အီရန်က အစ္စရေးကို ဒရုန်းအစင်း ရာကျော်ဖြင့် ပြန်လည်တိုက်ခိုက်
ကနေ့မနက်စောပိုင်းက အီရန်နိုင်ငံကနေ အစ္စရေးကို ပစ်လွှတ်လိုက်တဲ့ ဒရုန်းအစင်း ၁၀၀ ကျော်ကို အစ္စရေးလေတပ် တိုက်လေယာဉ်တွေက စတင်ပစ်ချနေပါပြီ။
အစ္စရေးစစ်ဘက်ဆိုင်ရာအရာရှိတစ်ဦးရဲ့ ပြောကြားချက်အရ အဆိုပါဒရုန်းတွေကို အစ္စရေးနယ်စပ်ပြင်ပမှာ ကြားဖြတ်ဟန့်တားနေတာ ဖြစ်ပါတယ်။
အစောပိုင်းမှာ ကြားဖြတ်မဟန့်တားနိုင်တဲ့ ဒရုန်းတွေဟာ တစ်နာရီ ဒါမှမဟုတ် အဲဒီ့ထက်နည်းတဲ့အချိန်အတွင်း အစ္စရေးကို ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။