Sunday, June 15, 2025

ထရမ့်ပ်ကို ချီတက်ဆန္ဒပြစဉ် ဝါရှင်တန်ဒီစီ၌ စစ်ရေးပြပွဲပြုလုပ်

အမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ထရမ့်ပ်သည် နှစ်ပေါင်းများစွာ လိုလားစောင့်စားခဲ့သည့် စစ်ရေးပြပွဲကြီးကို စနေနေ့တွင် တင့်ကားတပ်များ၊ စစ်သည်များ၊ ေ-သနတ် ၂၁ ချက် ပစ်ဖောက်အလေးပြုမှုတို့ဖြင့် ပြုလုပ်ခဲ့ပြီး အမေရိကခေါင်းဆောင်ကို...

မအူပင်မြို့သို့ဆေးခန်းလာပြသည့်ကားကို အိမ်စီးကားကဝင်တို-က်(၂)ဦး‌ေ-သဆုံး

ဧရာဝတီတိုင်း၊ မအူပင်မြို့သို့ဆေးခန်းလာပြသည့်ကားအား အိမ်စီးကားကဝင်တို-က်မိခဲ့မှု ဇွန် ၁၄ ရက်ညဦးပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။ ပန်းတနော်မြို့မှ မအူပင်မြို့သို့ ဆေးခန်းလာပြသည့် KIA အမျိုးအစားကားသည် မိုးအနည်းငယ်ရွာသွန်းနေချိန်၌...

ကျွန်းလှမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၂၄၄)...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများပျ-က်စီးသွားခဲ့သည့်ဒေသများတွင်နေထိုင်သော ကျောင်းသား၊ ကျောင်းသူများမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအားပြန်လည်ဖြေဆိုရမည်ဖြစ်၍ ပြန်လည်လေ့ကျင့်သင် ကြားမှုများပြုလုပ်လျက်ရှိသည်။ ထိုသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအားပြန်လည်ဖြေဆိုရမည့် ဒေသများအနက် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှ...

ပြိုကျပျက်စီးနေသည့် စေတီ၊ ပုထိုးတော်များပြုပြင်ရန် အလှူတော်ငွေကျပ်သိန်း(၅၀၀)လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ ပြိုကျပျ-က်စီးနေသော ဘုရား၊ စေတီ၊ ပုထိုးတော်များအားပြန်လည်ပြုပြင်ရာ၌အ သုံးပြုရန် သီတဂူဆရာတော်ကြီးထံသို့ အလှူတော်ငွေကျပ်သိန်း(၅၀၀)အားလာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ပြင်ဦးလွင်မြို့၊ ဗြဟ္မာဝိဟာရီကျောင်းတိုက်၏ ဦးစီးပဓာနနယက...

ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် တပိုတွဲလပြည့် ဩဝါဒပါတိမောက် အခါတော်နေ့ ဖြစ်ပါသည်။ ရန်ကုန်မြို့ရွှေတိဂုံစေတီတော်တွင် ကုသိုလ်ပြုသူများ၊ထမနဲ​ဝေကြသူများ၊ ဘုရားဖူးများဖြင့် ကုသိုလ်ဓါတ်တို့ထုံမွှမ်းလျှက်ရှိသည်။

ဓာတ်ပုံ KMW

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်ပ်ကို ချီတက်ဆန္ဒပြစဉ် ဝါရှင်တန်ဒီစီ၌ စစ်ရေးပြပွဲပြုလုပ်

အမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ထရမ့်ပ်သည် နှစ်ပေါင်းများစွာ လိုလားစောင့်စားခဲ့သည့် စစ်ရေးပြပွဲကြီးကို စနေနေ့တွင် တင့်ကားတပ်များ၊ စစ်သည်များ၊ ေ-သနတ် ၂၁ ချက် ပစ်ဖောက်အလေးပြုမှုတို့ဖြင့် ပြုလုပ်ခဲ့ပြီး အမေရိကခေါင်းဆောင်ကို အာဏာရှင်တစ်ဦး၊ ဘုရင်လုပ်လာမည့်သူတစ်ဦးအဖြစ် နိုင်ငံတစ်ဝန်း ကဋ့်ကွက်ဆန္ဒပြသူများကို တန်ပြန်သည့် အခမ်းအနားတစ်ခုအဖြစ် ကျင်းပခဲ့သည်။ ၎င်း၏ ၇၉ နှစ်မြောက်မွေးနေ့တွင် ရီပတ်ဘလီကန်သမ္မတသည် အိမ်ဖြူတော် အထူးကြည့်ရှု့ဆောင်မှနေ၍ အမေရိကန်စစ်တပ်၏ အင်အားပြမှုကို ကြည့်ရှုခဲ့သည်။ တပ်ဖွဲ့ဝင် ၆,၀၀၀ ကျော်နှင့် တင့်ကား ၁၂၈ စီးဖြင့် စီတန်းလှည့်လာခြင်းအခမ်းအနားသည် ၂၀၁၇ ခုနှစ်အတွင်းက ပါရီတွင် ယင်းကဲ့သို့...

မအူပင်မြို့သို့ဆေးခန်းလာပြသည့်ကားကို အိမ်စီးကားကဝင်တို-က်(၂)ဦး‌ေ-သဆုံး

ဧရာဝတီတိုင်း၊ မအူပင်မြို့သို့ဆေးခန်းလာပြသည့်ကားအား အိမ်စီးကားကဝင်တို-က်မိခဲ့မှု ဇွန် ၁၄ ရက်ညဦးပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။ ပန်းတနော်မြို့မှ မအူပင်မြို့သို့ ဆေးခန်းလာပြသည့် KIA အမျိုးအစားကားသည် မိုးအနည်းငယ်ရွာသွန်းနေချိန်၌ မအူပင်မြို့၊ စျေးလမ်းနှင့် မင်းလမ်းထိပ်အရောက် အိမ်စီးကားတစ်စီးက ဝင်တို-က်မိခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် KIA အမျိုးအစားကားပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသား၊ အမျိုးသမီး (၂)ဦးမှာ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား၊ အမျိုးသမီးအချို့တွင်လည်း ထိခို-က်ဒဏ်ရာများရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက မအူပင်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၂၄၄) ဦးရှိ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများပျ-က်စီးသွားခဲ့သည့်ဒေသများတွင်နေထိုင်သော ကျောင်းသား၊ ကျောင်းသူများမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအားပြန်လည်ဖြေဆိုရမည်ဖြစ်၍ ပြန်လည်လေ့ကျင့်သင် ကြားမှုများပြုလုပ်လျက်ရှိသည်။ ထိုသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအားပြန်လည်ဖြေဆိုရမည့် ဒေသများအနက် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ(၂၄၄)ဦးလည်း ပြန်လည်ဖြေဆိုသွားမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ဖြေဆိုရမည့် စာစစ်ဌာနအား တာဝန်ရှိသူများမှ ယနေ့ ဇွန် ၁၅ ရက်နံနက်ပိုင်းက စစ်ဆေးခဲ့ကြသည်။ တာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရမည့် စာသင်ခန်းများပြင်ဆင်ဆောင်ရွက်ထားမှု၊ ကျောင်းတွင်း/ကျောင်းပြင်သန့်ရှင်းရေးဆောင်ရွက်လျက်ရှိမှု၊ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ အကြံပြုဆွေး နွေးမှုများပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071