စူစူ ဆိုပြီး ပရိသတ်တွေရဲ့အချစ်ကို ရရှိထားတဲ့ သရုပ်ဆောင်အိချောပိုကတော့ မကြာခင်မှာ သူ့ရဲ့ ‘ကြွေ’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသတော့မှာဖြစ်တဲ့အတွက် ရင်ခုန်နေပုံ ကို …
” ‘ကြွေ’ရုပ်ရှင်ဇာတ်ကားကတော့ မှတ်မှတ် ရရပါပဲ။ လွန်ခဲ့တဲ့ ၂ နှစ်ကစတင်ရိုက်ကူးတယ်။ ဒီလိုအချိန် မှာပဲ ရိုက်ကူးဖြစ်တယ်။ မိုးတွင်းကြီးဆိုတော့ တစ်နေ့လုံးမှာမှ တစ်ခန်းမပြီးတာတွေလည်း ရှိတယ်။ ဒါပေမဲ့လည်း အိ ချောတို့ သေသေချာချာအချိန်ပေးပြီးတော့ ရိုက်ကူးခဲ့တယ်။ ပြီးတော့မိုးတွင်းတစ်တွင်းလုံးကို နားပြီးမှ ပြန်ပြီးရိုက်ကူး ရတာမျိုး တွေလည်း ရှိတယ်။ တကယ့်ကို အမှတ်တရပါပဲ။ ပြီးတော့ ဒီကားလေးကစတင်ရိုက်ကူးကတည်းကလည်း ပရိသတ်တွေ စိတ်ဝင်စားတယ်။ အခုလည်း ရုံတင်ပြသတော့ မယ်ဆိုတော့ အိချောကိုယ်တိုင်လည်း ဒီဇာတ်ကားကို ရိုက် ကတည်းကအားရတယ်။ အခုဒီလိုပိတ်ကားထက်မှာ ပြန်ပြီး ကြည့်ရှုရမယ်ဆိုတော့ရင်ခုန်နေတယ်”လို့ အိချောပိုက ပြော ပါတယ်။
အဆိုတော်လွှမ်းပိုင်ကလည်း ‘ကြွေ’ဆိုတဲ့ သီချင်း လေးကို အိချောအတွက် ရည်ရွယ်ပြီးသီဆိုထားတယ် လို့ ဆိုရှယ်မီဒီယာမှာ ပရိသတ်တွေ က ပြောနေပုံနဲ့ ပတ်သက်ပြီး အိချောပိုက ‘ဒီဇာတ်ကားထဲမှာ ကိုလွှမ်းပိုင် နဲ့ သရုပ်ဆောင် ရတဲ့အချိန်မှာလည်း အမှတ်တရတွေ အများကြီးရှိတယ်။ ဒီဇာတ်ကားကို တော်တော်လေးကို သူရိုက်ကူးချင်နေတာ။ နဂိုကတည်းက ရိုက်ချင်နေတဲ့အတွက် သူ့ဘာသာ သူကြို ပြီးတော့ လေ့ကျင့်ထားပြီးသားထင်ပါတယ်။ အဲဒီ အတွက် အိချောအနေနဲ့ အခက်အခဲတော့ အများကြီးမရှိ ခဲ့ဘူး။ ပြီး တော့ ဒီ’ကြွေ’ ဇာတ်ကားကို အကုန်လုံးရိုက်ကူး ပြီးခါနီးမှာ ကိုလွှမ်းပိုင်ကသီချင်းလေး အကြမ်းရေးထား တာပြတယ်။ သဘောကျတယ်။ နားထဲစွဲတယ်။ ကိုလွှမ်းပိုင်သူရေးထားတာ လည်းတော်တယ်”လို့ ပြောပါတယ်။
လတ်တလောမှာတော့ သရုပ်ဆောင် အိချောပိုက ရုပ် ရှင်ဇာတ်ကားကြီးတွေမှာပါဝင်ရိုက်ကူးဖို့အတွက် လိုအပ် တာတွေ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
သဲစုလှိုင်
ဓာတ်ပုံ-ဇော်ဝင်းအောင်