Saturday, May 17, 2025

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင်...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို...

ရှီနဲ့တွေ့ဖို့ တရုတ်သွားလို- ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များအကြောင်း ပြောဆိုဆွေးနွေးရန်အတွက် သူတရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ မေ ၁၆...

ထိုင်း-ဗီယက်နမ် ကုန်သွယ်မှု ဒေါ်လာ ၂၅...

ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် စီးပွားရေးချိတ်ဆက်မှုများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးကို လက်ရှိ ၂၀ ဘီလျံမှ မကြာမီကာလအတွင်း ၂၅ ဘီလျံသို့ ရောက်ရှိရေး အတွက်လက်တွဲဆောင်ရွက်သွားရန်...

အင်ဒိုနီးရှားသမ္မတ ထိုင်းသွားမည်အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည်...

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Panidone Pachimsawat က ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်နှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့ပြီး ခရီးစဉ်သည် ဗိုလ်ချုပ်ကြီးပရာဘိုဝို ၂၀၂၄...
HomeArticlesဒုက္ခသည်တွေက ဒုက္ခရောက်နေသူတွေကို ကျေးဇူးဆပ်ခြင်း..

ဒုက္ခသည်တွေက ဒုက္ခရောက်နေသူတွေကို ကျေးဇူးဆပ်ခြင်း..

လောကကမ္ဘာကြီးထဲဆီ ရောက် လာကြတဲ့ လူခပ်သိမ်းတို့ဟာ ချမ်းသာသောသူ၊ ဆင်းရဲ သောသူ အဆင့်မြင့်သူ၊ အဆင့်နိမ့်သူ များ ရယ်လို့ ဒွန်တွဲပြီး ရှိနေကြပါ တယ်။ ချမ်းသာတဲ့သူပဲဖြစ်ဖြစ်၊ ဆင်းရဲ တဲ့သူပဲဖြစ်ဖြစ်၊ အဆင့်မြင့်တဲ့သူပဲ ဖြစ်ဖြစ်၊ အဆင့်နိမ့်တဲ့ လူတန်းစားပဲ ဖြစ်ဖြစ် ကိုယ်ပိုင်ဆိုင်တဲ့ဘဝကို မြတ်နိုးပါ။ အထူးသဖြင့် ဖြူစင်သန့် ရှင်းတဲ့ စိတ်စေတနာ၊ မေတ္တာရှိဖို့ တော့ လိုအပ်ပါတယ်။ စိတ်ဆိုတာက ကိုယ်ယုံကြည်ရာ ကိုယ့်ဆန္ဒနဲ့ အမျိုး မျိုး ရှိတတ်ကြပါတယ်။ ချမ်းသာတဲ့ သူတွေနဲ့ မြင့်မြတ်သူတွေ အချင်း ချင်းသာ ရိုင်းပင်းကူညီမှုတွေ ရှိနေ ကြသလို ဆင်းရဲသူတွေနဲ့ နိမ့်ကျတဲ့ ဘဝကလူတွေ အချင်းချင်းလည်း တစ်ဦးကိုတစ်ဦးလက်တွဲပြီးတော့ ကူ ညီမှုတွေ ဆောင်ရွက်ပေးနေကြပါ တယ်။

လူ့ဘဝအချိုးအကွေ့တစ်ခုထဲ က ရုပ်ရှင်သရုပ်ဆောင် ‘လူကြမ်း’ တွေဆိုရင် ဆင်းရဲခြင်းနဲ့ နိမ့်ကျတဲ့ ဘဝနှစ်ခုကို ပိုင်ဆိုင်ထားကြပါတယ်။ လူကြမ်းတွေဟာ ကိုယ့်ဘဝကိုယ် ကျေနပ်ပါတယ်။ အနုပညာကို မြတ် နိုးတယ်။ အားပေးတဲ့ ပရိသတ်ကို လေးစားတယ်။ ကျေးဇူးရှင်အပေါ်မှာ သစ္စာရှိတယ်။ နိုင်ငံတော်ဇာတ်ကား တွေ၊ တိုင်းပြုပြည်ပြု ရုပ်ရှင်ကားတွေ ရိုက် ကူးရင် လုပ်ခနည်းလို့ မင်းသား၊ မင်းသမီးတွေ တော်တော်ရှောင်ကြ တယ်။ လူကြမ်းတွေကတော့ လုပ် အားပေးတဲ့သဘောနဲ့ ကိုယ့်ထမင်း ကိုယ်စား ကိုယ့်စရိတ်နဲ့သွားရောက် ပါဝင် ရိုက်ကူးပေးရတဲ့ ဇာတ်ကား တွေ အများကြီးပါ။ ရုပ်ရှင်လုပ်ငန်း အလုံးစုံကို အဆင်ပြေအောင် အောက်ခြေသိမ်း လုပ်ပေးနေတဲ့ လူ ကြမ်းတွေကိုကြည့်ပြီး မနေ့တစ်နေ့က ရုပ်ရှင်လောကထဲဝင်ရောက်လာပြီး နာမည်ကြီးချင်တဲ့ မင်းသားမင်းသမီး တွေ အသိုင်းအဝိုင်းနဲ့ စားပေါက် ချောင်လို့ ရုပ်ရှင်စားကျက်ထဲ တိုးဝင် လာတဲ့ ထုတ်လုပ်သူတွေက လူကြမ်း တွေကို အထင်သေးတဲ့ သဘောနဲ့ပဲ ဆက်ဆံနေကြပါတယ်။ ဆင်းရဲနိမ့်ကျ တဲ့ လူကြမ်းတွေလို့ပဲပြောပြော ပြောနိုင်ပါတယ်။

ပြောကြပါစေ။ ကျွန်တော်တို့ စိတ်မဆိုးဘူး။ ကံ ကံ၏အကျိုးကို ယုံတယ်လေ။ အခု လူကြမ်းတွေ လုပ်အားတွေပေး လူမှု ရေးတွေလုပ်၊ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို သွားရောက် လှူဒါန်း ကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေး နေတာ လူကြမ်းတွေရဲ့ ဖြူစင်တဲ့ စိတ်စေတနာ၊ မေတ္တာအရင်းခံတွေ ပါ။ လူကြမ်းလူသားတွေမှာလည်း မိသားစုတွေနဲ့ အခက်အခဲတွေ အများကြီးရှိပါတယ်။ လူကြမ်း တွေရဲ့ဘဝတွေကို မျှော်ကြည့်လိုက် ရင် ရေးရေးလေးပဲ မြင်ရမှာပါ။ စား ဝတ်နေရေးကလည်း မရေမရာ၊ သေ ပြန်တော့လည်း မျက်နှာပန်းမလှ ထမ်းချရတယ်။ အသုဘစရိတ်နည်း တော့ အခေါင်းဝယ်ဖို့တောင် မလွယ် ပါဘူး။ အခုတော့ မင်းသားကြီး ကျော်သူရဲ့ကျေးဇူးကြောင့် လူကြမ်း တွေသေရင် ကားစီးလို့ရပါပြီ။ ဒုက္ခ ရောက်နေသူတွေကို ကူညီနိုင်အောင် မိသားစုအခက်အခဲ လေးတွေလည်း ဖြေရှင်းဖို့ လုပ်အားပေးတဲ့ ဒေသတွေ ကပေးတဲ့ အလှူငွေနဲ့ လူကြမ်းတွေ ဇာတ်ကားရိုက်ကူးလို့ရတဲ့ ငွေထဲက အချိုးကျ လစဉ်ကြေးလေးတွေ ကောက်ခံစု ဆောင်းခဲ့တာ နှစ်ပေါင်း အတော်ကြာလို့ လူကြမ်းအဖွဲ့ သာ ရေး၊ နာရေး ရန်ပုံငွေအတော်လေး စု ဆောင်းမိနေပါပြီ။ ချွေးနှဲစာရန်ပုံ ငွေလေးနဲ့ မိသားစုနှင့် နီးစပ်ရာ အသိုင်းအဝိုင်း လုပ်ဖော်ကိုင်ဖက် တွေအတွက် သာရေး၊ နာရေးကိစ္စ များကို တတ်နိုင်သလောက် ကူညီ ဆောင်ရွက်ပေးနေပါတယ်။ လူကြမ်း တွေဟာ ရုပ်ရှင်လောကထဲမှာ ကြမ်း ကြမ်းတမ်းတမ်း လုပ်ကိုင်စားသောက် နေရတော့ ကြမ်းတမ်းတဲ့ ဒဿဘီ လူးတွေလို့ မြင်ချင်မြင်နေကြမှာပေါ့ လေ။

‘ကြမ်းတယ်၊ ရမ်းတယ်ဆိုတာက လည်း အနုပညာတစ်ရပ်ပါ’။ ဖိုက် တင်၊ ဒိုင်ဗင်၊ စတန့်၊ မြင်းစီး၊ သေ နတ်ပစ်၊ ဓားခုတ်၊ စွန့်စားခန်း အမျိုး မျိုးကို မလုပ်တတ်တဲ့ မင်းသား၊ မင်းသမီးတွေကိုယ်စား သူတို့အဝတ် အစားတွေကို လူကြမ်းတွေကဝတ် ပြီး သဘာဝကျအောင် သရုပ်ဆောင် ပေးခဲ့ရတာ များပါပြီ။ နာမည်ကြီး တော့ သူတို့အဆင်မသင့်လို့ နာကျင် ကျိုးပဲ့ အသက်ထွက်တော့ လူကြမ်း တွေပေါ့။ တကယ်တော့ လူကြမ်းတွေ ဟာ ဘီလူးနှုတ်ခမ်းက ကနုတ်ပန်း လေးတွေပါ။ ကုန်းခေါင်ခေါင်မှာ ရေ နစ်နေတဲ့ ဒုက္ခသည်တွေပဲလေ။

လူကြမ်းအဖွဲ့ရဲ့ ခံယူချက်စေ တနာအတိုင်း ၁၉.၈.၂ဝ၁၈ နေ့မှာ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေကြောင့် ရေဘေးသင့် နေတဲ့ ပြည်သူတွေကို ကူညီဖို့ အရေး ကြီး လိုအပ်ပစ္စည်း သိန်းပေါင်းများစွာ ဖိုးဝယ်ယူပြီး ဘားအံမှတစ်ဆင့် လှေ ငယ်များစွာနဲ့ ပစ္စည်းတွေ သယ် ဆောင်ကာ ဒုက္ခသည်ရွာတွေဆီ စွန့် စွန့်စားစား သွားရောက်ပြီး ကယ် ဆယ်ရေးလုပ်ငန်းများ ပေးအပ် ဆောင်ရွက်ခဲ့ပါတယ်။

”နောက်တစ်ခါ လာပြန်ပြီဟေ့”

ဆွာ ရေလှောင်တမံ ကျိုးလို့ ရွာပေါင်းများစွာ ရေဘေးသင့်ပြီး အကြီးအကျယ် ဒုက္ခရောက်နေကြပါ တယ်။ ကဲ ‘လူကြမ်းလူမှုရေးအဖွဲ့’ရဲ့ နောက်ဆုံးကျည်ဆန်၊ နောက်ဆုံးရှိတဲ့ ရန်ပုံငွေနဲ့ အရေးပေါ် လိုအပ်ပစ္စည်း တွေ များစွာဝယ်ပြီး တောင်ငူခရိုင် ‘ဆွာ’ မြို့နယ်က ရေဘေးသင့်တဲ့ ကျေးဇူးရှင်ပြည်သူတွေကို သွား ရောက်လှူဒါန်းပေးခဲ့ပါတယ်။

‘နောက်တစ်ခါ လာဦးမလား’ ရပါတယ်။ လူကြမ်းတွေရဲ့ လူမှုရေး အဖွဲ့မှာ စေတနာနဲ့ မေတ္တာတွေ များ စွာရှိပါတယ်။ ကိုယ့်ဒုက္ခထက် ကြီး မားတဲ့ ကျေးဇူးရှင်ဒုက္ခသည်တွေကို ကျေးဇူးဆပ်လိုက်ရတဲ့အတွက် လူ ကြမ်းအဖွဲ့မှ များစွာဝမ်းသာမိပါ ကြောင်း။

ဦးဇော်မှိုင်း

Ads Space Available


Continue reading

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ မြို့ပြကျန်းမာရေးဌာနများ ပေါ်ပေါက်လာပါက ပြည်သူများ အနေဖြင့် ကျန်းမာရေးမကောင်းပါက သွားရောက်ပြသနိုင်မည့် ဆေးရုံ၊ ဆေးခန်းများ ပိုမိုပေါ်ပေါက်လာမည်ဖြစ်ကြောင်း သိရသည်။ မြို့ပြကျန်းမာရေးဌာနများဖွင့်လှစ်သွားနိုင်ရန်အတွက် လက်ရှိတွင် ကျန်းမာရေးဆေးခန်းအခွဲများ ပြန်ဖော်ထုတ်၍ ပြင်ဆင်ခြင်း၊ ဝန်ထမ်းများ အင်အားတိုးချထားခြင်း စသည့်လိုအပ်ချက်များကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှီနဲ့တွေ့ဖို့ တရုတ်သွားလို- ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များအကြောင်း ပြောဆိုဆွေးနွေးရန်အတွက် သူတရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ မေ ၁၆ ရက်က ထုတ်လွှင့်ခဲ့သည့် Fox News သတင်းဌာနနှင့် အင်တာဗျူးအတွင်း မစ္စတာရှီထံ အလည်အပတ်သွားရောက်လိုပါသလားဆိုသော အမေးကို “သေချာတာပေါ့” ဟု မစ္စတာ ထရမ့်ပ်က ပြန်ဖြေခဲ့ပြီး တရုတ်နှင့် အမေရိကဆက်ဆံရေးသည် အရေးကြီးသည်ဟုလည်း ဆိုခဲ့သည်။ တရုတ်ခေါင်းဆောင်နှင့် စကားပြောဆိုရန် စိတ်အားထက်သန်မှုကို မစ္စတာထရမ့်ပ်က ထပ်ခါတလဲလဲ ဖော်ပြခဲ့သည်။ သမ္မတ ထရမ့်ပ်၏ တရုတ်ကုန်စည်များအပေါ်...

ထိုင်း-ဗီယက်နမ် ကုန်သွယ်မှု ဒေါ်လာ ၂၅ ဘီလျံသို့ ရောက်ရှိရေးရည်မှန်း

ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် စီးပွားရေးချိတ်ဆက်မှုများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးကို လက်ရှိ ၂၀ ဘီလျံမှ မကြာမီကာလအတွင်း ၂၅ ဘီလျံသို့ ရောက်ရှိရေး အတွက်လက်တွဲဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်ဟု ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာက ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh နှင့် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သော စတုတ္ထအကြိမ်မြောက် ထိုင်း-ဗီယက်နမ် ပူးတွဲအစိုးရအဖွဲ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် သူက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်ဝန်ကြီးချုပ်၏ ခရီးစဉ်သည် သောကြာနေ့တွင် အဆုံးသတ်ခဲ့သည်။ ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်ထရာ အုပ်ချုပ်မှုကာလအတွင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071