Monday, April 20, 2026

ပဲခူး ဆင်ဖြူကွင်းအမှိုက်ပုံမီးလေ-ာင်မှုကို အချိန်နှစ်နာရီခွဲကျော်ကြာငြှိမ်းသ-တ်ခဲ့

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ဆင်ဖြူကွင်းအမှိုက်ပုံ၌ ယနေ့ ဧပြီ ၁၉ ရက်နေ့လည် ၁ နာရီကမီးလေ-ာင်မှုဖြစ်ပွားရာ ပဲခူးတိုင်းမီးသ-တ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသ-တ်ခဲ့ကြရာ နေ့လည် ၃...

မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေး

မကွေးတိုင်းရှိ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် မြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ ဘိုး/ဘွားများအား ယနေ့ ဧပြီ ၁၉ ရက်က အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ ဘိုး/ဘွားများအား အထူးကုဆရာဝန်ကြီးများမှ...

ရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း ပါဝင်လာ

          အီရန်နှင့် အမေရိက-အစ္စရေး ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းများကြုံနေရချိန်တွင် ရုရှားထံမှ ရေနံရရှိရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခဲ့သည်။         မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ...

အနာဂတ်စီးပွားရေးဆက်ဆံရေးအတွက် အမေရိကနှင့် စကားပြောဖို့ အချိန်ကျပြီ–လက်ဗရော့ဗ်

       ရုရှားနှင့် အနာဂတ်စီးပွားရေးဆက်ဆံရေးကို ဝါရှင်တန်ဘက်က မည်သို့အမြင်သဘောထားရှိသည်နှင့်ပတ်သက်၍ အမေရိကနှင့် ဆွေးနွေးရန် အချိန်ကျရောက်ပြီဟု တုကီ‌ယေးနိုင်ငံ အန်တာလီယာမြို့တွင် ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်က...
HomeCelebrities' Newsပေါ်ပြူလာရဲ့ ဖွားဖက်တော်...

ပေါ်ပြူလာရဲ့ ဖွားဖက်တော် ခိုင်သင်းကြည် ပြောတဲ့ အောင်မြင်မှု ဆိုတာ

KTKအနုပညာလောကမှာ ဆယ်စုနှစ် နှစ်ခုတိုင် အောင်မြင်မှု များစွာ ရရှိနေသလို ပရိသတ်တွေရဲ့  ချစ်ခင် အားပေးမှု အပြည့် အဝရရှိ   ထားသူကတော့ အကယ်ဒမီ ခိုင်သင်းကြည်ပဲ ဖြစ်ပါ တယ်။ ခိုင်သင်းကြည်က အနုပညာ အပေါ်မှာ ငယ်ငယ်ကတည်း က ရူးသွပ်ခဲ့သူ   တစ်ဦးလည်း ဖြစ်ပါတယ်။ အခုချိန်ထိ ပရိသတ် တွေ ချစ်ခင်မှုတွေ ရရှိနေတာက အကယ်ဒမီဆု ရရှိတာထက်ကို ပိုပြီးတော့ ကျေ နပ်ပျော်ရွှင်   ရတယ်လို့ ခိုင်သင်းကြည်က ပြောပါ တယ်။

“မခိုင်က အနုပညာကို ငယ်ငယ်လေးကတည်းက တအား ဝါသနာပါတယ်။ လူပင်ပန်း၊ စိတ်ပင်ပန်းဖြစ်လည်း အားမလျော့ သွားဘူး။ နံပါတ် ၁   အချက်က ဝါသနာ အရင်းခံ တာပါတယ်။ နံပါတ် ၂ အချက်က ကိုယ့်အလုပ် အပေါ်မှာ တအားလေးစားတယ်။ ကိုယ့်အိမ်မှာ ကိုယ်နေ ရင်   ကိုယ် နေမကောင်းရင် ထလုပ်ချင်မှ လုပ်မယ်။ ဇာတ်ကား ရိုက်ကူးနေတဲ့ အချိန်မှာ ကိုယ်နေမကောင်းလို့ အဖျား ၁ဝ၂ ဆိုလည်း   လူတွေ အများကြီးနဲ့ လုပ် ရတဲ့ အလုပ်ဆိုတော့ ထလုပ်ရမယ်။ အလုပ်အပေါ်မှာ တန်ဖိုးထား တယ်။ မနက်ဆိုရင် ရှုတင်သွား ဖို့လောက်ပဲ   စဉ်းစားနေတယ်။ ရုံးတက်မယ့် လူတစ်ယောက် လိုပဲ။ နံပါတ် ၃ ကတော့ ကံ၊ ဥာဏ်၊ ဝီရိယ၊ စန်း ဆိုတဲ့ အတိုင်း ပရိ သတ်က ကိုယ့်ကို ချစ်နေ   တာပေါ့။ ကိုယ့်ကိုယ် ကိုယ်လည်း တအား အံ့သြ ပါတယ်။ ပြန်တွေးကြည့်တိုင်း အကယ်ဒမီဆု ရရှိတာ ဆိုရင် နှစ်ပေါင်း၂ဝ ကျော်မှရတာ။   အကယ် ဒမီဆုရပြီး၂ရက် ၃ရက် လောက်က အိပ်လို့ လည်း မရဘူး။ အိပ်ခါ နီးတိုင်း ပျော်နေတယ်။ အကယ်ဒမီ ဆု ရပြီး နောက်ရက်မှာ ငိုတဲ့   အခန်းရိုက်တာ ငို လို့လုံးဝမရဘူး။ မျက်ရည်တုတွေ ထည့်တာတောင် မျက်ရည်က မကျဘူး။ ဒါပေမဲ့ ပြန် စဉ်းစားကြည့်ရင် အကယ်ဒမီဆု ရတာထက်တောင် ကြည်နူးဖို့ကောင်းတာက ပရိသတ် တွေက အစ်မကို ချစ်ကြ တယ်။ ဖေ့စ်ဘုတ် ရွာလို ဇာတ်ရုပ်မျိုး ဆိုလည်း   ရိုက်လိုက်တယ်။ မုန်းစရာကြီး ဖြစ်သွားမလား ဆိုပြီး တွေးပေမယ့် ပရိသတ်က ချစ်တယ် ဆိုတော့ သူတို့ ကိုယ့်ကို ချစ်ပါလားပေါ့။   ဖေ့စ်ဘုတ်လည်းသုံးတယ်။ သူတို့စိတ်ထဲမှာ ငယ်ငယ်တုန်းက ကြည့်ရတဲ့ မန္တလေး ဘီယာကြော်ငြာတဲ့ ကလေးမလေးလို့ ထင်နေ   လားမသိဘူး။ အခုထိ လက်ခံပြီး ချစ်နေတုန်းပဲ။ အဲဒါလေးကို ပြန်တွေးတိုင်း အကယ်ဒမီ ဆု ရတာထက်တောင် ကျေနပ်ပါတယ်”   လို့ပြောပါတယ်။

ဒီနှစ် ဇွန်လ ၃ဝ ရက်နေ့ ဆိုရင် ပေါ်ပြူလာဂျာနယ်က နှစ် ၂ဝ ပြည့်ပြီ ဖြစ်ပါတယ်။ ပေါ်ပြူလာနဲ့ ဖွားဖက်တော် အနု   ပညာရှင် တစ်ဦးဖြစ်တဲ့ ခိုင်သင်းကြည်က      “ပေါ်ပြူလာ ဆိုတာ အစ်မရဲ့ ဖွားဖက်တော်ပါပဲ။ ပေါ်ပြူလာရဲ့  သက်တမ်း က နှစ်၂ဝ ဆိုရင် မခိုင် လည်း ဒီလောက် ပါ ပဲ။ မခိုင်စပြီး   မန္တလေးဘီယာ ကြော်ငြာတို့ ရိုက်ပြီး RC2 မှာ တအား နာမည် ကြီးတဲ့ အချိန်လေ။ နာမည်ကြီး တာ ကောင်းလို့ မဟုတ်ဘူး။ ထဘီကျွတ်   ကျတယ်ဆိုပြီး နာမည်ကြီးတဲ့ အချိန်တွေ ကတည်းက ဒီပေါ်ပြူလာက တွဲလျက်ပေါ့နော်။ အဲဒီ တုန်းက ကိုယ်က ကလေး ဆိုတော့ ရှက် တော့   ပေါ်ပြူလာက သတင်းတွေ ရှင်း ပေးတာပေါ့နော်။ အဲဒီလိုလက်တွဲ ခဲ့တဲ့ အနုပညာ လက်တွဲ ဖော်တွေ ပါပဲ။ သက်တမ်းရှည်တာကို ချီး   ကျူးသလို သက်တမ်းရှည်ရှည် အတွင်းမှာလည်း နာမည်ကောင်း နဲ့ အောင်မြင်တဲ့ ဂျာနယ်ဖြစ်တာ ကိုလည်း ဂုဏ်ယူပါတယ်”   လို့ပြောပါတယ်။    ခိုင်သင်းကြည်ရဲ့  အနု ပညာအမွေကို ဆက်ခံမယ့်သူ ကတော့ သမီးဖြစ် သူ စံထိပ် ထားဦးပါ။ စံထိပ်ထားဦးက ကြော်ငြာတွေလည်း ရိုက်ကူး   ထားပါတယ်။ သရုပ်ဆောင် တာထက် ဂီတဘက်ကို ပို ဝါသနာကြီး သူ ဖြစ်ပြီး ကျောင်း ပွဲတော်တွေမှာလည်း ပါဝင် သီဆိုဖျော်ဖြေနေပြီ ဖြစ်   ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071