ရုရှား၏ကင်ဆာကာကွယ်ဆေး အသုံးပြုနိုင်တော့မည် — FMBA
ရုရှ၏ ပြည်ထောင်စုဆေးနှင့်ဇီဝဗေဒဆိုင်ရာအေဂျင်စီအကြီးအကဲ Skvortsova က "လွန်ခဲ့တဲ့ ၃
နှစ် အတွင်းမှာ ဒီကင်ဆာကာကွယ်ဆေးကို ထပ်ခါတလဲလဲ ကြိမ်ဖန်များစွာ အသုံးပြု ခဲ့ကြတယ်၊ အလွန်ဆေးစွမ်းထက်တယ် ဆိုတာ တွေတင်မကဘဲ ဒီ ကင်ဆာကာကွယ်ဆေးက ဘေးကင်းတယ် ဆိုတာကိုလည်း သက်သေပြနိုင်ခဲ့ပြီးပါပြီ”ဟုသူကဆိုသည်။
ပြည်ထောင်စု ဆေးနှင့် ဇီဝဗေဒ ဆိုင်ရာ အေဂျင်စီက ရုရှားကာကွယ်ဆေးသည် ကင်ဆာ အကျိတ်အရွယ်အစားကို လျှော့ချပေးပြီး အကြိတ်၏ ကြီးထွားမှု ကိုလည်း နှေးကွေးစေသည်ဟုဆိုသည်။
FMBA က ၎င်း၏ကင်ဆာကာကွယ်ဆေးကို စမ်းသပ်မှုများကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ယခုအခါကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း RTကဖော်ပြခဲ့သည်။
