Sunday, June 7, 2026

ထိုင်ဝမ်အရှေ့ဘက်မှာ တရုတ်နိုင်ငံက အထူးဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တစ်ရပ်...

ထိုင်ဝမ်ကျွန်းရဲ့ အရှေ့ဘက် ရေပြင်မှာ တရုတ်နိုင်ငံက အထူးဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တစ်ခုကို စီစဉ်လုပ်ဆောင်ခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ပြောပါတယ်။ "ဒီလုပ်ဆောင်ချက်ဟာ ဂျပန်နဲ့ ဖိလစ်ပိုင်တို့က ထိုင်ဝမ်ကျွန်းအရှေ့ဘက် ပင်လယ်ရေပိုင်နက်...

အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို ပါရှန်းပင်လယ်ကွေ့ မဟာမိတ်တွေဆီ...

အီရန်ကြောင့် ဖြစ်လာမယ့် ပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးအဖြစ် အမေရိကန်မှာ ရှိနေတဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို ပါရှန်းပင်လယ်ကွေ့က အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေ သုံးစွဲခွင့်ရအောင် လုပ်ပေးဖို့...

ရိုးရာအစဉ်အလာများ မပျောက်ပျက်စေရေး ဒြပ်မဲ့ယဉ်ကျေးမှုပွဲတော်များ ဆောင်ရွက်ရန်လိုဟု...

တိုင်းရင်းသားတို့၏ ရိုးရာအစဉ်အလာများ မပျောက်ပျက်စေရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက် ဒြပ်မဲ့ယဉ်ကျေးမှုပွဲတော်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ပြောကြားသည်။ ဝန်ကြီးချုပ်သည်...

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ မြင့်တက်လာ

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးများစွာရွာသွန်းခဲ့မှုကြောင့် ပဲခူးမြစ်ရေသည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း သိသိသာသာမြင့်တက်လာကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ မိုးဇလ၏ ထုတ်ပြန်ချက်အရ ပဲခူးမြို့ရှိ ပဲခူးမြစ်ရေအမှတ်သည် ၂၄...
HomeCelebrities' Newsရုပ်ရှင်ရိုက်ကူးတော့မယ့် စိုးသူ

ရုပ်ရှင်ရိုက်ကူးတော့မယ့် စိုးသူ

ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးမယ်လို့ ပြောထားတာကြာပေမယ့် မရိုက်ကူးဖြစ်သေးတဲ့ စိုးသူက ၂ဝ၁၈ ခုနှစ်ထဲမှာတော့ ငြင်းလို့ မရတဲ့အတွက် ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးတော့မှာဖြစ်ကြောင်း ပြောပါတယ်။

”ကိုဝိုင်း ဒါရိုက်တာလုပ်ပြီး၊ ထုတ်လုပ်သူကတော့ မသိဘူး။ ဇာတ်ကားတစ်ကားရိုက်ကူးဖို့ စိတ်ပါ ဝင်စားစွာနဲ့ ပြောနေတာရှိတယ်။ အဲဒီဇာတ်ကားရိုက်ကူးဖြစ်မယ်။ ကိုမျိုးမင်းနဲ့လည်း ပြောထားတော့ သူနဲ့လည်းရိုက်ကူးဖြစ်မှာပါ။ နောက် ကိုထွန်းတို့ ထုတ်လုပ်ရေးနဲ့လည်း တစ်ကားရိုက်ကူးမယ်။ အဲဒီ ၃ကား၊ ၄ ကားလောက်တော့ ရိုက်ကူးဖြစ် အောင်ရိုက်မယ်။ အရင်တုန်းကလည်း ရိုက်ကူးမယ်ရိုက်ကူးမယ်နဲ့ ပတ်ပြေးနေတာ။ တမင်ပြေးတာတော့ မဟုတ်ပါဘူး။ စာသွားသင်တာနဲ့ အချိန်မရလို့ပါ။ ဒီနှစ်ထဲတော့ အနည်းဆုံး ၁ကား၊ ၂ ကား၊ ဒါမှမဟုတ် ၃ကားစလုံး ရိုက်ကူးဖြစ်ချင်လည်း ရိုက်ကူးဖြစ်မယ်။ အများကြီးတော့ မဟုတ်ပါဘူး”လို့ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးဖြစ်တော့မယ့် အကြောင်း စိုးသူက ပြောပါတယ်။ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်ကားလည်းဖြစ်သလို ပရိသတ်အတွက် အကျိုးရှိစေမယ့် ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ကူးသွားမှာ ဖြစ်ကြောင်း စိုးသူက ပြောပါတယ်။

သီချင်းတွေနဲ့ ပတ်သက်ပြီးလည်း အဆက်ဖြတ်ထားတဲ့ စိုးသူက သင်္ကြန်ဆိုရင် တစ်နှစ်ခြားတစ်ခါသီဆိုဖျော်ဖြေမှာဖြစ်ကြောင်း ကိုတော့ စိုးသူက…

”တီးဝိုင်းက ညီအစ်ကိုတွေ၊ အထူးသဖြင့် Majester က ညီအစ်ကိုတွေ၊ လူငယ်ခြေတက်ညီအစ်ကိုတွေပါ ပါလာတော့ လူကပိုစုံလာပြီး အစ်ကိုကမလုပ်ဖြစ်တာ။ သင်္ကြန်မှာဆိုရင်လည်းလာငှားရင် ကိုယ်ကလက် မခံဘူး။ ဟိုတစ်နှစ်က တရားစခန်းဝင်တယ်။ သင်္ကြန်တွေဆိုရင်တော့ တစ်နှစ်ခြားလောက် လက်ခံပြီးဆိုတာပေါ့။ မနှစ်က ဥပုသ်စောင့်တယ်။ ဒီနှစ်တော့သီချင်းဆိုဖြစ်မယ်။ တီးဝိုင်းနဲ့ ကလည်း ကိုယ်ပိုင်သံစဉ်အခွေထုတ် ပြီး MTV ဆက်မရိုက်ကူး ဖြစ်ဘူးဖြစ်နေတယ်။ အမြင်ဆန်းတာဆိုရိုက်ကူးမယ်။ သမားရိုးကျဆိုရင် ကိုယ်လည်းရိုက်ကူးခဲ့ဖူးတော့မရိုက်ကူး ချင်တော့ဘူး။ ဒီခေတ်လည်း အလွန်ကောင်းအောင် ရိုက်ကူးနေကြပြီ။ ကောင်းကောင်းလေးနဲ့ ထူးခြားတယ် ဆိုရင်တော့ရိုက် ကူးဖြစ်မှာပါ”လို့ ဆိုပါ တယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ – အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071