Friday, May 23, 2025

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeArticlesတစ်ခါတစ်ခါမှာ လွမ်းသလိုလို

တစ်ခါတစ်ခါမှာ လွမ်းသလိုလို

စ …အစ” ဟူသော အတိုကောက်စာလုံးလေးလုံး၏အ နက်အဓိပ္ပာယ်ကို စာပေလောကသား အချို့မမေ့ကြသေးဟုထင်ပါ၏။ ဤ အတိုကောက်အသုံးအနှုန်းသည် ၁၉၉ဝ ပြည့်နှစ်များအတွင်း ရန်ကုန် စာပေအသိုင်းအဝိုင်းတွ င် အလွန်ရေ ပန်းစားခဲ့ဖူးပါသည်။ (အ၊စ၊အ၊စ)ဟူ သည် ‘အင်းစိန်အုပ်စု’ဟူသတည်း။

 

စာရေးသူစိတ်ထင် အင်းစိန်မြို့ နယ်သည် ထိုခေတ်ထိုအခါမတိုင်မီ ကတည်းက စာပေအင်အားတောင့် တင်းခဲ့၊ စာပေလှုပ်ရှားမှုနိုးနိုးကြား ကြားရှိခဲ့သည်။ နာမည်ကျော်ခေတ် ပေါ်ဝတ္တုဆရာများဖြစ်ကြသော ‘ငြိမ်းကျော်’နှင့် ‘နွမ်ဂျာသိုင်း’တို့ သည် အင်းစိန်သားများ ဖြစ်ကြကုန် သည်။ စာရေးသူပင်လျှင် ‘ပဋိရူပ၊ ဒေသဝါတောစ’ ဓမ္မတရားတော်အလို အရ၊ အင်းစိန်မြို့လယ်၊ ဈေးကြီးအနီး မှာ ၂ နှစ်ခန့် ခိုလှုံခဲ့ရဖူးသည်။ ထို သို့ခိုလှုံခဲ့ရခြင်းသည် စာရေးသူ၏ စာပေပျိုးပင်ကလေးကို ရေလောင်း ပေါင်းသင်ပေးခြင်း စာပေကြီးကောင် ဝင်စေခြင်းလည်း မြည်ပါပေ၏။ အင်းစိန်မှာနေထိုင်စဉ် စာရေးသူ၏ လက်သီးလက်မောင်းတန်း အော်ဟစ်ြေ<ွကးကြော်ထားသည့် ကဗျာအချို့ သည် ပုံနှိပ်စာလုံးအဖြစ် ၁၉၇ဝ ပြည့်နှစ်ထုတ် မဂ္ဂဇင်းအချို့မှာ ပါ ဝင်လာခဲ့ကြသည်။ ‘ကြူးနှစ်’ဆိုသော အကောင်ကြီး မဖြစ်သေး။ ‘စာပေက လလ ရေကြည်တည်ခါစ’သာဖြစ် သေးသည်။ ပသို့ဆိုစေ…အင်းစိန် သည် ကြူးနှစ်၏ စာပေဇာတိချက်မြှုပ် သဖွယ်ဖြစ်ပါပေသည်။ အင်းစိန်သည် မမေ့နိုင်သော စာပေကျေးဇူးရှင် နယ်မြေပါတည်း။

ခရစ်သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ် တစ်ဝိုက်ဟုထင်သည်။ (ဦးနှောက် မကောင်းလှ၍ မှတ်Óဏ်ဝေဝါးနေ ပါသည်။ ခုနှစ်အတိအကျမဖော်ပြ နိုင်ပါ။ စာရေးဆရာလုပ်စားနေပြီး နေ့စဉ်မှတ်တမ်းရေးရမှာ သေမ လောက်ကြောက်သူလည်း ဖြစ်ပါ၏။ စကားချပ်။) ထိုကာလတွင် (အ၊ စ၊ အ၊စ)အုပ်စုဝင်အဖြစ် နာမည်မခံကြ သော စာပေသမားအချို့သည် အင်း စိန်မြို့လယ်တစ်နေရာတွင် ‘စနေ ဝိုင်း’ကို သိုသိုသိပ်သိပ်တည်ထောင် ကြပါသည်။ နေရာက ဘူမိနက်သန် အဖိုးတန်လှသော နေရာကောင်းဖြစ် သည်။ အင်းစိန် (စီအိုင်ဒီ)ဝင်းကြီး ၏ အရှေ့ဘက်တစ်ခေါ်သာသာ လောက်မှာ ရှိသည်။ နေအိမ်ခြံဝင်း တို့နှင့်တွဲလျက် လက်ဖက်ရည်ဆိုင် ဖွင့်ထားသည်။ ကားလမ်းဘေးမှာ ကပ်လျက်ပါပဲ။ သို့သော် ပုဏ္ဏားရိက် ပင်တန်း ခြံစည်းရိုးရှိနေ၍ ဆိုင် အတွင်းဘက်ကို သိသိသာသာမမြင်ရ ပါ။ သစ်ပင်အရိပ်အာဝါသအလွန် ကောင်းလှသည်။ ပြောရလျှင်တော့ ထိုလက်ဖက်ရည်ဆိုင်သည် ကဗျာ ဆရာကြီး ‘တင်မိုး’၏ နေအိမ်နှင့် မနီးမဝေးမှာ ရှိပါသည်။ ဆိုင်ရှင် (အိမ်ရှင်၊ ခြံရှင်)ကလည်း စာပေ သမားများကို ချစ်ခင်လေးစားမှု အပြည့်ရှိသည်။ (စာပေသမားဆိုသ ဟာတွေက …လက်ဖက်ရည် အချိုတစ်ခွက်လောက်သောက်ပြီး လက်ဖက်ရည်ကြမ်း ဆယ်အိုး လောက် သောက်တတ်ကြ။ လက် ဖက်ရည် ပန်းကန်ထဲမှာ မုန်တိုင်း ထအောင် ဖန်တီးနိုင်စွမ်းရှိသူများ မဟုတ်ကြပေဘူးလား။ စကားချပ်။)

စာရေးသူက မှော်ဘီမှာနေ သည်။ ရှေးဟောင်းစာပေပညာရှင် ‘မှော်ဘီဆရာသိန်းကြီး’၏ ဇာတိနယ် မြေဖြစ်သော်လည်း ဟုတ်ဟုတ်ငြား ငြား စာပေသမားဆို၍ ရှားတောင့် ရှားပါး ဒေဝါမလင်းမူးနေတတ်သော် လည်း စာနယ်ဇင်းတွေမှာ ဝတ္တု ဆောင်းပါးတွေ အဆက်မပြတ်ရေးနေ သူ ‘ဆြာကြူး’တစ်ယောက်ကိုသာ ထီးဖြူဖိနပ်ပါးကိုးရိုးကားရား ယိုင်တီး ယိုင်ထိုးဖြင့် တွေ့ရပေမည်။

သို့မို့ကြောင့် …’ရတနာရှိ ရာ ရတနာလာ’ ဆိုဘိသကဲ့သို့၊ စ နေနေ့တိုင်း ‘စနေဝိုင်း’ ရှိရာသို့ ဆြာ ကြူးတစ်ယောက်သိုင်းကွက်နင်း လျက် ခြေစကြာဖြန့်တတ်လေသည်။ ဆြာကြူးကား …ပွဲလမ်းသဘင် သွားနေသည့် ကလေးတစ်ယောက် ပမာ ရီတီတီဝေတေတေနှင့် အထူး ထ မြူြး<ွကနေတော့သည်။ ဆြာကြူး မှာ ထိုစဉ်က ဝင်ငွေနှင့် ထွက်ငွေ မမျှသောကြောင့် လူရိုသေရှင်ရိုသေ ဝတ်ကောင်းစားလှမရှိ၊ အနုပ်စုတ် ကုပ်စုတ်နှင့်ပင် စနေဝိုင်းသို့ြ<ွကမြန်း လေသည်။

စနေဝိုင်းသို့ အရင့်အမာပါရမီ ရှင်စာပေအနုပညာသမားကြီးများ လာရောက်စုဝေးကြသော်လည်း ဟိတ်တွေ ဟန်တွေ၊ စတိုင်တွေ၊ ဂွိုင် တွေမရှိပါ။ အဆင်တန်ဆာမဲ့ ဆိုင် ကလေးထဲမှာ ခုံပုကလေးတွေဖြင့် ကုပ်ကုပ်ရုပ်ရုပ်၊ ပျော်ပျော်ရွှင်ရွှင် ထိုင်ကြသည်။ အနီးအနားမှာ နေ ထိုင်သော ဆရာတင်မိုးဆိုလျှင် အိမ် နေရင်း ဝတ်သော စွပ်ကျယ်လက်စ က အပေါက်အပြဲ ခေါင်းစုတ်ဖွား၊ ဆေးပေါ့လိပ်တိုခဲ လျက်ရောက်လာ တတ်သည်။ ဆရာကြီး ‘ကိုလေး (အင်းဝဂုဏ်ရည်)’ ကား ရပ်ဝေးမှ လာရသဖြင့် လူရိုသေ ရှင်ရိုသေဖြစ် အောင် တိုက်ပုံအင်္ကျီနှင့် ဘာနှင့်။ အမျိုးသမီးတွေကလည်း တော်ရုံသင့် ရုံအဝတ်အစားဖြင့် ရောက်လာတတ် ကြသည်။

တစ်ခါသော် …အထူးဧည့် သည်တော်အဖြစ် ထပ်ဆင့်အကယ် ဒမီများရှင်၊ ဝါရင့်သရုပ်ဆောင်ကြီး (ဦး)ထွန်းဝေရောက်ရှိလာခဲ့ပါသည်။ စကားဝိုင်းတွင် ‘လေးလေး’ဟု အမည်တွင်နေသော (ဦး) ထွန်းဝေ က မိတ်ဆွေများနှင့် အာလာပသလ္လာ ပ ပြောနေပါသည်။ ထိုစဉ် မိမိထံမှ အယ်လကိုဟော အနံ့ရမှာစိုး၍ ဝိုင်း အပြင်ဘက်မှာ ထိုင်နေသော ဆြာ ကြူးက မင်းသားကြီးအား …

”လေးလေးရဲ့ ရုပ်ရှင်ဇာတ်ကား ဒါဇင်ပေါင်းများစွာ ကျွန်တော်ကြည့် ရှုခဲ့ဖူးပါတယ်။ အကြိုက်ဆုံးကတော့ ဒါရိုက်တာ အေဝမ်းမောင်လှမျိုးရိုက် ကူးတဲ့ (ဆောင်း)ဇာတ်ကားကြီးပါပဲ ခင်ဗျား …ဟု မူးကြောင်ရူးကြောင် နှင့် အာချောင်လိုက်မိသည်။ လေး လေးက ဆြာကြူးကို တစ်ချက်ကြည့် ၍ ခေါင်းညိတ်အသိအမှတ်ပြုပါ သည်။
ဆြာကြူးသည် အာချောင်လျှာ ချောင်သော အရှိန်ကို မသတ်နိုင်ဘဲ ထိုင်ရာမှထ၊ မင်းသားကြီး၏ ထင်ရှား ကျော်ကြားသော ‘အိုက်တင်’ဖြစ်သည့် ဘောင်းဘီခါးပတ်ကို ရင်ဘတ် အောက်သို့ ဆွဲတင်ဟန်ပြုကာ (ဆောင်း)ဇာတ်ကားထဲမှ မင်းသား ကြီး၏ အိုက်တင်အတိုင်း ”ဟေ့ ရစ် ချတ်၊ မင်းပြောတော့နော် သေပြီဆို ကွ”ဟု ‘တော်ကီ’ပေးပြီးနောက် …

”အဲ့ …အဲဒီ အိုက်တင်ကို ကျွန်တော်စွဲနေပါတယ် လေးလေး” ဟု လေကြောင်းမှုတ်လိုက်ပါသည်။

သည်တစ်ခါတော့ လေးလေး သည် ကျွန်တော့်ဘက်သို့ လှည့်မ ကြည့်တော့ပါ။ မကြားချင်ယောင် ဆောင်နေသလား …”မူးရင် ငြိမ် ငြိမ်နေပါလားကွယ်”ဟု သတိပေး နေသလား မသိပါ။

ထိုကဲ့သို့ ဆြာကြူး ‘လေပွ’ခြင်း ကို အမျိုးသမီးမိတ်ဆွေ (ငြိမ်းငြိမ်း ကလား မမှတ်မိ) တစ်ဦးက စနေဝိုင်း သိမ်းသည့်အခါ သတိပေးပြစ်တင်ပါ သည်။

”ရှင်ကလည်း လေ …အ လိုက်ကန်းဆိုးမသိဘူး။ လူကြီးတွေ စကားကောင်းပြောနေတာကို ဝင်ဝင် ရှုပ်တယ်”

”အိုကေ ငြိမ်းငြိမ်း။ ငြိမ်းငြိမ်း စကားကို နားထောင်မယ်။ နား ထောင်တဲ့အတွက် ငွေတစ်ထောင် ဆုချရမယ်။ ဒါပဲ”

ဆြာကြူး ‘ရစ်’ရကျိုးနပ်သွား သည်။ ငွေတစ်ထောင်တော့ ငြိမ်း ငြိမ်းတို့က ဘယ်မှုမှာလဲ။ သူက ကိုယ် ပိုင်ဆလွန်းကားအသစ်ကြီးကို ကိုယ် တိုင်မောင်းပြီးလာနိုင်တဲ့ ဘောစိ မဟုတ်လား။

ဆြာကြူးထက် ပိုကဲသူက သမိုင်းမှာနေသော စာရေးဆရာ အယ်ဒီတာ ‘လင်းထင်’ဖြစ်သည်။ သူ က အကောင်းစားအညွန့်စားချည်း ဝတ်ပြီး စနေဝိုင်းကိုလာတာ။ လွယ် အိတ်ကလည်း အကောင်းစား၊ လက် ပတ်နာရီကလည်း အကောင်းစား။ ဆံပင်ကိုလည်း ဆီရွှဲရွှဲနှင့်ကော့နေ အောင် ဖြီးထားသည်။ နေကာမျက် မှန်ကလည်း တပ်ထားလိုက်သေး …ခက်သည်က သည်ပုဂ္ဂိုလ်မူးနေ သည်။ ခပ်တည်တည်ကြီး မူးနေ သည်။ စကားမပြောဘဲ မူးနေသည်။ ခွေးခြေပေါ် ထိုင်ချလိုက်တိုင်း နောက်သို့ လန်၊ လန်ပြီး လဲကျနေ သည်။ သူလဲကျတိုင်း ဆြာကြူးက ဆွဲ ထူရသည်။

နောက်ဆုံးတော့ ဆရာလင်း ထင်ကို ဆြာကြူးက စာနာနားလည် စွာ ဘတ်စကားပေါ်သို့ ပို့ဆောင် ပေးလိုက်ရလေသည်။

ပြန်တွေးကြည့်တော့ လွမ်း သလိုလို …ဘာလိုလို။ ။

ကြူးနှစ်

Ads Space Available


Continue reading

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း နိုင်ငံပိုင် နေ့စဉ် သတင်းစာ နှစ်စောင်တွင် ဖော်ပြထားသည်။ ဖွင့်ပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) ဒေသတွင်း သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်မှုများကို ကျေနပ်မိကြောင်း ပြောကြားခဲ့ပါသည်။ အာဆီယံ၏ ဒေသတွင်း ချိတ်ဆက်မှု ရည်မှန်းချက်များ...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက လွှဲပြောင်းပေးအပ်

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD Biological Food Co. Ltd မှ ယွမ်(၂၅၉၄၁)တန်ဖိုးရှိ Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)ကိုလှူဒါန်းခဲ့သည်။ အဆိုပါ လှူဒါန်းမှုအား နန်နင်းမြို့၊ မြန်မာကောင်စစ် ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ဒေါ်ခိုင်ဆုလင်းက လက်ခံရယူကာ ကျေးဇူးတင်မှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏စီစဥ်ပေးမှုဖြင့် မေ ၂၁ ရက်က နန်နင်းမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲသည့် ကုန်တင်လေကြောင်းအမှတ် - UB8504...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ ပြုပြင်ရန် လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၂၀၀၀)ဝန်းကျင် ကူညီပံ့ပိုးမည်

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀) ကူညီပံ့ပိုးသွား စီစဉ်ထားရှိကြောင်း The Spirit of Brotherhood Missiom(TSBM)အဖွဲ့ ထံမှ သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ် ငလျင်ကြောအနီးရှိကျေးရွာစာသင်ကျောင်းအချို့ ပညာသင်ကြားရေးစတင်နိုင်ရန် ကျပ်သိန်း (၂၅၀)အသုံးပြု၍ တာဝန်ယူဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့သည် စစ်ကိုင်းပြတ်ရွေ့ နှင့်ပတ်သက်သော surface rupture များ ပေါ်ပေါက်ခြင်း ၊ မြေရွေ့ခြင်းများကြောင့် မြန်မာ့ဘူမိသိပ္ပံဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071