Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeArticlesၾကြက္သိုး

ၾကြက္သိုး

(၁)
သိုးကြီး ဖော်လန်ဟာ တီထွင် ပါရဂူဘွဲ့ပေးသင့်တဲ့ ကြွက်တစ် ကောင်ဖြစ်ပါတယ်။

ဒီကြွက်သိုးက ဘာသာစကားရဲ့ အရေးပါပုံကို ကဗျာဆရာတွေထက် တောင် ပိုသဘောပေါက်ပြီး၊ အသံရဲ့ ထိရောက်မှုကိုလည်း ဂီတဆရာထက် ပိုပြီးသဘောပေါက်သူသာ။ ဒါ့အပြင် ရှိပြီးအသံတွေအပြင် အသံသစ်ရှာရာ မှာလည်း ဒီကြွက်သိုးက နိုးတူးထဲက ပေါ့။

သူက ကြွက်စစ်စစ်ဖြစ်ပေမယ့် ကြောင်တစ်ကောင်လို ‘ညောင်- ညောင်’လို့လည်း အော်တတ်သေး တယ်။ ကြောင်သံဟာ သူ့ရဲ့ ‘ဒုတိယ ဘာသာစကားပေါ့။ သူက သူ့ရဲ့ ဒီ ဒုတိယဘာသာစကားကို ‘ကြွက်ပြေး ဂါထာ’အဖြစ် အသုံးပြုလေ့ရှိပါတယ်။ ဒီအသံထုတ်တတ်မှုကြောင့် သူ့ကို ကြွက်တွေအားလုံးက ကြောင်လို့ ထင်ကြပါတယ်။ သူကလည်း ဒီ ညောင်တစ်လုံးတည်းနဲ့ ကြွက်လော ကမှာ သြဇာထူထောင်လာလိုက်တာ။ ဒီသြဇာကြောင့် သူ့ခန္ဓာကိုယ်ဟာ ဝဖီးထွားကျိုင်းလာလိုက်တာ ဧရာမ အကောင်ကြီးကိုဖြစ်လို့ ဒီလိုဖြစ်ရ တာကလည်း တခြားကြွက်တွေက သူနဲ့ပြိုင်ပြီး အတူမစားရဲကြဘူး။ သူ ဝမှ၊ ပြဲမှ၊ ကျန်ကြွက်တွေ ‘အုပ်’ကြရ တာ။ သူက ‘ညောင်’လို့ အသံပေး လိုက်ရင် ဘယ်ကြွက်မှ ခေါင်းမပြူရဲ ကြတော့ဘူး။ သူ့မျက်ကွယ်မှာ လုပ် နေရတာချည်း။ သူက ကြွက်ပေမယ့် ညောင်လို့ အော်နေမှတော့ ဘယ် ကောင်ကမှ ကြွက် မထင်ရဲဘူးပေါ့။ ပြီးတော့ ကြွက်လောကက သူ့ကို အသံပဲကြားဖူးကြတာ။ သူကကြွက် လောကရဲ့ ‘ဂမ္ဘီရကြောင်’။ ကြွက် တွေက မယုံသင်္ကာဖြစ်လို့ သူ့ကို စူး စမ်းကြရအောင်ကလည်း သူက ညောင်ချည်းလုပ်နေတော့ မခက်ဘူး လား။

ကြွက်ကလေးခမျာမှာတော့ ကြွက်သိုးကြီးဖော်လန်ရဲ့ ညောင်သံ တိတ်မှ အစာရှာထွက်ကြရတယ်။

(၂)

”ညောင် …”

ချောင်းရင်းမြောင်းရင်း ကြောင် အစစ်ရဲ့ ‘အော်ရဂျင်နယ်ညောင်သံ’ ကြောင့် ကြွက်သိုး ဖော်လန် ထခုန် လိုက်တယ်။

အဲဒီလို ထခုန်ပြီး ဝုန်းခနဲပြန် ကျလာတော့ ကြွက်သိုးဖော်လန် ခါး နည်းနည်းနာသွားပါတယ်။ ကြွက်က ညောင်လို့သာ အော်တတ်ပြီး အကျ မှာ ကြောင်ကျမကျဘဲ ခွေးကျကျတာ ဆိုတော့ အီတာပေါ့လေ။ တွေ့ပြီ။ ကြောင်အတုနဲ့ ကြောင်စစ်စစ်ကြီး။

ပထမတော့ ကြွက်သိုးဖော်လန် လန့်သွားတယ်။ ဒါပေမဲ့ ထွက်ပြေးဖို့ တော့ သူစိတ်မကူးပါ။ သူက ဘာသာ စကား နှစ်မျိုးတတ်တဲ့ ဂုဏ်သိက္ခာ ကို စောင့်ထိန်းရဦးမယ် မဟုတ်လား၊ ဒီနေရာမှာ ဘာသာစကား နှစ်မျိုး တတ်တယ်ဆိုတာ အမှန်က မဟုတ် ဘူး။ သူ့မှာ လျှို့ဝှက်ထားတဲ့ တတိယ ဘာသာစကားလည်း တတ်ထားသေး တာ။

ကမ္ဘာဦးကတည်းက ကြွက်နဲ့ ကြောင်တွေ့ရင် ဘယ်ကြွက်မှ မစဉ်း စားဘူး။ ပြေးတာ။ အဲဒီကြောင်တွေ ကလည်း မစဉ်းစားဘူး။ ကြွက်တွေ့ ရင် လိုက်တာပဲ။ ဒီအချက်ကို အခု တွေ့နေကြတဲ့ နှစ်ကောင်စလုံး သဘောပေါက်ပြီးသား။ ဒါတွေက ကြွက်နဲ့ကြောင်နှစ်ကောင်စလုံး လိုက် နာကြတဲ့ ကမ္ဘာဦးစည်းကမ်းပေါ့။

ဒါပေမဲ့ အခုကြောင်အစစ်နဲ့ တွေ့နေတဲ့ ကြွက်က သာလာယံဇရပ် ထဲက သာမန်ကာလျှံကာ ကြွက်မ ဟုတ်ဘူး။ ဘာသာစကားသုံးမျိုးကို အဖုမရှိအောင် ဖွတ်ဖွတ်ကြေတတ် ကျွမ်းပြေပြစ်သူ။

သူတို့ နှစ်ကောင်စ တွေ့တွေ့ ချင်းတော့ ကမ္ဘာဦး ကြောင်နဲ့ကြွက် လို ကြွက်ကပြေး ကြောင်ကလိုက်ပဲ။ အဲသလို ပြေးနေရင်းကပဲ ကြွက်က မထင်မှတ်တာတစ်ခုလုပ်လိုက်တယ်။ အဲဒီကတော့ ပြေးနေရင်းက တုန့်ခနဲ ရပ်လိုက်ပြီး၊ ကြောင်ကို သူ့မျက်လုံး တွေနဲ့ စူးစူးစိုက်စိုက်ကြီး ပြန်ကြည့် ပစ်လိုက်တာပါပဲ။ ခပ်ခိုင်ခိုင်ရပ်ပြီး၊ တစ်စက်မှ မကြောက်တဲ့ မျက်လုံးရဲရဲ တွေနဲ့ စားမလိုဝါးမလို ကြည့်ပစ်လိုက် တယ်။

ဒီမှာ ပြဿနာက ကြောင်ပဲ။ သူ့ခမျာ ကြောင်ရယ်လို့ ဖြစ်လာက တည်းက ကြွက်တစ်ကောင်ရဲ့ အခုလို အာခံမှုကို တွေ့မှ မတွေ့ဖူးရှာဘဲကိုး။ အားငယ်တာပေါ့။ အင်း …ကြွက် နဲ့တွေ့လို့ ကြောင်အားငယ်တယ်ဆို တာ တော်တော်ဆန်းတာပဲလေ။ အဲဒီပွဲကို ပွဲကြည့် ပရိသတ်အတော် များတယ်။ ပွဲကြည့်သူတွေကတော့ အခြားကြွက်ငယ်တွေပါပဲ။ သူတို့က လည်း ကြောင်ကို ရင်ဆိုင်နေတာ ကြောင်အစစ်မဟုတ်ဘဲ ကြွက်ဖြစ်နေ တာ အံ့သြလို့ မဆုံးကြဘူး။ ကြွက်ဖြစ် ပြီး ညောင်လို့ အော်တတ်တာလည်း သူတို့က ဂုဏ်ယူကြတယ်။ ဒီကြွက် ဟာ ရိုးရိုးကြွက်တော့ မဖြစ်နိုင်ဘူး။ ဧကန္တ သမန်းကြွက်ဖြစ်ရမယ်ပေါ့။

အဲ့ဒီ ကြွက်ပရိသတ်အများရှေ့ မှာပဲ ကြော်နဲ့ ကြွက်ဟာ လိပ်ခဲတည်း လည်းဖြစ်နေကြတုန်း။ အဲဒီအချိန်မှာ ပဲ ကြွက်သိုးဖော်လန်ဟာ သူ့ရဲ့ ဝှက် ဖဲဖြစ်တဲ့ တတိယဘာသာစကား ‘ခွေး သံ’ကို ထုတ်သုံးပစ်လိုက်တယ်။

”ဘောင်း ဝေါင်း …”

ကြောင် ရုတ်တရက်ပေါ်လာတဲ့ ခွေးသံကြောင့် အလန့်ကြီးလန့်နောက် ကျွမ်းခုတ်ပြီး လစ်ချသွားလိုက်တာ များ မြန်မှမြန်။

”ရွှီ …ဖြောင်း …ဖြောင်း …ဖြောင်း …”

ကြွက်ပရိသတ်ရဲ့ အားပေးသံ၊ ချီးကျူးသံတွေက၊ မိုးထိအောင် တက် သွားတယ်။ ဒီအခါ ကြွက်သိုးဖော် လန်ကလည်း သူ့အာသာဆန္ဒကို အ ခုလို ဟစ်ကြွေးလိုက်တယ် …။

”ကြောင်သားညှပ် ဟန်ဘာဂါ တွယ်ချင်တယ်ဟေ့ …”

စောဘရန်ငြိမ်း

Ads Space Available


Continue reading

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့ မေ ၅ ရက်က မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြဝတီမြို့ဝန်းကျင်ရှိဆိုဒ်များအတွင်းသို့ တ ရားမဝင်ဝင်ရောက်နေခဲ့သည့် ဘူရွန်ဒီနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃)ဦးနှင့် ယူဂန်ဒါနိုင်ငံသား(၁)ဦးတို့ကိုဘည်း ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတမှာကြား

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကိုဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားမှုများကျင်းရန်မှာကြားသည်။ " မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်တဲ့...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့အင်အားနဲ့ တည် ဆောက်ရပါတယ်။ လူငယ်တိုင်းဟာ နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်ပေမယ့် လူငယ်အားလုံးဟာ နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေဘဲဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071