော …ဟော’ဆိုပြီး မင်းကပြ တော့ ငါတို့ရယ်ကြတာ။ ငါတို့မှာ သွားတွေမရှိတော့ပေမယ့် တွန့်နေတဲ့ မျက်နှာတွေနဲ့ရယ်နိုင်ကြတယ်။ ဒရိုင်ဘာကတော့ ကားကိုမှန်မှန်ပဲ မောင်းနှင်လို့။ အနက်ရောင်ကြယ်တွေက တဖြည်းဖြည်းရွေ့လို့။ ကား နောက်က အချက်ပြ မီးနီကလေးကို ငါတို့ကားဟာ ဘိတ်(မြိတ်)ကို နောက် ဆုံးမှဝင်တယ်။

နေမျိုး

Ads Space Available


Continue reading

ကမ္ဘာ့အနက်ဆုံးရေကန် “ဘိုင်ကယ်” ကို နစက ဥက္ကဋ္ဌနှင့် ဇနီးတို့ကြည့်ရှုလေ့လာ

ရုရှားနိုင်ငံ၊ ဘူရားတီးယား ပြည်နယ်ရှိ ကမ္ဘာပေါ်တွင်အ နက်ဆုံးရေကန်ဖြစ်သော ဘိုင်ကယ် ရေကန်ကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှ ယနေ့ ဇွန် ၂၉ ရက်နံနက်ပိုင်းက ကြည့်ရှုလေ့လာခဲ့ကြသည်။ အဆိုပါ ခရီးစဥ်အတွင်း ဘူရားတီးယား ပြည်နယ်အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov နှင့်တာဝန်ရှိသူများလည်းလိုက်ပါခဲ့ကာရှင်းလင်းပြသခဲ့သည်။ အဆိုပါ ရေကန်သည် ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသ(တောင်ပိုင်း) Irkutsk Oblast နှင့် ဘူရားတီးရားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တို့ကြားတွင်တည်ရှိပြီး ကမ္ဘာပေါ်တွင် အနက်ဆုံးရေကန်တစ်ခုဖြစ်ကာ အနက်(၁,၆၄၂)မီတာ(၅,၃၈၇ ပေ)ရှိပြီး လွန်ခဲ့သော နှစ်ပေါင်းသန်း(၃၀)ခန့်ကပင်တည်ရှိခဲ့သည့်...

ဆီးဂိမ်းအတွက် စခန်းဝင်နေသည့် အားကစားသမားများ၏ အာဟာရပိုင်းကိုဂရုစိုက်​နေ

(၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ခေါ် ၂၀၂၅ ဆီးဂိမ်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဇလပုရီ (ချွန်ဘူရီ)ခရိုင်နှင့် ဆောင်ခလာခရိုင်တို့တွင် ၂၀၂၅ခုနှစ် ဒီဇင်ဘာ (၅)ရက်နေ့မှ (၂၀) ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် ဆီးဂိမ်း ပြိုင်ပွဲတွင် ဗီယက်နမ်က ရွှေတံဆိပ် ၁၃၆ ခု၊ ထိုင်းက ရွှေ ၁၀၈ ခုနှင့် အင်ဒိုနီးရှားက ရွှေ ၈၇ ခုဖြင့် ဦး​ဆောင် ရပ်တည်ခဲ့သည်။ နိုင်ငံ ၁၁...

တုပ်ကွေးရာသီကာလ ပြည်တွင်းဘောလုံးကလပ် အချို့ တုပ်ကွေးကာကွယ်ဆေး ထိုးနှံပေး

မိုးရာသီတွင် တုပ်ကွေးဖြစ်ခြင်းကာကွယ်ဖို့ အားကစားသမားများကိုလည်း ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းကြသည်။ တုပ်ကွေးသည် အလွန်ကူးစက်တတ်သော ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သည်။ နှစ်စဉ်တုပ်ကွေးကာကွယ်ဆေးထိုးခြင်းသည် တုပ်ကွေးရောဂါကို ကာကွယ်ရန်နှင့် ဆက်စပ်သော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချရန် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။ တုပ်ကွေးရာသီကာလ ပြည်တွင်းဘောလုံးကလပ်အချို့ တုပ်ကွေးကာ ကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ယမန်နေ့ က ချန်ပီယံရှမ်းယူနိုက်တက်အသင်းရှိ ကစားသမားများနှင့် နည်းပြများကို တုပ်ကွေး ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။ ရှမ်းယူနိုက်တက်အသင်းသည် လာမည့် နိုင်ငံတကာပွဲစဉ်များနှင့် ပြည်တွင်းပွဲစဉ်များ အတွင်း အဖျားအနာမရှိစေရန် ထိုးနှံပေးခြင်းဖြစ်သည်ဟု အသင်းက မျှဝေထားသည်။ ရှမ်းယူနိုက်တက်အသင်းသည် ဇူလိုင် ၆ ရက်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071