Thursday, May 15, 2025

ငလျင်ကြောင့် ပျ-က်စီးခဲ့သည့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများကို...

မန္တလေးငလျင်ကြီးကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများ ပျ-က်စီးခဲ့သည့်အတွက် ဦးစားပေး အဆင့်အလိုက် အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သိရသည်။ မန္တလေးငလျင်ကြီးကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများ...

ငလျင်ဒဏ်သင့် အင်းလေးဒေသမှအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများကို...

မန္တလေးငလျင်ကြီးဒဏ်သင့် ရှမ်းပြည်နယ်၊ အင်းလေးဒေသရှိ အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မေ ၁၃ ရက်နှင့် ၁၄ ရက်တို့ကပေးဝေခဲ့ကြောင်း သိရသည်။ ညောင်ရွှေမြို့နယ်၊...

IBEC ကျောင်းတိုက်၌ ငလျင်ဒဏ်ကြောင့်ထိခို-က်ခဲ့ရသူများအတွက် စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးခြင်းအပါအဝင်...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)တွင် ဖွင့်လှစ်ထားသော IBEC ကူညီကယ်ဆယ်ရေးစင်တာ၌ ငလျင်ကြောင့်ထိခို-က်မှုများအတွက် ငလျင်ဒဏ်ကြောင့်ထိခို-က်ခဲ့ရသူများအတွက် စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးခြင်းအပါအဝင် ကူညီမှုများပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ငလျင်ဒဏ်ကြောင့်ထိခို-က်ဒဏ်ရာရပြီး သွားလာလှုပ်ရှားရန် ခက်ခဲသူများ/မသန်စွမ်းဖြစ်သူများ၊...

စက်မှုဇုန်များကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေ

ရန်ကုန်နှင့် မန္တလေးတို့ရှိ စက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီများနှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်နေသည်ဟု လျှပ်စ်စွမ်းအားဝန်ကြီးဌာနက ပြောသည်။ ထိုသို့ ဖြန့်ဖြူးပေးနိုင်ရန် ကာလတိုအနေဖြင့်...
HomeInternational၈၈နှစ်အရွယ် ပြင်သစ်အမျိုးသားတစ်ဦး စအိုဝတွင်...

၈၈နှစ်အရွယ် ပြင်သစ်အမျိုးသားတစ်ဦး စအိုဝတွင် ပထမကမ္ဘာစစ်သုံး အမြောက်ကျည်ဆန် ဖြင့် ရောက်လာရာ ဆေးရုံတစ်ခုလုံး ဘေးလွှတ်ရာသို ရွှေ့ပြောင်းခဲ့ရ

အမည်မဖော်လိုသူ အသက် ၈၈ နှစ်အရွယ် ပြင်သစ်အမျိုးသားတစ်ဦးသည် ပြင်သစ်တောင်ပိုင်း တူလွန်မြို့ရှိ စန့်မူ့စ်ဆေးရုံသို့ ဒီဇင်ဘာလ ၁၇ ရက် စနေနေ့ ညနေခင်းပိုင်းတွင် ရောက်ရှိလာပြီး သူ၏ စအိုဝတွင် စိုက်ဝင်နေသော ပထမကမ္ဘာစစ်သုံး အမြောက်ကျည်ဆန်အား ဖယ်ရှားပေးရန် တောင်းဆိုခဲ့သည်။

ထိုလူရောက်ရှိလာပြီးနောက် ဆေးရုံရှိ တာဝန်ရှိသူများသည် အဆိုပါ အမြောက်ကျည်ဆန်က အချိန်မရွေး ထပေါက်ကွဲမည်ကို စိုးရိမ်ကြောက်လန့်ခဲ့ကြသည်ဟု ပြင်သစ်သတင်းအဖွဲ့အစည်း ဗာမာတန်က ဖော်ပြထားသည်။

ထို့နောက် ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူများက ရောက်ရှိလာပြီး လူခန္ဓာကိုယ်အတွင်း အဆိုပါကျည်ဆံ ပေါက်ကွဲနိုင်ခြေမှာ အနည်းငယ်သာရှိကြောင်းနှင့် ဆရာဝန်များအား မစိုးရိမ်ဘဲ ခွဲစိတ်ဖယ်ရှားရန် ပြောကြားခဲ့သည်။

အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပြီးနောက် လေ့လာကြည့်ရာ အဆိုပါ အမြောက်ကျည်ဆန်မှာ ပထမကမ္ဘာစစ်အတွင်းက စုဆောင်းထားသည့် ပစ္စည်းတစ်ခုဖြစ်ပြီး ၁၉၀၀ ပြည့်နှစ် အစောပိုင်းကာလများတွင် ပြင်သစ်စစ်တပ်က အသုံးပြုလေ့ရှိခဲ့သော ကျည်ဆန်ဖြစ်ကြောင်း သိရသည်။

“အဲဒီ အရေးပေါ် အခြေအနေဟာ စနေနေ့ ည ၉ နာရီ ကနေ ၁၁ နာရီခွဲအထိ ကြာမြင့်ခဲ့ပြီး ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူများရဲ့ အကူအညီတွေကိုပါ ယူခဲ့ရပါတယ်၊ အရေးပေါ်လူကြီးနှင့် ကလေး လူနာတွေကို ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရရုံသာမက အသစ်ဝင်လာသော အရေးပေါ်လူနာတွေကိုပါ လွှဲပြောင်းပေးခဲ့ရပါတယ်” ဟု ဆေးရုံ၏ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

အဆိုပါ အမျိုးသားသည် အသာဖြေရန်အတွက် ထည့်သွင်းခဲ့ရာမှ ထိုကဲသို့ အရေးပေါ်အခြေအနေ ဖြစ်သွားခဲ့ခြင်းပြီး ကျည်ဆန်မှာ ၈ လက်မ ရှည်လျားပြီး ၂ လက်မ အကျယ်ရှိကြောင်း သိရသည်။

Source: Daily Mail

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ကြောင့် ပျ-က်စီးခဲ့သည့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများကို ဦးစားပေး အဆင့်အလိုက် အမြန်ဆုံးဆောင်ရွက်မည်

မန္တလေးငလျင်ကြီးကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများ ပျ-က်စီးခဲ့သည့်အတွက် ဦးစားပေး အဆင့်အလိုက် အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သိရသည်။ မန္တလေးငလျင်ကြီးကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများ (၆၀) ရာခိုင်နှုန်း ပျ-က်စီးခဲ့သည့်အတွက် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်သည်။ အင်းဝမြို့ဟောင်းတွင် ရှေးဟောင်းအဆောက်အဦးပေါင်း (၉၆၁)ခုရှိသည့်အနက် ငလျင်ကြောင့် (၆၀၀) ဝန်းကျင်ခန့်ပျ-က်စီးသွားခဲ့ခြင်းဖြစ်ပြီး ငလျင်မလှုပ်မီ ပြုပြင်ထိန်းသိမ်းနေသည့် ရှေးဟောင်းအဆောက်အဦးများလည်း ပြိုကျပျ-က်စီးသွားခဲ့ကြောင်း သိရသည်။ ယခုအခါ မူလအလှူရှင်များကို ကနဦးဆက်သွယ်ထားပြီး ၎င်းတို့မလှူနိုင်ပါက နောက်အလှူရှင်ကို ဆက်သွယ်မည်ဖြစ်ကာ ယင်းအပြင်နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ပြုပြင်ထိန်းသိမ်းနိုင်ရန် တင်ပြထားကြောင်းလည်း...

ငလျင်ဒဏ်သင့် အင်းလေးဒေသမှအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများကို ကြက်ခြေနီအသင်းကပေးဝေ

မန္တလေးငလျင်ကြီးဒဏ်သင့် ရှမ်းပြည်နယ်၊ အင်းလေးဒေသရှိ အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မေ ၁၃ ရက်နှင့် ၁၄ ရက်တို့ကပေးဝေခဲ့ကြောင်း သိရသည်။ ညောင်ရွှေမြို့နယ်၊ အင်းလေးကျေးဒေသရှိ နန်းသဲအုပ်စု၊ အိုင်ထောင့်ကြီး၊ ရှေ့၀ကြီး၊ မြောင်း၀ကြီး၊ ကြေးစားကုန်းမြောက်၊ ကြေးစားအောက်၊ ကြေးစားတောင်၊ ရေသာရွာ၊ မင်းချောင်းလယ်၊ မင်းချောင်းရှေ့၊ ပွဲစားကုန်းရွာ၊ နွားဓမတောင်၊ ခေါင်တိုင်၊ အင်းပြင်ကျေးရွာ၊ လွယ်အံကျေးရွာအုပ်စု၊ အရှေ့ကျောက်တန်း၊ နန်းပန်ရွာ၊ ကလောမြို့ရှိ ရပ်ကွက် (၁၁)ရပ်ကွက်နှင့် အောင်ပန်းမြို့ရှိ ရေချိုကျေးရွာ၊ ရပ်ကွက် ၃၊ ရပ်ကွက်...

IBEC ကျောင်းတိုက်၌ ငလျင်ဒဏ်ကြောင့်ထိခို-က်ခဲ့ရသူများအတွက် စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးခြင်းအပါအဝင် ကူညီမှုများပြုလုပ်ပေးသွားမည်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)တွင် ဖွင့်လှစ်ထားသော IBEC ကူညီကယ်ဆယ်ရေးစင်တာ၌ ငလျင်ကြောင့်ထိခို-က်မှုများအတွက် ငလျင်ဒဏ်ကြောင့်ထိခို-က်ခဲ့ရသူများအတွက် စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးခြင်းအပါအဝင် ကူညီမှုများပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ငလျင်ဒဏ်ကြောင့်ထိခို-က်ဒဏ်ရာရပြီး သွားလာလှုပ်ရှားရန် ခက်ခဲသူများ/မသန်စွမ်းဖြစ်သူများ၊ ပြန်လည်သန်စွမ်းရေး လိုအပ်သောသူများ၊ အားပြုကိရိယာများပျေ-ာက်ဆုံးပျ-က်စီး၍ သွားလာလှုပ်ရှားရန်အခက်အခဲရှိသူများ၊ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးမှုလိုအပ်သူများ၊ စိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ်အပျ-က်ကြောင့် စိတ်သောကရောက်နေသူများအတွက် IBEC ဆရာတော်မှဆောင်ရွက်ပေးရန် စီစဥ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အစီအစဥ်တွင် ရုပ်ပိုင်းဆိုင်ရာပြန်လည်သန်စွမ်းရေး၊ အကြောအဆစ်ဆိုင်ရာလေ့ကျင့်ခန်းများ၊ အားပြုကိရိယာများထောက်ပံ့ခြင်း(လှုပ်ရှားသွားလာမှု အထောက်အကူပြုပစ္စည်း၊ ချိုင်းထောက်၊လမ်းလျှောက်တုတ်)၊ အားပြုကိရိယာ အသုံးပြုနည်းပြသခြင်း၊ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေး နွေးခြင်းများကိုပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် လာရောက်ကုသမှုခံယူလိုသော ရဟန်း၊ ရှင်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071