Air India လေယာဉ်တစ်စင်း ဗုံးခြိမ်းခြေ-ာက်မှုခံရ
သတင်းများအရ ဖူးခက်မှ နယူးဒေလီသို့ ခရီးသည် ၁၅၆ ဦး တင်ဆောင်လာသော Air India လေကြောင်းလိုင်း ခရီးစဉ် AI379 သည် ဗုံးခြိမ်းခြေ-ာက်မှုကြောင့် လေယာဉ်ခရီးစဥ်ကိုဖျ-က်သိမ်းလိုက်ကာ ဖူးခက်သို့ ဘေးကင်းစွာ ပြန်လည်ဆင်းသက်ခဲ့သည်။
လေယာဉ်မှူးသည် ခြိမ်းခြောက်မှု ရရှိပြီးနောက် ဖူးခက်လေဆိပ်အား အရေးပေါ်ဆင်းသက်ခွင့် တောင်းခံခဲ့သည်။
လေဆိပ်သည် ၎င်း၏ အရေးပေါ်ဗုံးခြိမ်းခြောက်မှု တုံ့ပြန်ရေးအစီအစဉ်ကို အသက်သွင်းခဲ့ပြီး လိုအပ်သော ကြိုတင်ကာကွယ်မှုများအားလုံးကို ပြုလုပ်ခဲ့သည်။
ယနေ့နံနက်ပိုင်းက ဖူးခက်မှ နယူးဒေလီသို့ ပျံသန်းသော Air India လေကြောင်းလိုင်း ခရီးစဉ် AI379 သည် လမ်းကြောင်းပြောင်းကာ အန်ဒမန်ပင်လယ်ပြင်ပေါ်တွင် ပျံဝဲနေခဲ့သည်ကို သိရှိကြရပြီးအကြောင်းရင်းကိုမူ ချက်ခြင်း မသိခဲ့ရပေ။