ဒီနေ့ခေတ်မှာ ရသမဂ္ဂဇင်း ကောင်းတွေ ရှားပါးလာပြီဖြစ်လို့ ဒီရက်ပိုင်းမှာ ဓမဂ္ဂဇင်းဆာဆာနဲ့ ” ရှုမဝရုပ်စုံ မဂ္ဂဇင်းဟောင်းတွေ ပြန်ဖတ်မိပါရဲ့။ဒီမှာ “သူ့” ကဗျာတွေ ပြန်ဖတ်ရတယ်။ ကျွန်တော်ကလည်း သူ့ကို ကြိုက်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူ့ပရိသတ်။ ဒီတော့ ရှုမဝ ဟောင်းမှာပါတဲ့ ” ဖီလာ” ဆိုတဲ့ သူ့ ကဗျာဟောင်းကလေးက စဖတ်ရအောင်
ဖီလာ
အကောင်းဆုံးပန်းချီကားဟာ
လိပ်ပြာတောင်ပံဖြစ်တယ်။
အလှပဆုံး ဝတ်ရုံဟာလေ
မြွေဟောက်တို့ရဲ့ အရေခွံဖြစ်တယ်။
အတောက်ပဆုံးအလင်းဟာ
ကျုပ်ရင်တွင်းက
မေတ္တာဖြစ်သော်လည်း
အစိမ်းဆုံးပစ္စည်းကတော့
မြလည်းမဟုတ်၊
သစ်ရွက်လည်း မဟုတ်
ကျုပ်ချစ်သူရဲ့ နှလုံးသားပါပဲ။
ရှုမဝ-၁၉၇ဝ
စကားရွက်ြေ<ွက
သဘောတရားတဲ့
နှုတ်ခမ်းများက၊
စကားလုံးတွေ
ထွက်ကျနေတာ၊
နွေသစ်ပင်က
ရွက်ကျင်ြေ<ွကသလို
အို .. အတောမသတ်၊
အပြော မပြတ်။
တကယ်တမ်းမလေ
သစ်ရွက်ြေ<ွကစတွေဟာ
လောကအလယ်မှာ
အမှိုက်ရှုပ်ရုံထက်
မျက်စိနောက်စရာကလွဲလို့
ဘာမှလည်း အသုံးမကျပါလား။
နောက်ဆုံးတော့
ခေတ်တံမြက်စည်း
လှည်းပြီးသွားတာ၊ ခံရမှာပဲ။
ကဲ ..ဆရာ ..ခုတော့
လျှာရဟတ်ကြီး ရွှေချပြီး
စီးနိုင်သမျှ စီးပေဦး။ ။
ရှုမဝ-၁၉၇၁
ဆက်သွယ်မှု
ဆောင်းနှောင်းသစ်ပင်မှာ
ရွက်ကျင်နှစ်ရွက်ရှိတယ်။
တစ်ရွက်က မြ၊ တစ်ရွက်က ရွှေ။
ကမ္ဘာမှာက လက်နှစ်ဖက်ရှိတယ်။
တစ်ဖက်က လ
တစ်ဖက်က နေ။
စိမ်းသူထံ ပျံသန်းလာရန်
မောင့်မှာ တောင်ပံနှစ်ဖက်ရှိတယ်။
တစ်ဖက်က အိပ်မက်
တစ်ဖက်က ကဗျာလေ။ ။
ရှုမဝ-၁၉၇၂
ကာလတန်ဖိုး
အချစ်ဆိုသည်မှာ
လျှာဖျားပေါ်က ပျားရည်မြစ်ပင်။
အဝါရောင်ဖြာတိုင်းလည်း
လသာတယ်မထင်။
ရေတိုင်းကိုကျင်
ရွှေတင်ပါ့မလား။
ရင်တိုင်းကိုခွဲလည်း
ကျောက်ခဲများသာ။ ။
ရှုမဝ-၁၉၇၂
တစ်ခုတည်း
ညကောင်းကင်ကလေ
ကြယ်ပွင့်တွေ ငှားချင်တယ်။
မျက်လုံးကုဋေနဲ့
ချစ်တဲ့သူ မျက်နှာလေး
ငေးကြည့်ချင်တယ်။
မိုးမင်းဆီကလေ
တိမ်တိုက်တွေ ငှားချင်တယ်။
ချစ်သူမုန်းပြီဆို
ငိုရအောင် တိမ်တောင်က
မျက်ရည်စ လှောင်ထားမယ်။
ဒါပေမဲ့ကွယ်
ဘယ်သူ့ရင်ထဲကမှ
အသည်းတော့ မငှားချင်
ချစ်တုန်းရွှင်လိုက်
မုန်းခိုက်ငိုလျှင်
ကိုယ့်ရင် ကိုယ့်အသည်းနဲ့
ကိုယ်ပဲဖြစ်ချင်။ ။
ရှုမဝ-၁၉၇၂
၁၉၇ဝ ခုနှစ်နဲ့ ၇၁-၇၂ခုနှစ် တွေ ပြန်ဖတ်တော့ မဂ္ဂဇင်း အဆာပြေရုံတင်မကဘဲ “သမိုင်းပါ အဆာပြေ”တယ်လို့ ပြောရတော့မှာပဲ။ ကျွန်တော် “သူ့” ကဗျာတွေ ကြိုက်တယ်။ သူလည်း သူ့အလျောက် ဒီလို ဖြတ်သန်းခဲ့ပါလားဆိုတာ သိခွင့်ပြန်ရတယ်။ ဒီကဗျာတွေရေးခဲ့သူ “သူ”ဘယ်သူလဲ မေးရင် ဖြေရခက်မယ်ထင်ပါတယ်။ နှစ်ပေါင်းကလည်း ၄ဝကျော်ခဲ့ပြီကိုး။ သူ.. အခြားသူမဟုတ်ပိုပြီး လေးနက်အောင်ဆိုရလျှင်သူကား အခြားသူမဟုတ်၊ သစ္စာနီတည်း ..ဟု။
ကိုငြိမ်း (မန္တလေး)